သင်္ကြန် အထူးရထားများကို ဈေးနှုန်းအပြောင်းအလဲမရှိ ပြေးဆွဲပေးမည်
သင်္ကြန်ကာလအတွင်း နေရပ်ပြန်မည့် ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် အထူးရထားများကို ယခင်ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ သွားလာ ပို့ဆောင်ရေးဌာနမှ တိုင်း(၇) မန်နေဂျာ ဦးဇော်လွင်ထံမှ သိရသည်။
ရန်ကုန်မှ မန္တလေးသို့ လာမည့် ဧပြီလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ သင်္ကြန်အထူးရထားများဖြင့် ပြေးဆွဲပေး မည်ဖြစ်ပြီး သင်္ကြန်ပြီးဆုံးချိန်ဖြစ်သည့် ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင်လည်း ရန်ကုန်မှ မန္တလေးသို့ ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ရန်ကုန်နှင့် မန္တလေးတို့မှ ပြေးဆွဲပေးမည့် သင်္ကြန်အထူးရထားများကို ညနေ ၄ နာရီတွင် စတင်ထွက်ခွာ မည်ဖြစ်ကာ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ခရီးဆုံးဘူတာသို့ ရောက်ရှိမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
လမ်းခရီးတွင် ရပ်တန့်ပေးမည့်ဘူတာများမှာ တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး မန္တလေးမှ ရန်ကုန်သို့ သင်္ကြန်အထူးရထားများကို ဧပြီလ ၉၊ ၁ဝ၊ ၁၁၊ ၁၃ ရက်နှင့် သင်္ကြန်အပြီး ဧပြီလ ၁၇၊ ၁၈၊ ၁၉ ရက်များတွင် ပြေးဆွဲပေးမည် ဖြစ်သည်။
ထို့အပြင် သင်္ကြန်ပိတ်ရက်အတွင်း ဝန်ထမ်းများသွားလာမှု အဆင်ပြေစေရေးအတွက် ဧပြီလ ၁၂ ရက်နေ့တွင် နေပြည်တော်မှ ရန်ကုန်၊ ဧပြီလ ၁၇ ရက်နေ့တွင် ရန်ကုန်မှ နေပြည်တော်သို့ ဝန်ထမ်းအထူးရထားဖြင့် ပြေးဆွဲ သွာမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ပြည်သူများ သွားလာရအဆင်ပြေစေရန်အတွက်လည်း ရန်ကုန် မြို့တွင်းနှင့် ဆင်ခြေဖုံလမ်းပိုင်းများအတွက် ရထားတွဲဆိုင်း ၈ ဆိုင်း၊ ရထားစီးရေ ၉ဝ ဖြင့် နေ့စဉ်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
၂၀၁၈ခုနှစ်တွင် သင်္ကြန်အကြိုကာလနှင့် သင်္ကြန်အပြီးကာလများတွင် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွက် အထူးရထား ၄ စီး ပြေးဆွဲပေးခဲ့သည်။
# Unicode Version # ဖြင့် ဖတ်ပါ #
သြင်္ကန်ကာလအတွင်း နေရပ်ပြန်မည့် ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် အထူးရထားများကို ယခင်ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ သွားလာ ပို့ဆောင်ရေးဌာနမှ တိုင်း(၇) မန်နေဂျာ ဦးဇော်လွင်ထံမှ သိရသည်။
အထူးရထားလက်မှတ်ခများကို ယခင်ဈေးနှုန်းအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ရောင်းချပေးသွားမည်ဖြစ်ပြီး လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရေးအတွက် မြန်မာ့မီးရထား တာဝန်ရှိသူများမှ အဆင့်ဆင့် ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
“ ဈေးနှုန်းအပြောင်းအလဲတွေကမရှိပါဘူးဗျ။ အရင်ဈေးနှုန်းတွေအတိုင်းပါပဲ။ သြင်္ကန်ရက်တွေမှာ ခရီးသည်တွေ အဆင်ပြေစေဖို့အတွက် အသွားအပြန်ပေါ့၊ အထူးရထားတွေနဲ့ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်”ဟု ဦးဇော်လွင် က မဇ္ဈိမသို့ ပြောသည်။
အဆိုပါ ရထားများအတွက် အထူးတန်းလက်မှတ်များကို ၃ ရက်ကြိုတင်ရောက်ချပေးမည်ဖြစ်ကာ ရိုးရိုးတန်း လက်မှတ်များကို ၁ ရက်ကြိုတင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မှ မန္တလေးသို့ လာမည့် ဧပြီလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ သြင်္ကန်အထူးရထားများဖြင့် ပြေးဆွဲပေး မည်ဖြစ်ပြီး သြင်္ကန်ပြီးဆုံးချိန်ဖြစ်သည့် ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင်လည်း ရန်ကုန်မှ မန္တလေးသို့ ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ရန်ကုန်နှင့် မန္တလေးတို့မှ ပြေးဆွဲပေးမည့် သြင်္ကန်အထူးရထားများကို ညနေ ၄ နာရီတွင် စတင်ထွက်ခွာ မည်ဖြစ်ကာ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ခရီးဆုံးဘူတာသို့ ရောက်ရှိမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
လမ်းခရီးတွင် ရပ်တန့်ပေးမည့်ဘူတာများမှာ တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး မန္တလေးမှ ရန်ကုန်သို့ သြင်္ကန်အထူးရထားများကို ဧပြီလ ၉၊ ၁ဝ၊ ၁၁၊ ၁၃ ရက်နှင့် သြင်္ကန်အပြီး ဧပြီလ ၁၇၊ ၁၈၊ ၁၉ ရက်များတွင် ပြေးဆွဲပေးမည် ဖြစ်သည်။
ထို့အပြင် သြင်္ကန်ပိတ်ရက်အတွင်း ဝန်ထမ်းများသွားလာမှု အဆင်ပြေစေရေးအတွက် ဧပြီလ ၁၂ ရက်နေ့တွင် နေပြည်တော်မှ ရန်ကုန်၊ ဧပြီလ ၁၇ ရက်နေ့တွင် ရန်ကုန်မှ နေပြည်တော်သို့ ဝန်ထမ်းအထူးရထားဖြင့် ပြေးဆွဲ သွာမည်ဖြစ်ကြောင်း သိရသည်။
သြင်္ကန်ကာလအတွင်း ရန်ကုန်မြို့တွင်း ပြည်သူများ သွားလာရအဆင်ပြေစေရန်အတွက်လည်း ရန်ကုန် မြို့တွင်းနှင့် ဆင်ခြေဖုံလမ်းပိုင်းများအတွက် ရထားတွဲဆိုင်း ၈ ဆိုင်း၊ ရထားစီးရေ ၉ဝ ဖြင့် နေ့စဉ်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
၂၀၁၈ခုနှစ်တွင် သြင်္ကန်အကြိုကာလနှင့် သြင်္ကန်အပြီးကာလများတွင် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွက် အထူးရထား ၄ စီး ပြေးဆွဲပေးခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese