






Credit:marry
# Unicode Version # ဖြင့် ဖတ်ပါ #

မနက်စာ ဆိုတာကတော့ တနေ့လုံးစာ အားအင်ပြည့်စေမယ့် အစာ ဖြစ်တဲ့အတွက် ကျန်တဲ့ နေ့လည်စာ၊ ညနေစာတွေထက် ပိုပြီး အရေးကြီးတဲ့အစာပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရေးလေး တစ်ခု သာယာဖို့ အတွက်ကတော့ လိုအပ်တဲ့အရာတွေ များလှပါတယ်။ သေးသေးလေးက စပြီး ကြီးကြီးထိ ပြုလုပ်ပေးရမှာတွေ ရှိပါတယ်။ ချစ်စ ကြင်စမှာ အချစ်တွေ ပိုတိုးစေဖို့ ပြုလုပ်ပေးရမယ့် အရာလေးတွေထဲမှာ Marry ပြောပြပေးချင်တာကတော့ မနက်စာ ပြင်ဆင်တတ်ဖို့ပဲ ဖြစ်ပါတယ်။ မနက် မိုးလင်းလင်းချင်း ချစ်တဲ့သူလေး ပြင်ဆင်ပေးတဲ့ မနက်စာလေး စားပြီး နေ့ရက်တိုင်းကို အစပြုလိုက်ပါ။

မနက်ခင်းမှာ စိတ်ကြည်ကြည်လေး စတင်လိုက်တော့

တစ်နေ့လုံးအတွက် စိတ်လက် ကြည်လင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မနက်စောစောနိုးပြီး ချစ်တဲ့သူအတွက် မနက်စာ ပြင်ပေးတာရဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးချင်ပါတယ်။ မနက်စာ ဆိုတာကတော့ တနေ့လုံးစာ အားအင်ပြည့်စေမယ့် အစာ ဖြစ်တဲ့အတွက် ကျန်တဲ့ နေ့လည်စာ၊ ညနေစာတွေထက် ပိုပြီး အရေးကြီးတဲ့အစာပဲ ဖြစ်ပါတယ်။ မနက်စာဆိုတာ ပြည့်ပြည့်ဝဝ စားပေးဖို့ လိုအပ်ပါတယ်။ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ဒါတွေလုပ်ဖို့ မမေ့ပါနဲ့နော်။

ချစ်တဲ့သူနဲ့ မနက်စာကို အတူတူ ပြင်ဆင်လိုက်ပါနော်

မနက်စာကိုမှ လမ်းက အဆင်ပြေတာ တစ်ခုခု ဝယ်စားလိုက်တာနဲ့ ချစ်တဲ့သူ ပြင်ပေးတဲ့ မနက်စာ စားရတာကတော့ နှိုင်းလို့ မရတဲ့တန်ဖိုး ကွာခြားချက်ပဲ ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့ တစ်နေတာလုံး မနက်ခင်းလေးက စပြီး အကောင်း စတင်လိုက်နိုင်ဖို့ အတွက်ကတော့ မနက်စာ ပြင်တတ်ပါစေ။

အချစ်ခံချင်ရင်ချစ်အောင်လည်း နေတတ်မှဦးမှာပါ။ ချစ်ခြင်းတွေ ဆိုတာကတော့ ချစ်တဲ့မျက်လုံးလေးနဲ့ ကြည့်ရင် ဘယ်လို နေနေ ချစ်တဲ့သူကတော့ ချစ်နေဦးမှာ ဖြစ်ပေမယ့် ချစ်တဲ့သူ ပိုချစ်အောင်လည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ချစ်တဲ့သူ ပိုချစ်လာအောင် အတွက်မှာလည်း မနက်စာ ပြင်ပေးတာကလည်း တစ်ခု အပါပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top