ျမင့္ျမတ္၊ စုိးျမတ္သူဇာ နဲ႔ ေရႊမႈံရတီတုိ႔ ပါဝင္သရုပ္ေဆာင္ထားတဲ့ ‘’သစၥာနန္းေတာ္’’ရုပ္ရွင္ကားႀကီး ကုိ ဧၿပီလ ၁၇ ရက္ေန႔က စၿပီး ရုံတင္ျပသသြားမွာပါ။ ဇာတ္ကားနဲ႔ ပတ္သက္ၿပီး စုိးျမတ္သူဇာနဲ႔ ဆုျမတ္ႏုိးဦးတုိ႔က အမွတ္တရ စကားေတြေျပာျပလာပါတယ္။

"သစၥာနန္းေတာ္ " ရုပ္ရွင္ဇာတ္ကားဟာ သားသမီးနဲ႕ မိဘ ၊ ခ်စ္သူေတြၾကားက ခ်စ္ျခင္း ေမတၱာတရား ကို ဒါရိုက္တာ ဝင္းထြန္းထြန္းက လွလွပ ရိုက္ကူးထားၿပီး ပါဝင္တဲ့ သရုပ္ေဆာင္ေတြရဲ႕ ထိမိလွတဲ့ သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ ဇာတ္ကား နမူနာထြက္ရွိလာတဲ့ အခ်ိန္မွာကတည္းက ပရိသတ္ေတြရဲ႕ အားေပးမႈ စိတ္ဝင္စားမႈကို ရရွိထားတဲ့ ဇာတ္ကားျဖစ္ပါတယ္။ သစၥာနန္းေတာ္ ရုပ္ရွင္ဇာတ္ကားႀကီး ႏွစ္ဆန္း(၁) ရက္ေန႕မွာ ရံုတင္ျပသသြားမွာ ျဖစ္ပါတယ္။

ဒီဇာတ္ကားမွာ ဝါရင့့္သရုပ္ေဆာင္ စိုးျမတ္သူဇာဟာ ျပည့္တန္ဆာအလုပ္လုပ္ကိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္အျဖစ္ ပါဝင္ထားၿပီး ဇာတ္ရွိန္အတက္အက်ေတြမွာလည္း ဝါရင့္သရုပ္ေဆာင္တစ္ဦးပီပီ ပိုင္ပိုင္ႏိုင္ႏိုင္သရုပ္ေဆာင္ႏိုင္ခဲ့တာ ေတြ႕ရပါတယ္။

‘’ႀကိဳးစားခဲ့ရတာကေတာ့ မႀကီးလည္း ဒါရုိက္တာခုိင္းတာ လုပ္ခဲ့ရတာခ်ည္းပါပဲ။ တကယ့္ ဟဲဗီးSencen ႀကီးေတြ ငုိရတဲ့အခါေတြဆိုရင္ မ်က္ရည္က်ၿပီေဟ့ဆုိတာနဲ႔ ကဒ္၊ မ်က္ရည္က ဘယ္လုိျပန္သြင္းရမယ္မသိ မ်က္လုံးကရဲသြားျပန္ၿပီ။

ကုိယ့္ကုိမႀကိဳက္တာ မဟုတ္ဘူး ေဘးပတ္ဝန္းက်င္ေပါ့ေနာ္ ကင္မရာက ဘာျဖစ္သြားလို႔၊ ဟုိေဘးက ဘာျဖစ္သြားလုိ႔၊ အရိပ္က ပါလာလုိ႔ ကဒ္၊ တကယ္လည္းရုိက္ေရာ မ်က္လုံးေတြက ရဲေရာ၊ ဘီလူးေတြကျဖစ္ေရာ၊ ခဏခဏႀကိမ္ဖန္မ်ားစြာဆုိေတာ့ မ်က္လုံးေတြက ဘယ္ဒဏ္ခံႏုိင္ပါ့မလဲ။ မႀကီးတုိ႔က မ်က္ရည္အတုလည္းသုံးတယ္၊ အစစ္လည္းက် ဦးဝင္းထြန္းနဲ႔ရိုက္ရင္ အရမ္းပင္ပန္းတယ္’’ လုိ႔ ဆုိပါတယ္။  ’’ လုိ႔ သူကဆုိပါတယ္။

