အသက္ရွည္ေစေသာ ဗုဒၶယႀတာ။ ေရွးကံအားနည္းတာကို ျပင္နည္း ေထာက္ေပးနည္း
အသက္ရွည္ေစေသာ ဗုဒၶယႀတာ။ေရွးတုန္းက“ ၀သဘမင္း “လို႕ သီဟိုဠ္ကၽြန္းမွာ ရွိခဲ့တယ္ …

သူ႕ကို ေဗဒင္ဆရာေတြကဘယ့္ႏွယ့္ ေဟာတုန္း ဆိုေတာ့နန္းစံ ၁၂ ႏွစ္သာ ရွိတယ္ …
ဟိုးဘက္ ေသမယ္ေပါ့ေလ …ဒါ ေဗဒင္ဆရာေတြကကံရဲ႕ အေျခအေနကို ၾကည့္ၿပီးေတာ့
လကၡဏာတို႕ ဇာတာတို႕ ေဟာတယ္ …

ကံ ဒီေလာက္သာ ရွိတယ္ေပါ့ …ဒီေတာ့ရွင္ဘုရင္က ေကာင္းၿပီ ေနပါေစဆိုၿပီးေတာ့ ရဟန္းေတာ္ မ်ားကို ေလွ်ာက္ပါတယ္ …သီဟိုဠ္ကၽြန္းကသာသနာ ထြန္းကားတုန္းကိုး …ရဟန္းေတာ္မ်ား ေလွ်ာက္ေတာ့ –

ရဟန္းေတာ္မ်ားကဒီမွာ အက်ဳိးရွိဖို႕ ရန္ရည္ရြယ္ၿပီးေတာ့ဇရပ္ေဟာင္းေတြျပင္ ,ေက်ာင္းအေဟာင္း အပ်က္ေတြျပင္တဲ့ ကံေတြက …ဒီမွာ အက်ဳိးရွိဖို႕ရန္ ရည္ရြယ္္ၿပီးေတာ့ဇရပ္ေဟာင္းေတြ ျပင္တာေပါ့ေက်ာင္းအို ေက်ာင္းပ်က္မ်ားကို ျပင္တာေပါ့ …

ဘုရားအို ဘုရားပ်က္မ်ားကိုျပင္လူသြားတဲ့ လမ္းမွာ တံတားေဟာင္းေတြ ျပင္မရွိရင္အသစ္ ေဆာက္ …အဲဒီလို စီမံတဲ့အတိုင္း လုပ္လိုက္တာနန္းစံ ၁၂ – ႏွစ္လဲ မကဘူး၂၄ – ႏွစ္လဲ မကဘူး ၊ ၃၆ – ႏွစ္လဲ မကဘူးအသက္ ရွည္သြားလိုက္တာ …

ဒါ ဘယ္သူ႕ကိုျပင္တာလဲ ဆိုေတာ့ကံကို ျပင္တာကံကို ေထာက္ေပးေနတာ …ေရွးကံကို
အားေသးေနတဲ့ ကံကိုေနာက္ ကုသိုလ္ေတြနဲ႕ ေထာက္ေပးေနတာ …ျမန္မာ ေဗဒင္ဆရာမ်ားကလည္းေဟာၾကတယ္ …နည္းနည္း ကံဇာတာေလး ညံ့ေနတယ္ေညာင္ေထာက္ပါ , တံတားခင္းပါ ေျပာၾကတယ္ဒါမွန္တယ္ …

ေသာက္ေရအိုးစင္တို႕ ဘာတို႕တည္ပါဒါမွန္တယ္ကံနဲ႕ ျပဳျပင္ေပးေနတာ …
ေညာင္ေထာက္တယ္ ဆိုတာေညာင္ပင္မ်ားက အမ်ားအားျဖင့္ အရိပ္ရေအာင္
နဂိုက စိုက္ၾကတာ …

အကိုင္းေအာက္ၫြန္႕ၿပီးေနေတာ့အရိပ္က အျပန္႕နည္းသြားတယ္ …
အဲ ဒီေညာင္ပင္ကိုေအာက္ေထာက္ တိုင္မာမာနဲ႕ ေထာက္ေပးေတာ့
ေညာင္ကိုင္းက အထက္တက္သြားတယ္ …

ဒါေၾကာင့္…ေညာင္ေထာက္ပါ , တံတားခင္းပါအဲဒီလို ေရွးလူႀကီးေတြကလဲ
လုပ္ေပးေလ့ ရွိတယ္ …မန္က်ည္းပင္ႀကီးေတြ လမ္းသြားလမ္းလာ
စိုက္ထားလိုက္ၾကတာၾကည္ညိဳစရာ ေကာင္းလိုက္တာ …

ေနာက္ လူေတြကခုတ္ခုတ္ ပစ္လိုက္ၾကတာေကာင္းေရာ ေကာင္းေရာ …

အဲဒီလိုေရွး ကံေတြကို ျပဳျပင္လို႕ရပါတယ္ဒီလို နားလည္ၾကပါေနာ္ …

ဒါေပမယ့္အေတာ္အတန္သာ ရတယ္ေနာ္သိပ္ၿပီးေတာ့ ရတယ္လို႕ မယူဆၾကနဲ႕
အေတာ္အတန္ေတာ့ရတယ္ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အရွင္_ဇနကာဘိ၀ံသ
# Unicode Version # ျဖင့္ ဖတ္ပါ #


