ႏိုင္ငံဂုဏ္ေဆာင္ အလွမယ္ အေနနဲ႕ ျမန္မာပရိသတ္ေတြ သိလာရာကေန အႏုပညာအလုပ္ေတြလုပ္ရင္း သရုပ္ေဆာင္ျဖစ္လာတဲ႕ နန္းခင္ေဇယ်ာ က စင္တင္ မွာ သီခ်င္းဆိုျပီး အသက္ေမြးဝမ္းေၾကာင္းရတဲ႕ အမ်ိဳးသမီးေတြ ဘက္ကေန ရပ္တည္တဲ႕ ခံယူခ်က္ေတြကို ဖြင့္ဟခဲ႕ပါတယ္၊

စင္တင္ေတြ၊ စားေသာက္ဆိုင္ေတြ မွာ သီခ်င္းဆိုျပီး ပိုက္ဆံရွာရတဲ႕ အမ်ိဳးသမီးေတြ က မေကာင္းတာ လုပ္တာမဟုတ္ေၾကာင္း နန္းခင္ေဇယ်ာ က သူမ ရဲ႕ အျမင္ေတြကို အခုလို ေျပာခဲ႕တာပါ၊

“အခ်ိဳ႕ လူေတြက ရွိတယ္၊ စင္တင္ေကာင္မေလးေတြ ဆိုျပီး ႏွိမ္တာေတြရွိတယ္၊ မေကာင္းျမင္တဲ႕သူေတြ ရွိတယ္၊ နန္းခင္ အေနနဲ႕က ဒါသည္ မေကာင္းတာလုပ္တာမဟုတ္ဘူး၊ ဝမ္းစာအတြက္ ရပ္တည္ေနတဲ႕အတြက္ေၾကာင့္ သူတို႕ေတြကို မရံႈ႕ခ်ပါနဲ႕၊ မေဝဖန္ပါနဲ႕၊ စင္တင္မွာ လုပ္ေနေပမယ့္လည္း ေကာင္းတဲ႕ အမ်ိဳးသမီးေတြလည္း အမ်ားၾကီး ရွိတယ္” – သရုပ္ေဆာင္ နန္းခင္ေဇယ်ာ

သရုပ္ေဆာင္ နန္းခင္ေဇယ်ာ က အခု လတ္တေလာ အႏုပညာ လႈပ္ရွားမႈ အေနနဲ႕ ဒါရိုက္တာ သက္ေနထြန္း ရိုက္ကူးတဲ႕ ေရခဲပန္းပုရုပ္ အဆင့္ျမင့္ ဗီဒီယို ဇာတ္ကား မွာ သရုပ္ေဆာင္ လႊမ္းပိုင္၊ L ေနေေနာ္၊ အိေခ်ာပို တို႔ ႏွင့္အတူ ပါဝင္သရုပ္ေဆာင္ေနတယ္ လို႕ သိရွိရပါတယ္၊

နန္းခင္ေဇယ်ာ က ေရခဲပန္းပုရုပ္ ဇာတ္ကားထဲမွာ စင္တင္မွာ သီခ်င္းဆိုတဲ႕ အဆိုေတာ္ အေနနဲ႕ ပါဝင္သရုပ္ေဆာင္ထားေၾကာင္း သိရပါတယ္၊

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

နိုင်ငံဂုဏ်ဆောင် အလှမယ် အနေနဲ့ မြန်မာပရိသတ်တွေ သိလာရာကနေ အနုပညာအလုပ်တွေလုပ်ရင်း သရုပ်ဆောင်ဖြစ်လာတဲ့ နန်းခင်ဇေယျာ က စင်တင် မှာ သီချင်းဆိုပြီး အသက်မွေးဝမ်းကြောင်းရတဲ့ အမျိုးသမီးတွေ ဘက်ကနေ ရပ်တည်တဲ့ ခံယူချက်တွေကို ဖွင့်ဟခဲ့ပါတယ်၊

စင်တင်တွေ၊ စားသောက်ဆိုင်တွေ မှာ သီချင်းဆိုပြီး ပိုက်ဆံရှာရတဲ့ အမျိုးသမီးတွေ က မကောင်းတာ လုပ်တာမဟုတ်ကြောင်း နန်းခင်ဇေယျာ က သူမ ရဲ့ အမြင်တွေကို အခုလို ပြောခဲ့တာပါ၊

“အချို့ လူတွေက ရှိတယ်၊ စင်တင်ကောင်မလေးတွေ ဆိုပြီး နှိမ်တာတွေရှိတယ်၊ မကောင်းမြင်တဲ့သူတွေ ရှိတယ်၊ နန်းခင် အနေနဲ့က ဒါသည် မကောင်းတာလုပ်တာမဟုတ်ဘူး၊ ဝမ်းစာအတွက် ရပ်တည်နေတဲ့အတွက်ကြောင့် သူတို့တွေကို မရှုံ့ချပါနဲ့၊ မဝေဖန်ပါနဲ့၊ စင်တင်မှာ လုပ်နေပေမယ့်လည်း ကောင်းတဲ့ အမျိုးသမီးတွေလည်း အများကြီး ရှိတယ်” – သရုပ်ဆောင် နန်းခင်ဇေယျာ

သရုပ်ဆောင် နန်းခင်ဇေယျာ က အခု လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ ဒါရိုက်တာ သက်နေထွန်း ရိုက်ကူးတဲ့ ရေခဲပန်းပုရုပ် အဆင့်မြင့် ဗီဒီယို ဇာတ်ကား မှာ သရုပ်ဆောင် လွှမ်းပိုင်၊ L နေေနော်၊ အိချောပို တို့ နှင့်အတူ ပါဝင်သရုပ်ဆောင်နေတယ် လို့ သိရှိရပါတယ်၊

နန်းခင်ဇေယျာ က ရေခဲပန်းပုရုပ် ဇာတ်ကားထဲမှာ စင်တင်မှာ သီချင်းဆိုတဲ့ အဆိုတော် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရပါတယ်၊

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top