မႏွစ္က ကသၾကၤန္မွာ မွည့္သီခ်င္းနဲ႔ ပရိသတ္ အၾကိဳက္ေတြ႔ေစခဲ့တဲ့ အဆိုေတာ္ ဟဲေလးက ဒီႏွစ္ႏွစ္္မွာလည္း စမူဆာ လို႔ နာမည္ေပးထားတဲ့ သီခ်င္းနဲ႔ ပရိသတ္ကို စိတ္ဝင္စားေအာင္ ဆြဲေဆာင္ထားပါတယ္။ ပုရိသတို႔ အသည္းေက်ာ္ သင္ဇာဝင့္ေက်ာ္ လည္း ပါဝင္သရုပ္ထားတဲ့ ဒီသီခ်င္းနဲ႔ ပတ္သတ္ျပီး အဆုိေတာ္ဟဲေလက ယခုလိုပဲေျပာသြားခဲ့ပါတယ္။

ဒီဟာက ဘယ္ေနရာမွာ မဆိုရႏိုင္တယ္၊ ကၽြန္ေတာ္ဟိုအရင္ထဲက ခရီးသြားရင္ ပံုေလးေတြတင္တယ္။ သူငယ္ခ်င္းေတြကလည္း လိုက္ Share ၾကတယ္၊ Fan ေတြကလည္း Share ၾကတယ္။ ျပီးေတာ့ ကမၻာအရပ္ရပ္မွာ ရွိၾကတဲ့ သူငယ္ခ်င္းေတြ ျမန္မာျပည္က သူငယ္ခ်င္းေတြ၊ ခရီးသြားတဲ့ သူငယ္ခ်င္းေတြကလည္း ပံုေလးေတြပို႔လာတယ္ ဒါကေတာ့ အင္ဒိုနီးရွား စမူဆာ ဒါကေတာ့ အေမရိက စမူဆာ အဲ့လိုမ်ိဳးေတြ ပို႔လာရင္း တေျဖးေျဖး က်ယ္ျပန္႔လာတယ္ေပါ့ေနာ္။

ထံုစံအတိုင္း မွည့္တုန္းကလို သီခ်င္းေလးေတာင္းလာတာနဲ႔ အခုစမူဆာ ဆိုျပီး လုပ္ျဖစ္သြားတာပါ။ ေပ်ာ္စရာေကာင္းတဲ့ သီခ်င္းေလးတစ္ပုဒ္ေပါ့။ ဒီႏွစ္ သၾကၤန္ သီခ်င္းေတာ့ မထြက္ျဖစ္ဘူး၊ ဒါမဲ့ သၾကၤန္မွာ အဲ့သီခ်င္းေလး ဆုိဖို႔ ရွိပါတယ္။ မွည့္တာကေတာ့ ပိုျပီးေတာ့ ေျပာလို႔ေကာင္းတာေပ့ါ စမူဆာေတာ့ သိ္မ့္ ေျပာလို႔ မေကာင္းဘူးေပါ့လို႔ ရယ္လွ်က္ေျပာျပပါတယ္။

တစ္ခ်ိဳ႕ကလည္းေျပာၾကတာေပါ့ ဒီႏွစ္ေတာ့မွည့္မယ္ တူတူမွည့္ၾကမယ္ေပါ့ ဒါေပမယ့္ စမူဆာကေတာ့ ကၽြန္ေတာ္တို႔ ဆီမွာလည္းရွိတယ္၊ ႏိုင္ငံတိုင္းမွာလည္း ရွိတယ္။ ဘယ္ေနရာသြားသြားရႏိုင္တယ္၊ မနက္ဆို လဖက္ရည္ဆိုင္ သြားလည္းရႏို္င္တယ္။ အဓိကေတာ့ အမွတ္တရေပါ့ ကၽြန္ေတာ့္ ေၾကာင့္ စမူဆာေတြ ေရာင္းေကာင္းၾကေတာ့ ဝမ္းသာပါတယ္လို႔ စမူဆာ သီခ်င္းနဲ႔ ပတ္သက္ျပီး အမွတ္တရမ်ားကို ေျပာျပသြားခဲ့ပါတယ္။

