အသက္ ၁၇ ႏွစ္အ႐ြယ္ ေက်ာင္းသူေလးတစ္ဦးဟာ အခ်ိန္ပိုင္းအလုပ္ဝင္ေနခ်ိန္ ႐ုတ္တရက္ ေနမေကာင္းျဖစ္ၿပီး မူးေမ့လဲက်ရာမွ လူနာတင္ေဆး႐ုံကားနဲ႔ ေဆး႐ုံသို႔ အပို႔မွာ လူနာတင္ကားေပၚမွ က်န္းမာေရးဝန္ထမ္းရဲ႕ လိင္ပိုင္းဆိုင္ရာ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ေစာ္ကားတာကို ခံခဲ့ရပါတယ္။

ဧၿပီလ ၂၁ ရက္ေန႔က မေလးရွားနိုင္ငံ ဆီလန္ေဂါျပည္နယ္မွ ေက်ာင္းသူေလးတစ္ဦးဟာ တကၠသိုလ္ဝင္းအတြင္း ဖြင့္လွစ္ထားတဲ့ ေကာ္ဖီဆိုင္တြင္ အခ်ိန္ပိုင္းအလုပ္ဝင္ေနစဥ္ ႐ုတ္တရက္ အစာအိမ္ေဝဒနာေၾကာင့္ ေနမေကာင္းျဖစ္လာသျဖင့္ ဆိုင္ရွင္ကို ဖုန္းဆက္အကူညီေတာင္းခဲ့ပါတယ္။

ေကာ္ဖီဆိုင္ပိုင္ရွင္ ေရာက္လာတဲ့အခ်ိန္မွာ မိန္းကေလးက မူးေမ့လဲက်ေနတာေတြ႕ရတာေၾကာင့္ တကၠသိုလ္ဝင္းထဲက ေဆးခန္းကို ေခၚသြားခဲ့ပါတယ္။ ဆရာဝန္က စစ္ေဆးၿပီး အေျခေနစိုးရိမ္ရသျဖင့္ ေဆး႐ုံတင္ရန္ လူနာတင္ကားကို ဆက္သြယ္ၿပီး မိန္းကေလးကို ေဆး႐ုံကားေပၚ တင္ေပးလိုက္ပါတယ္။

အလုပ္ရွင္က သူ႔ရဲ့ကားနဲ႔ ေဆး႐ုံကို သြားႏွင့္ပါတယ္။ ေဆး႐ုံကားေရာက္လာတဲ့အခါ ကားေပၚမွာ မိန္းကေလးက ရွိုက္ႀကီးတငင္ငင္ ငိုေႂကြးေနတာေၾကာင့္ အလုပ္ရွင္ျဖစ္သူ အံ့ၾသသြားၿပီး အေၾကာင္းရင္းကို မရမက ေမးရာမွ ေနာက္ဆုံးတြင္ ေဆး႐ုံကားေပၚမွ ဝန္ထမ္းက သူမကို လမ္းတေလၽွာက္ မဖြယ္မရာလုပ္ခဲ့ေၾကာင္း ဖြင့္ေျပာခဲ့ပါတယ္။

ေဆး႐ုံကားေပၚက ေခါက္ကုတင္ေပၚမွာ လဲေလ်ာင္းလိုက္ပါလာစဥ္ သတိရတခ်က္ မရတခ်က္ျဖစ္ေနတုန္း သူမရဲ့ ရင္သားေတြကို ဝန္ထမ္းက ေလၽွာက္စမ္းေနတာကို သိခဲ့ရပါတယ္။ သူမအေနနဲ႔ အလြန္အားနည္းေနတာေၾကာင့္ ကိုယ့္ကိုယ္ကို မကာကြယ္နိုင္ခင္မွာ သူမရဲ့ မိန္းမကိုယ္ထဲကို လက္ေခ်ာင္းထည့္ၿပီး က်ဴးလြန္ခဲ့တာကို ခံခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္။

