လူ႕စိတ္ဆိုတာ…ဒါပါပဲေလ…လူျမင္ေကာင္းေအာင္…လူၾကားေကာင္းေအာင္…အေပၚယံလုပ္ေဆာင္ခ်က္ေတြ…ဘယ္လိုပဲရွိရွိ…တကယ့္အေရးရယ္လို႕…ၾကံဳလာခဲ႔ရင္…
တခါတုန္းက…………”ကိုရိုး”ဆိုတဲ႔ရဟန္းလူထြက္ႀကီးဟာအိမ္ေထာင္က်ျပီး…
မိရိုးဖလာေတာင္ယာ အလုပ္ကို…လုပ္ကိုင္စားေသာက္ပါတယ္ ။
သူဟာ…လယ္ထြန္။ ေပါင္းသင္ ။ယာခုတ္…စတဲ႔လုပ္ငန္းေတြ…လုပ္ေနတဲ႔အခ်ိန္မွာ……
‘ပိုးမႊားေကာင္ေလးေတြကိုထိခိုက္မိရင္’
“အ ကုသိုလ္ျဖစ္တန္ေကာင္းရဲ႔႕”လို႕ယူဆမိတာေျကာင့္…
အလုပ္မလုပ္ခင္မွာ…”ငါ…ဒီလယ္ယာကို…ခုတ္ထြင္ရွင္းလင္းေတာ့မွာ ျဖစ္လို႕ဒီထဲမွာရွိတဲ႔ပိုးမႊားမ်ား…ေဝးရာသို႕သြားၾကပါ။
လြတ္ရာသို႕…ေရွာင္ၾကပါ။”…ရယ္လို႕…………
ေဘးနားက…လူအမ်ား…ၾကားေလာက္ေအာင္…သံုးႀကိမ္ သံုးခါ…ေအာ္ေလ့ရွိပါတယ္ ။
သူဟာ…”အကုသိုလ္ျဖစ္မွာေၾကာက္စိတ္ ရွိျပီး”…
မိမိမွာ…”ထိုစိတ္ရွိေၾကာင္းကိုလည္း”…
လူအေပါင္းကို…သိေစခ်င္တယ္…ထင္ပါရဲ႕ေလ…။
ဒီလိုနဲ႔…တေန႔မွာေတာ့…အမိွဳက္ပံုကို…မီးရွိဳ႕ရမဲ႔အခ်ိန္ေရာက္လာပါေတာ့တယ္ ။
သူ႕ထံုးစံအတိုင္း…ေအာ္ျပန္ပါတယ္…
“ငါဟာ…အခုဒီအမိွဳက္ပံုကို…မီးရွိဳ႕ေတာ့မွာျဖစ္တာမို႕…
အမိွဳက္ပံုထဲမွာရွိတဲ႔…ပိုးေကာင္ မႊားေကာင္မ်ား…
ေရွာင္ၾကပါ…ရွားၾကပါ။လြတ္ရာအေဝးသို႕…ေျပးၾကပါေလ”
လို႕…ေအာ္ျပီး…မီးစတင္ရွိဳ႕ပါေတာ့တယ္…။
အဲဒီမွာ…မီးပံုၾကားက…တေရြ႕ေရြ႕တိုးထြက္လာတာက…
“ေျမြေပြးႀကီးတေကာင္”……
“ဟိုက္”…”ဒုကၡ”…”အက်ိဳးနည္း”…အမေလး…မျဖစ္ေခ်ဘူး…မျဖစ္ေခ်ဘူး…………
ကိုရိုးဟာ…မ်က္ကလဲဆန္ျပာ ရြံ႕ထိတ္စြာနဲ႕…
ဟိုလွည္ွ႕ ဒီလွည္ွ႔…လ်င္ျမန္စြာနဲ႕ဝန္းက်င္ကိုၾကည့္…
“ဘယ္သူတဦးမွ…မျမင္ဘူး”ဆိုတာလည္း…ေသခ်ာေရာ…
ဘာေျပာေကာင္းမလည္း လက္ထဲက တုတ္ရွည္ျကီးနဲ႕…
“ဟဲ႔…ဟဲ႔အေကာင္…နင္မပါဘူးေလ…နင္မပါဘူး…ျပန္ဝင္စမ္း…ျပန္ဝင္စမ္း ဟဲ႔ “ဆိုျပီး…
မီးပံုႀကီးထဲ…ေသေသခ်ာခ်ာ…အားပါးတရ…ထိုးထည့္လိုက္ပါေရာတဲ႕…… မွတ္ကေရာ
လူ႕စိတ္ဆိုတာ…ဒါပါပဲေလ…
လူျမင္ေကာင္းေအာင္…လူၾကားေကာင္းေအာင္…
အေပၚယံလုပ္ေဆာင္ခ်က္ေတြ…ဘယ္လိုပဲရွိရွိ…
တကယ့္အေရးရယ္လို႕…ၾကံဳလာခဲ႔ရင္…
“အကုသိုလ္တရားပါလား”ရယ္လို႕…
“ဆင္ျခင္စိတ္ေတာင္…ဘယ္ေခ်ာင္ေရာက္မွန္း”မသိစတမ္းပါ။
