ဟိုးေရွးေရွးတုန္းကေပါ့။ တိုင္းျပည္တစ္ျပည္မွာ အရမ္းဆင္းရဲတဲ့ အဖြားအို တစ္ေယာက္ရွိတယ္။
သူ ့မွာပိုင္ဆိုင္တာဆိုလို ့ လဲျပိဳကာနီး တဲတစ္လံုးရယ္ ၊ ညစ္ပတ္ျပီး အေရာင္မထြက္ေတာ့တဲ့ ခ်ဳပ္ရာ ဗလပြ အ၀တ္အစား တစ္စံုရယ္ ၊ၾကက္မေလး တစ္ေကာင္ရယ္ပဲ ရွိတယ္ ။

သူရဲ ့ၾကက္မေလးက သူ့အတြက္ ေန့တိုင္း ၾကက္ဥတစ္လံုး တစ္လုံးး ဥေပး တယ္။ အဲဒီၾကက္ဥေလး နဲ ့ အဖြားအိုက ေန့တိုင္းသူ့ရဲ့စား၀တ္ေနေရးကို ေျဖရွင္းျပီးအသက္ရွင္ေနခဲ့ရ တယ္။ အဖြားအိုေန ထိုင္တဲ့တိုင္းျပည္မွာ အစားက်ဴးတဲ့ ဘုရင္တစ္ပါး အုပ္ခ်ဳပ္ေနတယ္။ တစ္ေန့မွာ ဘုရင္က တုိင္းျပည္ ထဲမွာ ထူးဆန္းတဲ့ အမိန္ ့တစ္ခုကို ေမာင္းထုျပီး ေၾကညာခဲ့တယ္။

အဲဒါအမိန္ ့က ဘာလဲဆိုေတာ့ လွည္းေန ေလွေအာင္း ျမင္းေဇာင္း မက်န္ တိုင္းျပည္မွာ ရွိတဲ့ တိုင္းသူျပည္သားေတြအားလံုး သူစားေတာ္ပြဲတည္ဘို ့ အတြက္အသားဟင္းတစ္ခြက္လာ ပို ့ရမယ္လို့ ့ေၾကညာေမာင္းခတ္ခဲ့တယ္။

ဒီသတင္းကိုၾကားတဲ့ တိုင္းသူျပည္သားေတြက အသားဟင္းတစ္ခြက္ပို ့ဘို ့ ျပင္ဆင္ၾကတယ္။
အဲဒီအထဲမွာ ၾကက္မေလးတစ္ေကာင္ကို ပိုင္ဆိုင္ထားတဲ့ အဖြားအိုလဲ အပါအ၀င္ေပါ့။အဖြားအိုမွာ ဘယ္လိုမွ အသားဟင္းကို ပို ့စရာမရွိဘူးျဖစ္ေနတယ္။ သူ ့မွာ အသားဟင္းတစ္ခြက္ပို ့ဘို ့ေငြေၾကးကလဲ လံုး၀မရွိဆိုေတာ့ အရမ္းကို ခက္ခဲေနခဲ့တယ္။

အသားဟင္းမပို ့ႏိုင္လို ့ မင္းျပစ္မင္းဒဏ္ခံရမယ္ဆို ပိုျပီးၾကီးေလးတာေၾကာင့္ အဖြားအိုက
သူ ့ကို ေန့တိုင္း ၾကက္ဥတစ္လံုး တစ္လံုး ဥေပးေနတဲ့ ၾကက္မေလးကို သတ္ျပီး ဘုရင္ဆီကို အသားဟင္းတစ္ခြက္ပို ့ဘို ့ သူဆံုးျဖတ္လိုက္တယ္။

ဘုရင္ကေတာ့ စားေတာ္ပြဲမွာ တစ္အိမ္တစ္ေယာက္ႏႈန္း အသားဟင္းခြက္ေပါင္း ေျမာက္မ်ားစြာနဲ ့ ပြဲေတာ္ တည္ေနခဲ့တယ္။အသားဟင္းခြက္ေတြက သိပ္မ်ားျပားလြန္းတာ ေၾကာင့္ ဟင္းခြက္တိုင္းကို မစားျဖစ္ခဲ့ဘူး။မစားျဖစ္တဲ့ ဟင္းခြက္ေတြထဲမွာ အဖြားအိုရဲ့ ့ၾကက္သားဟင္းေလးလဲအပါေပါ့။

