တနသၤာရီတုိင္း ေကာ့ေသာင္းၿမိဳ႕အနီး ပင္လယ္ျပင္မွာ က်ပ္သိန္းေပါင္း ၃ သိန္းေက်ာ္တန္ဖိုးရွိ အုိက္စ္မူးယစ္ေဆးဝါးေတြကို ဧၿပီ ၂၆ ရက္ေန႔က ဖမ္းဆီးမိခဲ့ပါတယ္။

ျမန္မာ့တပ္မေတာ္ (ေရ) မွ စစ္ေရယာဥ္မႉး ဗိုလ္မႉး ေသာင္းထူး ဦးေဆာင္တဲ့ စစ္ေရယာဥ္ ၅၆၇ က ဖမ္းဆီးရမိခဲ့ပါတယ္။

ေအာင္ျပည့္စံု ၁ အမည္႐ွိေလွအား မသကၤာဖြယ္ေတြ႔ရွိလုိ႔ စစ္ေဆးဖုိ႔ အခ်က္ျပေခၚယူရာမွာ ေလွေပၚမွ အထုတ္ေတြကို ပစ္ခ်ထြက္ေျပးတာေၾကာင့္ ေျခာက္လွန္႔ပစ္ခတ္ၿပီး ဝင္ေရာက္ဖမ္းဆီးခဲ့တာပါ။

ပစ္ခ်ခဲ့တဲ့ အထုတ္ေတြကို လိုက္လံဆယ္ယူၿပီး စစ္ေဆးခဲ့ရာ တထုတ္ကုိ ၁ ကီလိုဂရမ္ေလာက္ရွိ Refined Chinese Tea စာတမ္းပါ အစိမ္းႏုေရာင္ပလတ္စတစ္အိပ္နဲ႔ ထုတ္ပိုးထားတဲ့ အျဖဴေရာင္ဘေလာက္တံုး ၁၂၃၈ ထုတ္ ကာလတန္ဖိုးက်ပ္သိန္းေပါင္း ၃၀၉၅၀၀ ဖုိးရွိ အုိက္စ္မူးေဆးေတြကုိ ေလွပိုင္႐ွင္ ဦးေဝလင္း္အပါအဝင္ ေလွသား ၇ ဦးနဲ႔အတူ ဖမ္းမိခဲ့ပါတယ္။



စစ္ေဆးေမးျမန္းရာမွာ ထုိင္းႏုိင္ငံ ပုိ႔ေဆာင္ေပးရမယ္လုိ႔ ဆုိထားပါတယ္။ ဖမ္းမိတဲ့ မူးယစ္ေဆး၀ါးနဲ႔ လူ ၇ ဦးအား တပ္မေတာ္ေရ ေကာ့ေသာင္း မူးယစ္တပ္ဖြဲ႔ ၃၄ ကုိ ဧၿပီ ၂၈ ရက္ေန႔မွာ လႊဲေျပာင္းေပးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


တနင်္သာရီတိုင်း ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာ ကျပ်သိန်းပေါင်း ၃ သိန်းကျော်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးတွေကို ဧပြီ ၂၆ ရက်နေ့က ဖမ်းဆီးမိခဲ့ပါတယ်။

မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ်မှူး ဗိုလ်မှူး သောင်းထူး ဦးဆောင်တဲ့ စစ်ရေယာဉ် ၅၆၇ က ဖမ်းဆီးရမိခဲ့ပါတယ်။

အောင်ပြည့်စုံ ၁ အမည်ရှိလှေအား မသင်္ကာဖွယ်တွေ့ရှိလို့ စစ်ဆေးဖို့ အချက်ပြခေါ်ယူရာမှာ လှေပေါ်မှ အထုတ်တွေကို ပစ်ချထွက်ပြေးတာကြောင့် ခြောက်လှန့်ပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ပစ်ချခဲ့တဲ့ အထုတ်တွေကို လိုက်လံဆယ်ယူပြီး စစ်ဆေးခဲ့ရာ တထုတ်ကို ၁ ကီလိုဂရမ်လောက်ရှိ Refined Chinese Tea စာတမ်းပါ အစိမ်းနုရောင်ပလတ်စတစ်အိပ်နဲ့ ထုတ်ပိုးထားတဲ့ အဖြူရောင်ဘလောက်တုံး ၁၂၃၈ ထုတ် ကာလတန်ဖိုးကျပ်သိန်းပေါင်း ၃၀၉၅၀၀ ဖိုးရှိ အိုက်စ်မူးဆေးတွေကို လှေပိုင်ရှင် ဦးဝေလင်းအပါအဝင် လှေသား ၇ ဦးနဲ့အတူ ဖမ်းမိခဲ့ပါတယ်။

စစ်ဆေးမေးမြန်းရာမှာ ထိုင်းနိုင်ငံ ပို့ဆောင်ပေးရမယ်လို့ ဆိုထားပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးနဲ့ လူ ၇ ဦးအား တပ်မတော်ရေ ကော့သောင်း မူးယစ်တပ်ဖွဲ့ ၃၄ ကို ဧပြီ ၂၈ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top