အလုပ္ရွင္ျဖစ္သူက ေဒါသထြက္ၿပီး လူနာကို သက္သာေအာင္ ျပဳစုေစာင့္ေရွာက္ရမဲ့အစား အခြင့္ေကာင္းယူၿပီးေစာ္ကားခဲ့တဲ့ ဝန္ထမ္းကို မိန္းကေလးကိုယ္စား ရဲစခန္းမွာ အမွုဖြင့္ခဲ့ပါတယ္။
ရဲစခန္းက ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒပုဒ္မ ၁၄(ခ) နဲ႔ အမွုလက္ခံခဲ့ၿပီး အသက္ ၂၂ ႏွစ္အရြယ္ လူနာတင္ယာဥ္ဝန္ထမ္း အမ်ိဳးသားကို ဖမ္းဆီးထားၿပီး အမွဒကို စစ္ေဆးလၽွက္ရွိေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဟာ အချိန်ပိုင်းအလုပ်ဝင်နေချိန် ရုတ်တရက် နေမကောင်းဖြစ်ပြီး မူးမေ့လဲကျရာမှ လူနာတင်ဆေးရုံကားနဲ့ ဆေးရုံသို့ အပို့မှာ လူနာတင်ကားပေါ်မှ ကျန်းမာရေးဝန်ထမ်းရဲ့ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားတာကို ခံခဲ့ရပါတယ်။

ဧပြီလ ၂၁ ရက်နေ့က မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်မှ ကျောင်းသူလေးတစ်ဦးဟာ တက္ကသိုလ်ဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်တွင် အချိန်ပိုင်းအလုပ်ဝင်နေစဉ် ရုတ်တရက် အစာအိမ်ဝေဒနာကြောင့် နေမကောင်းဖြစ်လာသဖြင့် ဆိုင်ရှင်ကို ဖုန်းဆက်အကူညီတောင်းခဲ့ပါတယ်။

ကော်ဖီဆိုင်ပိုင်ရှင် ရောက်လာတဲ့အချိန်မှာ မိန်းကလေးက မူးမေ့လဲကျနေတာတွေ့ရတာကြောင့် တက္ကသိုလ်ဝင်းထဲက ဆေးခန်းကို ခေါ်သွားခဲ့ပါတယ်။ ဆရာဝန်က စစ်ဆေးပြီး အခြေနေစိုးရိမ်ရသဖြင့် ဆေးရုံတင်ရန် လူနာတင်ကားကို ဆက်သွယ်ပြီး မိန်းကလေးကို ဆေးရုံကားပေါ် တင်ပေးလိုက်ပါတယ်။

အလုပ်ရှင်က သူ့ရဲ့ကားနဲ့ ဆေးရုံကို သွားနှင့်ပါတယ်။ ဆေးရုံကားရောက်လာတဲ့အခါ ကားပေါ်မှာ မိန်းကလေးက ရှိုက်ကြီးတငင်ငင် ငိုကြွေးနေတာကြောင့် အလုပ်ရှင်ဖြစ်သူ အံ့သြသွားပြီး အကြောင်းရင်းကို မရမက မေးရာမှ နောက်ဆုံးတွင် ဆေးရုံကားပေါ်မှ ဝန်ထမ်းက သူမကို လမ်းတလျှောက် မဖွယ်မရာလုပ်ခဲ့ကြောင်း ဖွင့်ပြောခဲ့ပါတယ်။

ဆေးရုံကားပေါ်က ခေါက်ကုတင်ပေါ်မှာ လဲလျောင်းလိုက်ပါလာစဉ် သတိရတချက် မရတချက်ဖြစ်နေတုန်း သူမရဲ့ ရင်သားတွေကို ဝန်ထမ်းက လျှောက်စမ်းနေတာကို သိခဲ့ရပါတယ်။ သူမအနေနဲ့ အလွန်အားနည်းနေတာကြောင့် ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ခင်မှာ သူမရဲ့ မိန်းမကိုယ်ထဲကို လက်ချောင်းထည့်ပြီး ကျူးလွန်ခဲ့တာကို ခံခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

အလုပ်ရှင်ဖြစ်သူက ဒေါသထွက်ပြီး လူနာကို သက်သာအောင် ပြုစုစောင့်ရှောက်ရမဲ့အစား အခွင့်ကောင်းယူပြီးစော်ကားခဲ့တဲ့ ဝန်ထမ်းကို မိန်းကလေးကိုယ်စား ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။
ရဲစခန်းက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၁၄(ခ) နဲ့ အမှုလက်ခံခဲ့ပြီး အသက် ၂၂ နှစ်အရွယ် လူနာတင်ယာဉ်ဝန်ထမ်း အမျိုးသားကို ဖမ်းဆီးထားပြီး အမှဒကို စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top