ျမတ္စြာဘုရားက ဒုကၡျဖစ္တယ္ဆိုတာ တစ္ျခားေၾကာင့္ မဟုတ္ဘူး ေဟာဒီ တြယ္တာမွဳေၾကာင့္ျဖစ္တာ ဒုကၡျဖစ္ျခင္းအေၾကာင္းက တြယ္တာမွဳပဲ ဒုကၡခ်ဳပ္ၿငိမ္းခ်င္ရင္ ဒီ တြယ္တာမွဳကို ဖယ္ရွားရမယ္ တြယ္တာမွဳကို ဖယ္လိုက္ႏိုင္တာနဲ႔ တၿပိဳင္နက္ ဒုကၡဟာ ခ်ဳပ္ၿငိမ္းသြားတယ္ႏွစ္သက္တြယ္တာမွဳဆိုတဲ့ အတြယ္အတာ တဏွာရွိေနေသးသမွ် ဘယ္ေခတ္ဘယ္ကာလမွာပဲျဖစ္ျဖစ္ ဒုကၡဆိုတာ လာဦးမွာပဲ။

ဒီ အတြယ္အတာ တဏွာကို ဖယ္ရွားျခင္းဟာ ဒုကၡခ်ဳပ္ျခင္းပါပဲ ရွင္သာရိပုတၱရာ မေထရ္ျမတ္က အနာထပိဏ္သူေဌးႀကီးကို မ်က္စိကျမင္တဲ့အာရံုကေန စၿပီးေတာ့ တြယ္တာမွဳေတြ တစ္ခုခ်င္း တစ္ခုခ်င္း ျဖဳတ္သြားသလို တို႔တစ္ေတြလည္းပဲ---
နံပါတ္(၁)ကိုယ္ပိုင္ဆိုင္တဲ့ပစၥည္းေတြေပၚမွာ တြယ္တာတဲ့တဏွာကို ျဖဳတ္နိဳင္ရမယ္။

နံပါတ္(၂)ကိုယ္နဲ႔ခင္မင္တဲ့ပုဂၢိဳလ္ေပၚမွာ
တြယ္တာတဲ့တဏွာကိုျဖဳတ္နိဳင္ရမယ္။

နံပါတ္(၃)ကိုယ့္ကိုယ္ကိုတြယ္တာေနတဲ့
တဏွာကိုျဖဳတ္နိဳင္ရမွာပါ။

အဲဒီအဆင့္သံုးဆင့္နဲ႔ျဖဳတ္လိုက္ႏိုင္ၿပီဆိုရင္ ကိုယ့္ကိုယ္ကိုေတာင္ မတြယ္တာေတာ့
ဘူးအတြယ္အတာေတြလံုး၀ျပတ္သြားၿပီဆိုရင္ “ဧေသ၀ေႏၲာ ဒုကၡႆ=ဒါဆင္းရဲဒုကၡရဲ႕ အဆံုးသတ္ျခင္းပါပဲအကယ္၍အတြယ္အတာေတြက်န္ေနဦးမယ္ဆိုရင္ေတာ့ဒုကၡ
ေတြ အဆံုးမသတ္ႏိုင္ေသးပါဘူး။

ဒါေၾကာင့္ ခႏၶာငါးပါးကို တြယ္တာတဲ့ အတြယ္အတာမွန္သမွ်ကို တစ္စခ်င္း ျဖဳတ္ႏိုင္ေအာင္ ႀကိဳးစားၾကရမယ္ ထိုသို႔ ျဖဳတ္ဖို႔အတြက္က ဒီခႏၶာငါးပါးရဲ႕ အျပစ္ေတြကိုျမင္ေအာင္၊သဘာ၀အစစ္
အမွန္ေတြကို ျမင္ေအာင္ ရွဳျမင္သံုးသပ္မွ အတြယ္အတာဆိုတာ ျပဳတ္ႏိုင္မွာျဖစ္
ပါတယ္။