ေနာက္ထပ္ပါဝင္သရုပ္ေဆာင္ထားသူကေတာ့ သရုပ္ေဆာင္ ဆုျမတ္ႏုိးဦး ျဖစ္ပါတယ္။ သူမကလည္း သစၥာနန္းေတာ္ ရုပ္ရွင္ကားႀကီး ရုိက္ကြင္းေပၚမွာ စုိးျမတ္သူဇာနဲ႔ အမွတ္တရ ရွိခဲ့တဲ့ အရာေလးေတြကို ျပန္လည္ေျပာျပလာပါတယ္။

‘’ အမွတ္တရဆုိရင္ေတာ့ မႀကီးနဲ႔ သမီးနဲ႔အၿမဲငုိရတာအမွတ္တရပဲ။ ဒီကားက တစ္ခါတေလက်ရင္ ရုိက္လုိက္ရင္ တစ္ Secen ၊ တစ္ Secen ခြဲရုိက္ရတယ္။ ရာသီဥတုက ပူတဲ့အခ်ိန္ပါ။ အဲဒီမွာ အေမနဲ႔ေတြ႔လည္း ေဒါသေတြထြက္၊ ေကာင္းစည္သူနဲ႔ ေတြ႔လည္း ေဒါသေတြထြက္၊ ဒါမွ မဟုတ္လည္း ငုိ၊ အဲဒီလုိဟာကေတာ့ အျမဲတမ္း အမွတ္တရေပါ့ေနာ္’’ လုိ႔ သူကဆုိပါတယ္။

သစၥာနန္းေတာ္ရုပ္ရွင္ဇာတ္ကားႀကီး အထူးျပသပြဲကုိ ဧၿပီလ ၁၀ ရက္ေန႔ ညက Junction City မွာရွိတဲ့ JCGV ရုပ္ရွင္ရုံမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီပြဲကုိေတာ့ အႏုပညာေလာကထဲက သရုပ္ေဆာင္မ်ားစြာတုိ႔ကလည္း တက္ေရာက္အားေပးခဲ့ၾကပါတယ္။

ဒရာမာဇာတ္လမ္းအမ်ဳိးအစားဆုိရင္လည္း မမွားပါဘူး။ ဒီဇာတ္ကားကုိေတာ့ ဒါရုိက္တာ ဝင္းထြန္းထြန္းက ရုိက္ကူးတာျဖစ္ၿပီး သရုပ္ေဆာင္ စုိးျမတ္သူဇာ၊ ျမင့္ျမတ္၊ ေရႊမႈံရတီ၊ ေကာင္းစည္သူ နဲ႔ ဆုျမတ္ႏုိးဦး တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားပါတယ္။

သစၥာနန္းေတာ္ ရုပ္ရွင္ဇာတ္ကားကုိ ဧၿပီလ ၁၇ ရက္ေန႔ (ႏွစ္ဆန္းတစ္ရက္) ေန႔က စၿပီး ျမန္မာတစ္ႏုိင္ငံလုံးမွာရွိတဲ့ အဆင့့္ျမင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသသြားမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #

မြင့်မြတ်၊ စိုးမြတ်သူဇာ နဲ့ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’သစ္စာနန်းတော်’’ရုပ်ရှင်ကားကြီး ကို ဧပြီလ ၁၇ ရက်နေ့က စပြီး ရုံတင်ပြသသွားမှာပါ။ ဇာတ်ကားနဲ့ ပတ်သက်ပြီး စိုးမြတ်သူဇာနဲ့ ဆုမြတ်နိုးဦးတို့က အမှတ်တရ စကားတွေပြောပြလာပါတယ်။

