Credit:burmese.asia
#Unicode Version# ဖြင့်ဖတ်ပါ ။
အမေနဲ့ သမီး ညီအစ်မတွေလို ထင်ရလောက်အောင် နုပျိုကြတဲ့ အနုပညာရှင် အမေနဲ့ သမီးတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မင်းသမီး လင်းဇာနည်ဇော် နဲ့ သမီးလေး မြူလင်းကိုကို တို့ကိုတော့ ချန်လှပ်ထားလို့ မရပါဘူးနော်။ တစ်ချိန်က အမေဖြစ်သူ မင်းသမီး လင်းဇာနည်ဇော် နဲ့ အတူ တွဲဖက်လို့ အမေနဲ့ သမီးချစ်ဖို့ကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ အတူ ပြက္ခဒိန် စာမျက်နာ၊ ကြော်ငြာတွေထက်မှာ အမြဲမြင်တွေ့နေရသူ ဒီ ကလေးလေးကတော့ ခုဆို အပျိုရွယ်ဖားဖား ဖြစ်လို့ နေပါပြီ။
မင်းသမီး လင်းဇာနည်ဇော်ကလည်း ကလေးတစ်ယောက်မိခင်လို့ မထင်ရလောက်အောင် နုပျိုပြီး အပျိုရံှူးလောက်အောင် လှပအရွယ်တင်သူဖြစ်သလို ယနေ့တိုင်အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ မေမေ ဖြစ်သူ မင်းသမီး လင်းဇာနည်ဇော်နဲ့ မျက်နာကျ၊ အချိုးအဆစ်တွေ ချွတ်စွတ်တူသလို အမေတူသမီးမို့ ပရိသတ်တွေ မြင်တာနဲ့ သူမ ငယ်ရုပ်လေးကို တန်းမြင်ယောင်မိပြီး ပိုလို့ချစ်မိသွားကြမှာပါ။
လက်ရှိမှာတော့ သမီးလေး မြူလင်းကိုကိုဟာ ဩစတေးယျနိုင်ငံ၊ ဆစ်ဒနေမြို့ မှာ နေထိုင်ပြီး University Of Technology Sydneyမှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။ အမေတူ သမီးလေးမို့ မျက်နာလေးက ချစ်စရာကောင်းပြီး နိုင်ငံရပ်ခြားမှာ ပညာသင်ပြီး ကြိုးစားနေတဲ့ သူမကတော့ လိမ္မာရေးခြားရှိတဲ့ အနုပညာမျိုးဆက်သစ်လေး တစ်ယောက်ဖြစ်တာမို့ လင်းဇာနည်ဇော်ကို သမက်တော်ချင်သူ ဝိုင်းဝိုင်းလည်နေသလို ဂျပန်မလေးလို ထင်မှတ်မှားရလောက်အောင် ချစ်ဖို့ ကောင်းတဲ့ မြူလင်းကိုကို ရဲ့ ပုံရိပ်လေးတွေနဲ့ အတူ  ပရိသတ်ကြီးအတွက် ဖော်ပြ ပေးလိုက်ရပါတယ်နော်။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top