20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

31-3-2019) ရက္ေန႔ည ၁၁ နာရီခြဲအခ်ိန္မွာ

ဆီဆိုင္ၿမိဳ႕တဘက္ေက်းရြာအုပ္စု မဲဟဲေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းေပၚကိုတက္ေရာက္ၿပီး ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ ႐ွင္ျပဳရန္အတြက္ဘုန္းႀကီးေက်ာင္းမွာ အိပ္ေပ်ာ္ ေနသည့္ တတိယတန္းေက်ာင္းသားႏွစ္ဦး ဦးေခါင္းတို႔တြင္ေသနတ္ထိမွန္ေသဆံုးေနၾကေၾကာင္း သတင္းရ႐ွိပါတယ္။

ကေလးငယ္ႏွစ္ဦးမွာ ဦးေခါင္းေနာက္ေစ့ပြင့္ဒါဏ္ရာ မ်က္ႏွာသို႔ေဖာက္ထြက္ဒါဏ္ရာမ်ားျဖင့္ ေနရာမွာပင္ ေသဆံုးသြားၾကေၾကာင္း၊
Image may contain: one or more people
ည ၁၁ နာရီခြဲအခ်ိန္ေလာက္မွာ PNA အသြင္ေျပာင္းျပည္သူ႔စစ္ ခြဲ ၃ မွခြန္ေမာင္ပြားဆိုသူ ေက်ာင္းေပၚသို႔တစ္ဦးတည္းတက္ေရာက္လာၿပီး အိပ္ေပ်ာ္ေနၾကေသာကေလးမ်ားကို ခ်ိန္ရြယ္၍ပစ္ခတ္ခဲ့ရာ ခြန္ေက်ာ္ေလး အသက္ ၉ ႏွစ္ခန္႔ အရြယ္႐ွိ တတိယတန္းေက်ာင္းသားတစ္ဦးႏွင့္ ခြန္ေက်ာ္ဆန္း အသက္ ၉ ႏွစ္အရြယ္႐ွိ တတိယတန္းေက်ာင္းသားႏွစ္ဦးကိုေသနတ္ထိမွန္ ေသဆံုးခဲ့ေၾကာင္း ေက်ာင္းထိုင္ဆရာေတာ္ဦးနရိနၵက ေျပာၾကားခဲ့ပါတယ္။

ကေလးငယ္ႏွစ္ဦးမွာ ေနာင္ေက်ာေက်းရြာအုပ္စု လံုးဖိုးေက်းရြာ အမကေက်ာင္းမွ ကေလးမ်ားျဖစ္ေက်ာင္းသိ႐ွိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:thadinyatkwat
 Mg Mg

#Unicode Version#
31-3-2019) ရက်နေ့ည ၁၁ နာရီခွဲအချိန်မှာ

ဆီဆိုင်မြို့တဘက်ကျေးရွာအုပ်စု မဲဟဲကျေးရွာဘုန်းတော်ကြီးကျောင်းပေါ်ကိုတက်ရောက်ပြီး သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ရှင်ပြုရန်အတွက်ဘုန်းကြီးကျောင်းမှာ အိပ်ပျော် နေသည့် တတိယတန်းကျောင်းသားနှစ်ဦး ဦးခေါင်းတို့တွင်သေနတ်ထိမှန်သေဆုံးနေကြကြောင်း သတင်းရရှိပါတယ်။

ကလေးငယ်နှစ်ဦးမှာ ဦးခေါင်းနောက်စေ့ပွင့်ဒါဏ်ရာ မျက်နှာသို့ဖောက်ထွက်ဒါဏ်ရာများဖြင့် နေရာမှာပင် သေဆုံးသွားကြကြောင်း၊

ည ၁၁ နာရီခွဲအချိန်လောက်မှာ PNA အသွင်ပြောင်းပြည်သူ့စစ် ခွဲ ၃ မှခွန်မောင်ပွားဆိုသူ ကျောင်းပေါ်သို့တစ်ဦးတည်းတက်ရောက်လာပြီး အိပ်ပျော်နေကြသောကလေးများကို ချိန်ရွယ်၍ပစ်ခတ်ခဲ့ရာ ခွန်ကျော်လေး အသက် ၉ နှစ်ခန့် အရွယ်ရှိ တတိယတန်းကျောင်းသားတစ်ဦးနှင့် ခွန်ကျော်ဆန်း အသက် ၉ နှစ်အရွယ်ရှိ တတိယတန်းကျောင်းသားနှစ်ဦးကိုသေနတ်ထိမှန် သေဆုံးခဲ့ကြောင်း ကျောင်းထိုင်ဆရာတော်ဦးနရိန္ဒက ပြောကြားခဲ့ပါတယ်။

ကလေးငယ်နှစ်ဦးမှာ နောင်ကျောကျေးရွာအုပ်စု လုံးဖိုးကျေးရွာ အမကကျောင်းမှ ကလေးများဖြစ်ကျောင်းသိရှိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:thadinyatkwat

 Mg Mg


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top