"သစ္စာနန်းတော် " ရုပ်ရှင်ဇာတ်ကားဟာ သားသမီးနဲ့ မိဘ ၊ ချစ်သူတွေကြားက ချစ်ခြင်း မေတ္တာတရား ကို ဒါရိုက်တာ ဝင်းထွန်းထွန်းက လှလှပ ရိုက်ကူးထားပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ ထိမိလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ဇာတ်ကား နမူနာထွက်ရှိလာတဲ့ အချိန်မှာကတည်းက ပရိသတ်တွေရဲ့ အားပေးမှု စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သစ္စာနန်းတော် ရုပ်ရှင်ဇာတ်ကားကြီး နှစ်ဆန်း(၁) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင် စိုးမြတ်သူဇာဟာ ပြည့်တန်ဆာအလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင်ထားပြီး ဇာတ်ရှိန်အတက်အကျတွေမှာလည်း ဝါရင့်သရုပ်ဆောင်တစ်ဦးပီပီ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။

‘’ကြိုးစားခဲ့ရတာကတော့ မကြီးလည်း ဒါရိုက်တာခိုင်းတာ လုပ်ခဲ့ရတာချည်းပါပဲ။ တကယ့် ဟဲဗီးSencen ကြီးတွေ ငိုရတဲ့အခါတွေဆိုရင် မျက်ရည်ကျပြီဟေ့ဆိုတာနဲ့ ကဒ်၊ မျက်ရည်က ဘယ်လိုပြန်သွင်းရမယ်မသိ မျက်လုံးကရဲသွားပြန်ပြီ။

ကိုယ့်ကိုမကြိုက်တာ မဟုတ်ဘူး ဘေးပတ်ဝန်းကျင်ပေါ့နော် ကင်မရာက ဘာဖြစ်သွားလို့၊ ဟိုဘေးက ဘာဖြစ်သွားလို့၊ အရိပ်က ပါလာလို့ ကဒ်၊ တကယ်လည်းရိုက်ရော မျက်လုံးတွေက ရဲရော၊ ဘီလူးတွေကဖြစ်ရော၊ ခဏခဏကြိမ်ဖန်များစွာဆိုတော့ မျက်လုံးတွေက ဘယ်ဒဏ်ခံနိုင်ပါ့မလဲ။ မကြီးတို့က မျက်ရည်အတုလည်းသုံးတယ်၊ အစစ်လည်းကျ ဦးဝင်းထွန်းနဲ့ရိုက်ရင် အရမ်းပင်ပန်းတယ်’’ လို့ ဆိုပါတယ်။  ’’ လို့ သူကဆိုပါတယ်။

နောက်ထပ်ပါဝင်သရုပ်ဆောင်ထားသူကတော့ သရုပ်ဆောင် ဆုမြတ်နိုးဦး ဖြစ်ပါတယ်။ သူမကလည်း သစ္စာနန်းတော် ရုပ်ရှင်ကားကြီး ရိုက်ကွင်းပေါ်မှာ စိုးမြတ်သူဇာနဲ့ အမှတ်တရ ရှိခဲ့တဲ့ အရာလေးတွေကို ပြန်လည်ပြောပြလာပါတယ်။

‘’ အမှတ်တရဆိုရင်တော့ မကြီးနဲ့ သမီးနဲ့အမြဲငိုရတာအမှတ်တရပဲ။ ဒီကားက တစ်ခါတလေကျရင် ရိုက်လိုက်ရင် တစ် Secen ၊ တစ် Secen ခွဲရိုက်ရတယ်။ ရာသီဥတုက ပူတဲ့အချိန်ပါ။ အဲဒီမှာ အမေနဲ့တွေ့လည်း ဒေါသတွေထွက်၊ ကောင်းစည်သူနဲ့ တွေ့လည်း ဒေါသတွေထွက်၊ ဒါမှ မဟုတ်လည်း ငို၊ အဲဒီလိုဟာကတော့ အမြဲတမ်း အမှတ်တရပေါ့နော်’’ လို့ သူကဆိုပါတယ်။

သစ္စာနန်းတော်ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဧပြီလ ၁၀ ရက်နေ့ ညက Junction City မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ အနုပညာလောကထဲက သရုပ်ဆောင်များစွာတို့ကလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။

ဒရာမာဇာတ်လမ်းအမျိုးအစားဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် စိုးမြတ်သူဇာ၊ မြင့်မြတ်၊ ရွှေမှုံရတီ၊ ကောင်းစည်သူ နဲ့ ဆုမြတ်နိုးဦး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

သစ္စာနန်းတော် ရုပ်ရှင်ဇာတ်ကားကို ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်းတစ်ရက်) နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top