Credit:bamakhit
#Unicode Version# ဖြင့်ဖတ်ပါ ။
ထူးခြားတဲ့သီချင်းတွေ ထူးခြားတဲ့ ဝတ်စားဆင်ယင်မှုပုံတေတွကြောင့် ပရိသတ်တွေရဲ့ အမြင်အာရုံဖမ်းစားထားနိုင်တဲ့ တေးသံရှင် ကျော်ကျော်နန္ဒကတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အရမ်းကို လူပြောသူပြောများနေတဲ့ ဆယ်လီတစ်ယောက်ဖြစ်နေပါတယ်။
လတ်တလောမှာလည်း ကချင်ရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး ကချင်ဘက်ကနေ သတိပေးထားရပါတယ်။ ဒါပေမဲ့ သူဒီလိုတွေဝတ်နေပေမယ့် သူရဲ့ ဝါသနာက ဥကဒေနဲ့ အနုပညာဖြစ်ပြီး ဥပဒေစာအုပ်တစ်ခန်းအိမ်မှာ ထားရှိပြီး ဖတ်ဖြစ်တယ်လို့ အခင်ကရမီဒီယာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။
ကျော်ကျော်နန္ဒက “အကြောင်းအရာကတော့ အားလုံးလုပ်ရင်တော့ ဥပဒေဘောင်လွတ်အောင်တော့ ကျွန်တော် ဝတ်တယ် စားတယ် သွားတယ်လာတယ်။ အဲ့တာတောင် မငြိတငြိလေးတွေဖြစ်သွားလို့ မနည်းတောင်းပန်ရတယ် ရှင်းပေးရတယ်။
တော်တော်တော့ လေ့လာပါတယ် စာအုပ်တွေလည်း ဖတ်တယ် အိမ်မှာဆိုလည်း ဥပဒေနဲ့ ပတ်သက်တဲ့ စာအုပ်ခန်းတစ်ခန်းရှိတယ်။ ကျွန်တော်ဖတ်တာပေါ့နော် ကိုယ်က နဂိုကတည်းက ဝါသနာနှစ်ခုပါနေတယ် ဒီအနုပညာပါတယ် ပြီးတော့ ဥပဒေဘက်ကို ပါတယ်ပေါ့နော်။ အဲ့အတွက်ဖြစ်လာတာလည်း ထပ်တူကြတယ်လို့ပြောလို့ရပါတယ်။
ဖက်ရှင်နဲ့ပတ်သက်ပြီးတော့ ပရိသတ်ပြောတာ ပြောလို့ရတယ် နောက်ပြီးတော့ ကိုယ့်မိဘပြောတာလည်းပြောလို့ရတယ် နောက်ပြီးတော့ အကုန်လုံးပေါ့ ဝိုင်းပြောတာကို ကျွန်တော်လက်ခံတယ်။ ဒါပေမဲ့ တစ်ချို့ကျတော့ ငြိစွန်းလာမယ့် အရာလေးတွေ အဲ့လိုမျိုးပေါ့
တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတို့ ပြီးတော့ ဘာသာတရားနဲ့ ပတ်သက်တာတွေကို ကျွန်တော်ရှောင်ပါတယ်။ ကျွန်တော်ဝတ်ဖြစ်ရင်လည်း ရိုရိုသေသေအေးအေးချမ်းချမ်းလေးပဲ ဝတ်မှာပါ။ ဒီနေ့ဆိုလည်း အရမ်းကြီး ဝတ်ထားတာများနေတာကြောင့် မြန်မာဖက်ရှင်ပုံစံလေး သြင်္ကန် Water Festival ကို Photo Shooting အနေနဲ့ ခုနလေးတင်ကမှ ရိုက်လာတယ်။
အဲ့ပုံလေးတွေ ထွက်လာရင်လည်း ပရိသတ်က ချစ်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို သူတို့က ဗမာဆန်တာလေးတွေလည်း မြင်ချင်ကြတယ်လေ။”လို့ ပြောသွားခဲ့ပါတယ်။
ကချင်ရိုးရာဝတ်စုံဝတ်တာကို သတိပေးတာနဲ့ ပတ်သက်ပြီး “သူတို့က သတိပေးတာပါ အဲ့လိုမျိုးမလုပ်ဖို့ပေါ့နော် နောက်မလုပ်ဖို့ ဒါကိုလည်း ချစ်ခင်လို့ ဝတ်တာပေါ့နော် တစ်စုံလုံးလည်း ကိုယ်လည်း ဝတ်ထားတာ မဟုတ်ဘူးပေါ့နော်။ နောက်ပြီးတော့ ရိုင်းပျစွာဝတ်ချင်တယ်ဆိုရင်တော့ တခြားပုံစံတစ်မျိူးနဲ့ ကျွန်တော်လည်း ထွက်ရင်ထွက်လာမှာပါ။
ဒါပေမဲ့ အဲ့လိုမဟုတ်ဘူး တကယ်ကြီးကို ချစ်မြတ်နိုးလို့ ဝတ်တဲ့ ပုံစံပါ သူတို့ကလည်း ခွင့်လွတ်တယ်။ အဲ့အတွက်ကို နောက်မဝတ်ဖို့ရယ် ပြီးတော့ ကိုယ့်လိုလူတွေ သူတို့ဝတ်စုံလေးကို မဝတ်ကြဖို့ ချစ်ခင်တဲ့မြတ်နိုးတဲ့ ဓလေ့ ထုံးစံအတိုင်းသာ ဝတ်ဖို့တောင်းဆိုထားတယ်။
စာတွေလည်း သေချာထွက်ပြီးတော့ ကျွန်တော့်ကို စာတွေလည်း ပို့ပေးထားတယ် ပြီးတော့ လူမှုကွန်ရက်မှာလည်း သူတို့တင်ထားတယ် အဲ့အတွက် ကျွန်တော်က ပြန်ပြီးတော့ ကျေးဇူးတင်တယ်။ အချိန်အခါသင့်ရင် မြစ်ကြီးနားအထိသွားဖို့ သူတို့ ဖိတ်ခေါ်ထားတဲ့နေရာအထိသွားပြီး သူတို့လုပ်တဲ့ စာနယ်ဇင်းပွဲလေးမှာ ထက်တောင်းပန်ပါမယ်လို့လည်း ပြောထားပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
အချစ်ရေး အနေနဲ့ကတော့ “ကိုယ်စိတ်ဝင်စားတဲ့သူတော့ရှိတာပေါ့ သူစိတ်ဝင်စား မဝင်စားတော့ မသိဘူးပေါ့နော် ဒါပေမယ့် ။ကိုယ့်ရင်ထဲမှာပဲရှိတာ တနေ့နေ့ တချိန်ချိန်တော့ ဖြစ်ပေါ်လာမှာပေါ့။ ကိုယ်ချစ်နေတာကတော့ အနုပညာလောကထဲကပဲ” လို့ ပြောသွားခဲ့ပါသေးတယ်။ သူချစ်နေတဲ့ သူလေးက ဘယ်သူများ ဖြစ်မယ်ထင်လဲ။
ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top