မႏွစ္က မွည့္သီခ်င္းမွာ Sexy ဆန္ဆန္အကေတြနဲ႔ Model ေရႊအိမ္စည္က ပါဝင္ သရုပ္ေဆာင္ထားလို႔ ပရိသတ္ ၾကည့္ရႈမႈႏႈန္း ျမင့္ခဲ့ျပီး ယခု စမူဆာ သီခ်င္းမွာ လည္း သင္ဇာဝင့္ေက်ာ္က အမိုက္စား သရုပ္ေဆာင္ထားတာေၾကာင့္ ပရိသတ္ ေတြ အၾကိဳက္ေတြ႕လိမ့္ဦးမယ္လို႔လည္း ခန္႔မွန္းရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Verison#
မနှစ်က ကသြင်္ကန်မှာ မှည့်သီချင်းနဲ့ ပရိသတ် အကြိုက်တွေ့စေခဲ့တဲ့ အဆိုတော် ဟဲလေးက ဒီနှစ်နှစ်မှာလည်း စမူဆာ လို့ နာမည်ပေးထားတဲ့ သီချင်းနဲ့ ပရိသတ်ကို စိတ်ဝင်စားအောင် ဆွဲဆောင်ထားပါတယ်။ ပုရိသတို့ အသည်းကျော် သင်ဇာဝင့်ကျော် လည်း ပါဝင်သရုပ်ထားတဲ့ ဒီသီချင်းနဲ့ ပတ်သတ်ပြီး အဆိုတော်ဟဲလေက ယခုလိုပဲပြောသွားခဲ့ပါတယ်။

ဒီဟာက ဘယ်နေရာမှာ မဆိုရနိုင်တယ်၊ ကျွန်တော်ဟိုအရင်ထဲက ခရီးသွားရင် ပုံလေးတွေတင်တယ်။ သူငယ်ချင်းတွေကလည်း လိုက် Share ကြတယ်၊ Fan တွေကလည်း Share ကြတယ်။ ပြီးတော့ ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ သူငယ်ချင်းတွေ မြန်မာပြည်က သူငယ်ချင်းတွေ၊ ခရီးသွားတဲ့ သူငယ်ချင်းတွေကလည်း ပုံလေးတွေပို့လာတယ် ဒါကတော့ အင်ဒိုနီးရှား စမူဆာ ဒါကတော့ အမေရိက စမူဆာ အဲ့လိုမျိုးတွေ ပို့လာရင်း တဖြေးဖြေး ကျယ်ပြန့်လာတယ်ပေါ့နော်။

ထုံစံအတိုင်း မှည့်တုန်းကလို သီချင်းလေးတောင်းလာတာနဲ့ အခုစမူဆာ ဆိုပြီး လုပ်ဖြစ်သွားတာပါ။ ပျော်စရာကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပေါ့။ ဒီနှစ် သြင်္ကန် သီချင်းတော့ မထွက်ဖြစ်ဘူး၊ ဒါမဲ့ သြင်္ကန်မှာ အဲ့သီချင်းလေး ဆိုဖို့ ရှိပါတယ်။ မှည့်တာကတော့ ပိုပြီးတော့ ပြောလို့ကောင်းတာပေ့ါ စမူဆာတော့ သိမ့် ပြောလို့ မကောင်းဘူးပေါ့လို့ ရယ်လျှက်ပြောပြပါတယ်။

တစ်ချို့ကလည်းပြောကြတာပေါ့ ဒီနှစ်တော့မှည့်မယ် တူတူမှည့်ကြမယ်ပေါ့ ဒါပေမယ့် စမူဆာကတော့ ကျွန်တော်တို့ ဆီမှာလည်းရှိတယ်၊ နိုင်ငံတိုင်းမှာလည်း ရှိတယ်။ ဘယ်နေရာသွားသွားရနိုင်တယ်၊ မနက်ဆို လဖက်ရည်ဆိုင် သွားလည်းရနိုင်တယ်။ အဓိကတော့ အမှတ်တရပေါ့ ကျွန်တော့် ကြောင့် စမူဆာတွေ ရောင်းကောင်းကြတော့ ဝမ်းသာပါတယ်လို့ စမူဆာ သီချင်းနဲ့ ပတ်သက်ပြီး အမှတ်တရများကို ပြောပြသွားခဲ့ပါတယ်။

မနှစ်က မှည့်သီချင်းမှာ Sexy ဆန်ဆန်အကတွေနဲ့ Model ရွှေအိမ်စည်က ပါဝင် သရုပ်ဆောင်ထားလို့ ပရိသတ် ကြည့်ရှုမှုနှုန်း မြင့်ခဲ့ပြီး ယခု စမူဆာ သီချင်းမှာ လည်း သင်ဇာဝင့်ကျော်က အမိုက်စား သရုပ်ဆောင်ထားတာကြောင့် ပရိသတ် တွေ အကြိုက်တွေ့လိမ့်ဦးမယ်လို့လည်း ခန့်မှန်းရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top