ငါ။သူတပါး။ေယာက်ၤား။မိန္းမ ။ႀကီး ။ငယ္ ။မဟူ…ေရွာင္ႏိုင္သူမွာ…ရွားေပစြ တကား…။
အဲသည္လို…ပုထုဇဥ္တို႕ရဲ႕…အတြင္းစိတ္အဇၨ်တၱအမွန္ေလးေတြကို…မီးေမာင္းထိုးျပထားတဲ႕…
ပံုတိုပတ္စ သာဓကေလးေတြဟာ…
အရမ္းကိုတန္ဖိုးရွိ…ရသေျမာက္စြာ…ေကာင္းလြန္းလွသလို
လက္ေတြ႔က်က် ေန႕စဥ္ဘဝ…ေတြမွာလည္း………
ဗုဒၶံပူေဇမိ…ဓမၼံပူေဇမိ…သံဃံပူေဇမိ…………အစခ်ီ တဲ႔
ေဘးအိမ္က အဖြားညြန္႕ရဲ႕…ေန႕စဥ္မပ်က္ဘုရားရွိခိုးသံ
မနက္ေစာေစာ…က်က္သေရမဂၤလာျပည့္ဝစြာနဲ႕…
ၾကည္ညိဳသဒၶါစိတ္ …ျဖစ္မိေနတုန္း………
“ပါဏာတိပါတာ”…’ဖတ္’…”ေဝရမဏိသိကၡာပဒံ”…ဖတ္
ဖတ္……ဟင္ ေပါလိုက္တဲ႔ျခင္ေတြေတာ္……ဖတ္…
သမာဒိယာမိ…’ဖတ္’…ဟဲ႔ ဝါဝါေမာ္…ဝါဝါေမာ္ေရ……
ျခင္ရိုက္တံယူခဲ႔စမ္းဟယ္…လြန္အားႀကီးတယ္……
အာရံုကိုမရဘူး………လာ လာ…ငါ့ေဘးနားထိုင္…
ယပ္စမ္းဟဲ႔…တကတည္းမွပဲ…ေဂၚဇီလာေတာင္မတိုးဘူး
(ဗ်စ္…ဗ်စ္…ဗ်စ္…ျခင္ရိုက္ဘက္တံကို ျခင္တိုးသံမ်ား)
ေအး ဟုတ္ျပီ…နာနာယမ္း…နာနာယမ္း စမ္း…
အကုန္ေသကုန္မွ…ေအးမယ္…ဟြန္း…
အာမဘေႏၲပါ…အရွင္ဘုရား……………တဲ႔…………
ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #
တခါတုန်းက…………”ကိုရိုး”ဆိုတဲ့ရဟန်းလူထွက်ကြီးဟာအိမ်ထောင်ကျပြီး…
မိရိုးဖလာတောင်ယာ အလုပ်ကို…လုပ်ကိုင်စားသောက်ပါတယ် ။
သူဟာ…လယ်ထွန်။ ပေါင်းသင် ။ယာခုတ်…စတဲ့လုပ်ငန်းတွေ…လုပ်နေတဲ့အချိန်မှာ……
‘ပိုးမွှားကောင်လေးတွေကိုထိခိုက်မိရင်’
“အ ကုသိုလ်ဖြစ်တန်ကောင်းရဲ့”လို့ယူဆမိတာကြောင့်…
အလုပ်မလုပ်ခင်မှာ…”ငါ…ဒီလယ်ယာကို…ခုတ်ထွင်ရှင်းလင်းတော့မှာ ဖြစ်လို့ဒီထဲမှာရှိတဲ့ပိုးမွှားများ…ဝေးရာသို့သွားကြပါ။
လွတ်ရာသို့…ရှောင်ကြပါ။”…ရယ်လို့…………
ဘေးနားက…လူအများ…ကြားလောက်အောင်…သုံးကြိမ် သုံးခါ…အော်လေ့ရှိပါတယ် ။
သူဟာ…”အကုသိုလ်ဖြစ်မှာကြောက်စိတ် ရှိပြီး”…
မိမိမှာ…”ထိုစိတ်ရှိကြောင်းကိုလည်း”…
လူအပေါင်းကို…သိစေချင်တယ်…ထင်ပါရဲ့လေ…။
ဒီလိုနဲ့…တနေ့မှာတော့…အမှိုက်ပုံကို…မီးရှို့ရမဲ့အချိန်ရောက်လာပါတော့တယ် ။
သူ့ထုံးစံအတိုင်း…အော်ပြန်ပါတယ်…
“ငါဟာ…အခုဒီအမှိုက်ပုံကို…မီးရှို့တော့မှာဖြစ်တာမို့…