ဒါေၾကာင့္ တရားခ်စ္ခင္ ဓမၼမိတ္ေဆြအေပါင္းတို႔ကလည္း သဘာ၀တရားကို ရွဳျမင္သံုး
သပ္ႏိုင္တဲ့ ၀ိပႆနာဉာဏ္မ်ိဳးရေအာင္ က်င့္ႀကံႀကိဳးကုတ္ အားထုတ္ျခင္းျဖင့္ အတြယ္အတာမွန္သမွ် ျပဳတ္ၿပီး ဒုကၡခပ္သိမ္း ခ်ဳပ္ၿငိမ္းရာမွန္ ျမတ္နိဗၺာန္သို႔ ကိုယ္စီကိုယ္ငွ မ်က္ေမွာက္ျပဳႏိုင္
ၾကပါေစ ကုန္သတည္း။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်းဇူးေတာ္ရွင္ပါေမာကၡခ်ဳပ္ဆရာ
ေတာ္ေဒါက္တာအရွင္နႏၵမာလာဘိ၀ံသ
# Unicode Version # ျဖင့္ ဖတ္ပါ #


 မြတ်စွာဘုရားက ဒုက္ခဖြစ်တယ်ဆိုတာ တစ်ခြားကြောင့် မဟုတ်ဘူး ဟောဒီ တွယ်တာမှုကြောင့်ဖြစ်တာ ဒုက္ခဖြစ်ခြင်းအကြောင်းက တွယ်တာမှုပဲ ဒုက္ခချုပ်ငြိမ်းချင်ရင် ဒီ တွယ်တာမှုကို ဖယ်ရှားရမယ် တွယ်တာမှုကို ဖယ်လိုက်နိုင်တာနဲ့ တပြိုင်နက် ဒုက္ခဟာ ချုပ်ငြိမ်းသွားတယ်နှစ်သက်တွယ်တာမှုဆိုတဲ့ အတွယ်အတာ တဏှာရှိနေသေးသမျှ ဘယ်ခေတ်ဘယ်ကာလမှာပဲဖြစ်ဖြစ် ဒုက္ခဆိုတာ လာဦးမှာပဲ။

ဒီ အတွယ်အတာ တဏှာကို ဖယ်ရှားခြင်းဟာ ဒုက္ခချုပ်ခြင်းပါပဲ ရှင်သာရိပုတ္တရာ မထေရ်မြတ်က အနာထပိဏ်သူဌေးကြီးကို မျက်စိကမြင်တဲ့အာရုံကနေ စပြီးတော့ တွယ်တာမှုတွေ တစ်ခုချင်း တစ်ခုချင်း ဖြုတ်သွားသလို တို့တစ်တွေလည်းပဲ---
နံပါတ်(၁)ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေပေါ်မှာ တွယ်တာတဲ့တဏှာကို ဖြုတ်နိုင်ရမယ်။

နံပါတ်(၂)ကိုယ်နဲ့ခင်မင်တဲ့ပုဂ္ဂိုလ်ပေါ်မှာ
တွယ်တာတဲ့တဏှာကိုဖြုတ်နိုင်ရမယ်။

နံပါတ်(၃)ကိုယ့်ကိုယ်ကိုတွယ်တာနေတဲ့
တဏှာကိုဖြုတ်နိုင်ရမှာပါ။

အဲဒီအဆင့်သုံးဆင့်နဲ့ဖြုတ်လိုက်နိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကိုတောင် မတွယ်တာတော့
ဘူးအတွယ်အတာတွေလုံးဝပြတ်သွားပြီဆိုရင် “ဧသေဝန္တော ဒုက္ခဿ=ဒါဆင်းရဲဒုက္ခရဲ့ အဆုံးသတ်ခြင်းပါပဲအကယ်၍အတွယ်အတာတွေကျန်နေဦးမယ်ဆိုရင်တော့ဒုက္ခ
တွေ အဆုံးမသတ်နိုင်သေးပါဘူး။

ဒါကြောင့် ခန္ဓာငါးပါးကို တွယ်တာတဲ့ အတွယ်အတာမှန်သမျှကို တစ်စချင်း ဖြုတ်နိုင်အောင် ကြိုးစားကြရမယ် ထိုသို့ ဖြုတ်ဖို့အတွက်က ဒီခန္ဓာငါးပါးရဲ့ အပြစ်တွေကိုမြင်အောင်၊သဘာဝအစစ်
အမှန်တွေကို မြင်အောင် ရှုမြင်သုံးသပ်မှ အတွယ်အတာဆိုတာ ပြုတ်နိုင်မှာဖြစ်
ပါတယ်။

ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း သဘာဝတရားကို ရှုမြင်သုံး
သပ်နိုင်တဲ့ ဝိပဿနာဉာဏ်မျိုးရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် အတွယ်အတာမှန်သမျှ ပြုတ်ပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့ ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်
ကြပါစေ ကုန်သတည်း။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာ
တော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top