
ထိုသို့တွေ့ဆုံရာတွင် တရုတ်အစိုးရမှ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအတွက် ယွမ် သန်း (၁ဝဝဝ) ကူညီထောက်ပံ့ပေးမည့်ကိစ္စရပ်အပါအ၀င် နယ်ပယ်ပေါင်းစုံတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။



နှစ်နိုင်ငံဆွေးနွေးပွဲတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အဆိုပါ အစီအစဉ် အောက်မှ နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်အစိုးရမှ ဆက်လက်အကူ အညီပေးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင် ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရေးနှင့် တရုတ်အစိုးရမှ ဆက်လက်အကူအညီ ပေးရေးဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇ဝ) ပြည့်မြောက်မည့် ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သတင်းပြန်ကြားရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ်အစိုးရမှ မြန်မာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအတွက် မြန်မာအစိုးရအား ယွမ် သန်း (၁ဝဝဝ) အကူအညီအထောက်အပံ့ပေးမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။


Credit:BurmeseAsia

#Unicode Version#
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန်အတွက် ဧပြီ ၂၄ ရက်တွင် ပေကျင်းသို့ ရောက်ရှိ၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်အစိုးရမှ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအတွက် ယွမ် သန်း (၁ဝဝဝ) ကူညီထောက်ပံံ့ပေးမည့်ကိစ္စရပ်အပါအဝင် နယ်ပယ်ပေါင်းစုံတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော် ပေကျင်းမြို့သို့ဒေသစံတော်ချိန် ၂ နာရီ ၄၅ မိနစ်တွင်ရောက်ရှိသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့ဝင်များသည် ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of the People) သို့ရောက်ရှိကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် တို့ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ပြည်သူ့ခန်းမဆောင်ကြီး၌ နှစ်နိုင်ငံဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

နှစ်နိုင်ငံဆွေးနွေးပွဲတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အဆိုပါ အစီအစဉ် အောက်မှ နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်အစိုးရမှ ဆက်လက်အကူ အညီပေးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင် ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရေးနှင့် တရုတ်အစိုးရမှ ဆက်လက်အကူအညီ ပေးရေးဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇ဝ) ပြည့်မြောက်မည့် ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သတင်းပြန်ကြားရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ်အစိုးရမှ မြန်မာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအတွက် မြန်မာအစိုးရအား ယွမ် သန်း (၁ဝဝဝ) အကူအညီအထောက်အပံံ့ပေးမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တာဝန်ရှိသူများလိုက်ပါသွားကြသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:BurmeseAsia


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top