အမှိုက်ပုံထဲမှာရှိတဲ့…ပိုးကောင် မွှားကောင်များ…
ရှောင်ကြပါ…ရှားကြပါ။လွတ်ရာအဝေးသို့…ပြေးကြပါလေ”
လို့…အော်ပြီး…မီးစတင်ရှို့ပါတော့တယ်…။
အဲဒီမှာ…မီးပုံကြားက…တရွေ့ရွေ့တိုးထွက်လာတာက…
“မြွေပွေးကြီးတကောင်”……
“ဟိုက်”…”ဒုက္ခ”…”အကျိုးနည်း”…အမလေး…မဖြစ်ချေဘူး…မဖြစ်ချေဘူး…………
ကိုရိုးဟာ…မျက်ကလဲဆန်ပြာ ရွံ့ထိတ်စွာနဲ့…
ဟိုလှည်ှ့ ဒီလှည်ှ့…လျင်မြန်စွာနဲ့ဝန်းကျင်ကိုကြည့်…
“ဘယ်သူတဦးမှ…မမြင်ဘူး”ဆိုတာလည်း…သေချာရော…
ဘာပြောကောင်းမလည်း လက်ထဲက တုတ်ရှည်ကြီးနဲ့…
“ဟဲ့…ဟဲ့အကောင်…နင်မပါဘူးလေ…နင်မပါဘူး…ပြန်ဝင်စမ်း…ပြန်ဝင်စမ်း ဟဲ့ “ဆိုပြီး…
မီးပုံကြီးထဲ…သေသေချာချာ…အားပါးတရ…ထိုးထည့်လိုက်ပါရောတဲ့…… မှတ်ကရော
လူ့စိတ်ဆိုတာ…ဒါပါပဲလေ…
လူမြင်ကောင်းအောင်…လူကြားကောင်းအောင်…
အပေါ်ယံလုပ်ဆောင်ချက်တွေ…ဘယ်လိုပဲရှိရှိ…
တကယ့်အရေးရယ်လို့…ကြုံလာခဲ့ရင်…
“အကုသိုလ်တရားပါလား”ရယ်လို့…
“ဆင်ခြင်စိတ်တောင်…ဘယ်ချောင်ရောက်မှန်း”မသိစတမ်းပါ။
ငါ။သူတပါး။ယောင်္ကျား။မိန်းမ ။ကြီး ။ငယ် ။မဟူ…ရှောင်နိုင်သူမှာ…ရှားပေစွ တကား…။
အဲသည်လို…ပုထုဇဉ်တို့ရဲ့…အတွင်းစိတ်အဇ္ဇျတ္တအမှန်လေးတွေကို…မီးမောင်းထိုးပြထားတဲ့…
ပုံတိုပတ်စ သာဓကလေးတွေဟာ…
အရမ်းကိုတန်ဖိုးရှိ…ရသမြောက်စွာ…ကောင်းလွန်းလှသလို
လက်တွေ့ကျကျ နေ့စဉ်ဘဝ…တွေမှာလည်း………
ဗုဒ္ဓံပူဇေမိ…ဓမ္မံပူဇေမိ…သံဃံပူဇေမိ…………အစချီ တဲ့
ဘေးအိမ်က အဖွားညွန့်ရဲ့…နေ့စဉ်မပျက်ဘုရားရှိခိုးသံ
မနက်စောစော…ကျက်သရေမင်္ဂလာပြည့်ဝစွာနဲ့…
ကြည်ညိုသဒ္ဓါစိတ် …ဖြစ်မိနေတုန်း………
“ပါဏာတိပါတာ”…’ဖတ်’…”ဝေရမဏိသိက္ခာပဒံ”…ဖတ်
ဖတ်……ဟင် ပေါလိုက်တဲ့ခြင်တွေတော်……ဖတ်…
သမာဒိယာမိ…’ဖတ်’…ဟဲ့ ဝါဝါမော်…ဝါဝါမော်ရေ……
ခြင်ရိုက်တံယူခဲ့စမ်းဟယ်…လွန်အားကြီးတယ်……
အာရုံကိုမရဘူး………လာ လာ…ငါ့ဘေးနားထိုင်…
ယပ်စမ်းဟဲ့…တကတည်းမှပဲ…ဂေါ်ဇီလာတောင်မတိုးဘူး
(ဗျစ်…ဗျစ်…ဗျစ်…ခြင်ရိုက်ဘက်တံကို ခြင်တိုးသံများ)
အေး ဟုတ်ပြီ…နာနာယမ်း…နာနာယမ်း စမ်း…
အကုန်သေကုန်မှ…အေးမယ်…ဟွန်း…
အာမဘန္တေပါ…အရှင်ဘုရား……………တဲ့…………
ဖိုးသူတော် (www.phothutaw.com)
Credit:tameelay