20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×





၁-ပုလဲ


၂-ပတ္တမြား


၃-စိန်


၎-အပြာရောင်ဥဿဖယား


၅-Peridot ကျောက်




၇-Tanzaniteကျောက်


၈-Citrine ကျောက်




၁၀-ကျောက်ခရမ်းပွင့်



Credit:xyznews
# Unicode Version # ဖြင့် ဖတ်ပါ #

လူတွေက အမြဲတမ်းသူတို့အကြောင်းကိုနည်းနည်းပိုသိချင်ကြပြီးတော့ အမျိုးမျိုးသောစမ်းသပ်မှုတွေလုပ်ကြပါတယ်။ ဒါကြောင့်လည်း ဒီတစ်ခေါက်တော့ ကိုယ့်ဘာသာဖြေကြည့်ဖို့ စမ်းသပ်မှု(၂)ခုပြောပြသွားမှာဖြစ်ပါတယ်။

ကျောက်မျက်ရတနာစမ်းသပ်မှု

လူတွေကကျောက်တွေရဲ့အစွမ်းကိုယုံကြည်ကြတာ ဟိုးအရင်ကတည်းကဖြစ်ပါတယ်။ကျောက်မျက်တွေက ကမ္ဘာ့ရဲ့အတွင်းနက်နက်ထဲမှာရှိနေပြီးတော့ သဘာဝတရားကြီးနဲ့ချိတ်ဆက်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်း လူတွေကကျောက်တွေဟာ ကိုယ့်ရဲ့စိတ်ဆန္ဒကိုဖော်ပြနေရုံသာမက သင့်အနာဂတ်နဲ့ပတ်သက်ပြီးဟောကိန်းထုတ်နိုင်တာတွေရော သင့်ရဲ့အတွင်းနက်နက်လျှို့ဝှက်ချက်တွေကိုရော ဖော်ထုတ်သွားနိုင်တယ်လို့ယုံကြည်နေတာလည်းဖြစ်ပါတယ်။သင်ရောမစမ်းသပ်ချင်ဘူးလား။ သင့်အိမ်ရဲ့တိတ်ဆိတ်တဲ့ထောင့်လေးကိုရှာ အသက်ပြင်းပြင်းရှုပြီး ကျောက်မျက်ရတနာကိုရွေးကြည့်ကြရအောင်။

၁-ပုလဲ

သင်သာပုလဲကိုရွေးချယ်တယ်ဆိုရင်တော့ သင်ဟာဂုဏ်သရေရှိပြီးတော့ မာနလည်းရှိတဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင်သင့်မှာနှိမ့်ချတတ်တဲ့နှလုံးသားလည်းရှိပါတယ်။

၂-ပတ္တမြား

သင့်ရဲ့ပင်ကိုယ်စိတ်က စိတ်ခံစားရလွယ်ပြီးတော့ ပြင်းပြင်းထန်ထန်ခံစားရပါတယ်။ပြီးတော့ ဘဝနဲ့အတူစီးမျောခံစားတတ်ပါတယ်။

၃-စိန်

သင်ဟာသန်စွမ်းတယ်၊ ရည်ရွယ်ချက်ကြီးပြီးတော့ မာနလည်းရှိပါတယ်။

၄-အပြာရောင်ဥဿဖယား

သင်ဟာတည်ငြိမ်ပြီးတော့ တွေးတောစဉ်းစားတတ်တဲ့စိတ်ရှိတဲ့လူဖြစ်ပါတယ်။သင်ဟာ ဘဝရဲ့တိတ်ဆိတ်တဲ့အခိုက်အတန့်လေးတွေကိုတန်ဖိုးထားတတ်ပါတယ်။

၅-Peridot ကျောက်

ဒီကျောက်ကိုရွေးချယ်တဲ့လူတွေက စိတ်ဝင်စားမှုအပြည့်ရှိပြီး ခွန်အားတွေလည်းရှိတဲ့အပြင် သဘာဝတရားကြီးကိုလည်း လေ့လာစူးစမ်းချင်တဲ့စိတ်ရှိပါတယ်။သင့်ရဲ့ပျော်ရွှင်မှုနဲ့ သင့်ရဲ့အလှတရားက သင့်ရဲ့ အကောင်းဆုံးပါဝါတွေပါပဲ။

၆-စိမ်းပြာရောင် ကျောက်

သင်ဟာရည်ရွယ်ချက်ကြီးပြီးတော့ စွန့်စားသွားလာချင်တဲ့လူဖြစ်ပါတယ်။သင်ဟာငယ်ရွယ်သူစိတ်ရှိပြီး ရဲရင့်ပြီးတော့ စိတ်ထက်သန်ပြင်းပြမှုနဲ့ တောက်ပနေပါတယ်။

၇-Tanzaniteကျောက်

စူးရှတဲ့အသိစိတ်နဲ့ စိတ်ခံစားရလွယ်ပြီး စွဲဆောင်နိုင်စွမ်းရှိတဲ့လူအတွက်ကျောက်မျက်ဖြစ်ပါတယ်။

၈-Citrine ကျောက်

မိန်းကလေးဆန်တဲ့ခွန်အားအပြည့်နဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့လူတစ်ယောက်ဖြစ်ပြီးတော့ ဘဝအတွက် စစ်မှန်တဲ့ စိတ်အားဖြည့်စေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။

၉-ပန်းရောင် Tourmaline ကျောက်

သင်ဟာဒီကျောက်ကိုရွေးချယ်ခဲ့တာဆိုရင်တော့ သင်ဟာစိတ်နူးညံ့သူ၊ စိတ်ခံစားလွယ်ပြီးတော့ ကြင်နာသနားတတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။

၁၀-ကျောက်ခရမ်းပွင့်

သင်ဟာ ထက်မြတ်ပြီး ရည်ရွယ်ချက်ကြီးသူတစ်ယောက်ဖြစ်ပြီးတော့ တိတ်ဆိတ်တဲ့ စိတ်ခံစားမှုတွေနဲ့ပြည့်နှက်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။

စမ်းသပ်မှုက မှန်ကောမှန်ရဲ့လား။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top