အဲဒါေၾကာင့္ကိုယ္အတြက္ အပ္ဖ်ားတစ္ေထာက္စာဆိုေပမယ့္ဆပ္ျပာပူေဖာင္းေလးေတြ အတြက္ေတာ့ ဘ၀ကို ပ်က္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


ဟိုးရှေးရှေးတုန်းကပေါ့။ တိုင်းပြည်တစ်ပြည်မှာ အရမ်းဆင်းရဲတဲ့ အဖွားအို တစ်ယောက်ရှိတယ်။
သူ့မှာပိုင်ဆိုင်တာဆိုလို့ လဲပြိုကာနီး တဲတစ်လုံးရယ် ၊ ညစ်ပတ်ပြီး အရောင်မထွက်တော့တဲ့ ချုပ်ရာ ဗလပွ အဝတ်အစား တစ်စုံရယ် ၊ကြက်မလေး တစ်ကောင်ရယ်ပဲ ရှိတယ် ။

သူရဲ့ကြက်မလေးက သူ့အတွက် နေ့တိုင်း ကြက်ဥတစ်လုံး တစ်လုံးး ဥပေး တယ်။ အဲဒီကြက်ဥလေး နဲ့ အဖွားအိုက နေ့တိုင်းသူ့ရဲ့စားဝတ်နေရေးကို ဖြေရှင်းပြီးအသက်ရှင်နေခဲ့ရ တယ်။ အဖွားအိုနေ ထိုင်တဲ့တိုင်းပြည်မှာ အစားကျူးတဲ့ ဘုရင်တစ်ပါး အုပ်ချုပ်နေတယ်။ တစ်နေ့မှာ ဘုရင်က တိုင်းပြည် ထဲမှာ ထူးဆန်းတဲ့ အမိန့်တစ်ခုကို မောင်းထုပြီး ကြေညာခဲ့တယ်။

အဲဒါအမိန့်က ဘာလဲဆိုတော့ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေအားလုံး သူစားတော်ပွဲတည်ဘို့ အတွက်အသားဟင်းတစ်ခွက်လာ ပို့ရမယ်လို့ကြေညာမောင်းခတ်ခဲ့တယ်။

ဒီသတင်းကိုကြားတဲ့ တိုင်းသူပြည်သားတွေက အသားဟင်းတစ်ခွက်ပို့ဘို့ ပြင်ဆင်ကြတယ်။
အဲဒီအထဲမှာ ကြက်မလေးတစ်ကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလဲ အပါအဝင်ပေါ့။အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့စရာမရှိဘူးဖြစ်နေတယ်။ သူ့မှာ အသားဟင်းတစ်ခွက်ပို့ဘို့ငွေကြေးကလဲ လုံးဝမရှိဆိုတော့ အရမ်းကို ခက်ခဲနေခဲ့တယ်။

အသားဟင်းမပို့နိုင်လို့ မင်းပြစ်မင်းဒဏ်ခံရမယ်ဆို ပိုပြီးကြီးလေးတာကြောင့် အဖွားအိုက
သူ့ကို နေ့တိုင်း ကြက်ဥတစ်လုံး တစ်လုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်းတစ်ခွက်ပို့ဘို့ သူဆုံးဖြတ်လိုက်တယ်။

ဘုရင်ကတော့ စားတော်ပွဲမှာ တစ်အိမ်တစ်ယောက်နှုန်း အသားဟင်းခွက်ပေါင်း မြောက်များစွာနဲ့ ပွဲတော် တည်နေခဲ့တယ်။အသားဟင်းခွက်တွေက သိပ်များပြားလွန်းတာ ကြောင့် ဟင်းခွက်တိုင်းကို မစားဖြစ်ခဲ့ဘူး။မစားဖြစ်တဲ့ ဟင်းခွက်တွေထဲမှာ အဖွားအိုရဲ့ကြက်သားဟင်းလေးလဲအပါပေါ့။

အဲဒါကြောင့်ကိုယ်အတွက် အပ်ဖျားတစ်ထောက်စာဆိုပေမယ့်ဆပ်ပြာပူဖောင်းလေးတွေ အတွက်တော့ ဘဝကို ပျက်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top