အသက်ရှည်စေသော ဗုဒ္ဓယတြာ။ ရှေးကံအားနည်းတာကို ပြင်နည်း ထောက်ပေးနည်း
အသက်ရှည်စေသော ဗုဒ္ဓယတြာ။ရှေးတုန်းက“ ဝသဘမင်း “လို့ သီဟိုဠ်ကျွန်းမှာ ရှိခဲ့တယ် …

သူ့ကို ဗေဒင်ဆရာတွေကဘယ့်နှယ့် ဟောတုန်း ဆိုတော့နန်းစံ ၁၂ နှစ်သာ ရှိတယ် …
ဟိုးဘက် သေမယ်ပေါ့လေ …ဒါ ဗေဒင်ဆရာတွေကကံရဲ့ အခြေအနေကို ကြည့်ပြီးတော့
လက္ခဏာတို့ ဇာတာတို့ ဟောတယ် …

ကံ ဒီလောက်သာ ရှိတယ်ပေါ့ …ဒီတော့ရှင်ဘုရင်က ကောင်းပြီ နေပါစေဆိုပြီးတော့ ရဟန်းတော် များကို လျှောက်ပါတယ် …သီဟိုဠ်ကျွန်းကသာသနာ ထွန်းကားတုန်းကိုး …ရဟန်းတော်များ လျှောက်တော့ –

ရဟန်းတော်များကဒီမှာ အကျိုးရှိဖို့ ရန်ရည်ရွယ်ပြီးတော့ဇရပ်ဟောင်းတွေပြင် ,ကျောင်းအဟောင်း အပျက်တွေပြင်တဲ့ ကံတွေက …ဒီမှာ အကျိုးရှိဖို့ရန် ရည်ရွယ်ပြီးတော့ဇရပ်ဟောင်းတွေ ပြင်တာပေါ့ကျောင်းအို ကျောင်းပျက်များကို ပြင်တာပေါ့ …

ဘုရားအို ဘုရားပျက်များကိုပြင်လူသွားတဲ့ လမ်းမှာ တံတားဟောင်းတွေ ပြင်မရှိရင်အသစ် ဆောက် …အဲဒီလို စီမံတဲ့အတိုင်း လုပ်လိုက်တာနန်းစံ ၁၂ – နှစ်လဲ မကဘူး၂၄ – နှစ်လဲ မကဘူး ၊ ၃၆ – နှစ်လဲ မကဘူးအသက် ရှည်သွားလိုက်တာ …

ဒါ ဘယ်သူ့ကိုပြင်တာလဲ ဆိုတော့ကံကို ပြင်တာကံကို ထောက်ပေးနေတာ …ရှေးကံကို
အားသေးနေတဲ့ ကံကိုနောက် ကုသိုလ်တွေနဲ့ ထောက်ပေးနေတာ …မြန်မာ ဗေဒင်ဆရာများကလည်းဟောကြတယ် …နည်းနည်း ကံဇာတာလေး ညံ့နေတယ်ညောင်ထောက်ပါ , တံတားခင်းပါ ပြောကြတယ်ဒါမှန်တယ် …

သောက်ရေအိုးစင်တို့ ဘာတို့တည်ပါဒါမှန်တယ်ကံနဲ့ ပြုပြင်ပေးနေတာ …
ညောင်ထောက်တယ် ဆိုတာညောင်ပင်များက အများအားဖြင့် အရိပ်ရအောင်
နဂိုက စိုက်ကြတာ …

အကိုင်းအောက်ညွန့်ပြီးနေတော့အရိပ်က အပြန့်နည်းသွားတယ် …
အဲ ဒီညောင်ပင်ကိုအောက်ထောက် တိုင်မာမာနဲ့ ထောက်ပေးတော့
ညောင်ကိုင်းက အထက်တက်သွားတယ် …

ဒါကြောင့်…ညောင်ထောက်ပါ , တံတားခင်းပါအဲဒီလို ရှေးလူကြီးတွေကလဲ
လုပ်ပေးလေ့ ရှိတယ် …မန်ကျည်းပင်ကြီးတွေ လမ်းသွားလမ်းလာ
စိုက်ထားလိုက်ကြတာကြည်ညိုစရာ ကောင်းလိုက်တာ …

နောက် လူတွေကခုတ်ခုတ် ပစ်လိုက်ကြတာကောင်းရော ကောင်းရော …

အဲဒီလိုရှေး ကံတွေကို ပြုပြင်လို့ရပါတယ်ဒီလို နားလည်ကြပါနော် …

ဒါပေမယ့်အတော်အတန်သာ ရတယ်နော်သိပ်ပြီးတော့ ရတယ်လို့ မယူဆကြနဲ့
အတော်အတန်တော့ရတယ် …

ဖိုးသူတော် (www.phothutaw.com)
Credit:အရှင်_ဇနကာဘိဝံသ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top