Credit:Nanmalgyi
#Unicode Version#
ဝေဖန်သံတွေ ၊အလိုမကျမှုတွေနဲ့ပြီးဆုံးသွားတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပရိသတ်တွေမျှော်လင့်ထားတဲ့ဇာတ်ကား နှစ်ကားဖြစ်တဲ့ ခီမောင်နှံရဲ့အနုပညာတွေနဲ့ မီဇာတ်လမ်းကိုချွေးသိမ့်တဲ့အနေနဲ့သာ စကာတင်စာရင်းထဲထည့်ထားတယ်လို့ထိပရိသတ်တွေခံစားသွားလောက်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ အဲ့ဒီလိုခံစားချက်တွေနဲ့ပွဲကြီးပြီးဆုံးသွားပေမယ့် ပရိသတ်တွေရဲ့ရင်ထဲမှာတော့ သူတို့တွေကို ဆုရစေချင်တဲ့စိတ်ကတော့ ပြီးဆုံးမသွားခဲ့ပါဘူး။ အဲ့ဒီစိတ်ကိုအခြေခံပြီး စတင်လှုပ်ရှားခဲ့တဲ့ ခီနဲ့မီ ကိုပရိသတ်ကပေးတဲ့ဆုအကြောင်းကိုလည်း မိတ်ဆွေတို့သိရှိပြီးသားဖြစ်မှာပါ။
အနုပညာကို တီးမိခေါက်မိရှိပြီး နိုင်ငံတကာရုပ်ရှင်တွေပဲ ခံစားကြည့်ရှုနေတဲ့ မြန်မာလူမျိုးပရိသတ်တွေကို မြန်မာဇာတ်လမ်း မြန်မာတွေရိုက်ထားတဲ့ရုပ်ရှင်ကွဆိုပြီးထအော်ယူလို့ရတဲ့အထိ အားပေးမှုတခဲနက် ရရှိထားတဲ့ မုဒြာခေါ်သံနဲ့မီရုပ်ရှင်တွေကတော့ ပရိသတ်ကပေးလိုက်တဲ့အကယ်ဒမီဆုကိုရရှိသွားပြီးသားဖြစ်ပါတယ်။ အခုဆိုရင် ခီနဲ့မီအတွက်ဆိုပြီးပရိသတ်တွေက People’s Awardဆိုတဲ့နာမည်နဲ့ဂုဏ်ပြုဆုချီးမြှင့်ဖို့ကို ကိုစိုးသီစနောင်လို့အမည်ရသူတစ်ယောက်ကစတင်ခဲ့တာဟာ အခုဆိုရင် ဂုဏ်ပြုဆုငွေ သိန်း၆၀နီးပါးရရှိထားပြီးဖြစ်ပါတယ်။
ဒီဆုကတော့ အနုပညာရှင်တော်တော်များများပါးစပ်ကပြောပြီးလက်တွေ့မပိုင်ဆိုင်ရဘူးတဲ့ ပရိသတ်ကပေးတဲ့ အကယ်ဒမီလို့တောင်တင်စားခေါ်ဝေါ်မယ်ဆိုရင်တောင်လွန်မယ်မထင်ပါဘူး ။ခီနဲ့မီပရိသတ်တွေပျော်လို့ရအောင် ၊ မသိရမရှိလေအောင် ကျနော်တို့ ပြောချင်လွန်းလို့ က မိတ်ဆွေတို့အတွက်ရည်ရွယ်ပြီးတင်ဆက်ပေးလိုက်ရပါတယ်။ ခင်ဗျာ။
ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi