ေတးသံရွင္ေက်ာ္ေက်ာ္နႏၵကသူ့ရဲ့သီခ်င္းေတြနဲ့လူတကာနဲ့မတူတဲ့ဖက္ရွင္ေတြေျကာင့္လတ္တေလာပရိသတ္ေတြျကားမွာေရပန္းစားေနတာျဖစ္ပါတယ္။ေက်ာ္ေက်ာ္နႏၵကအနုပညာေလာကထဲမွာက်င္လည္ေနတာျကာျပီျဖစ္ေပမယ့္မျကာခင္ကထြက္ရိွခဲ့တဲ့ “ဆက္ပက္သျကၤန္” သီခ်င္းေျကာင့္ လူသိမ်ားလာခဲ့တာျဖစ္ပါတယ္။ေတးသံရွင္ေက်ာ္ေက်ာ္နႏၵက လက္ရိွမွာလဲ အနုပညာလုပ္ငန္းေတြကို ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနျပီပဲ ျဖစ္ပါတယ္။

ေက်ာ္ေက်ာ္နႏၵက ျပီးခဲ့တဲ့ ရက္ပိုင္းက သ်ွင္ေနမင္း ဦးစီးတဲ့ သျကၤန္အျကိုshow ပြဲကိုကခ်င္အမ်ိုးသမီးေတြရဲ့ရိုးရာဝတ္စံုက ေငြေမာင္းေတြနဲ့ဖန္တီးထားတဲ့ဝတ္စံုကိုဝတ္ဆင္ျပီးတက္​​ေရာက္ခဲ့တာေျကာင့္ကခ်င္လူငယ္မ်ားအစည္းအရံုးကျပည္ေထာင္စုျမန္မာနိုင္ငံ ကခ်င္တိုင္းရင္းသားရိုးရာအား မေလးမစား မထီမဲ့ျမင္ ျပဳလုပ္ရာ ေရာက္တယ္ဆိုျပီး သူတို့ရဲ့ သေဘာထားကို ထုတ္ျပန္ခဲ့ပါတယ္။

ေက်ာ္ေက်ာ္နႏၵက မေန့ကေတာ့မီဒီယာေတြမွတဆင့္”ကခ်င္ပုဆိုးေလးကိုေသသပ္စြာဝတ္ဆင္ျပီးယေန့မီဒီယာမ်ားမွတဆင့္ ကခ်င္ျပည္နယ္ၾကီးကိုခ်စ္ခင္တန္ဖိုးထားေျကာင္းနွင့္ဆန္းသစ္ေသာဝတ္စားဆင္ယဥ္မူအလြဲတစ္ခုအတြက္ကခ်င္ျပည္နယ္မွ အဖြဲ ့ကခ်င္ျပည္နယ္နွင့္သက္ဆိုင္သည့္ အဖြဲ ့အားလုံးကို ယေန ့တရားဝင္ေတာင္းပန္ခဲ့ပါသည္ ”

“က်ေနာ္အားခ်စ္ခင္စာနာစြာျဖင့္ သတိေပးထုတ္ျပန္စာကိုလည္း လိုက္နာသည့္အတြက္ ယခုကဲ့သို ့ေတာင္းပန္လိုက္တာပါ အားလုံးက်န္းမာခ်မ္းသာစည္လုံးညီညႊတ္ေသာျပည္ေထာင္စုဖြားတိုင္းရင္းသားမ်ားျဖစ္ျကပါေစ”ဆိုျပီးသူ့ရဲ့ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာထားပါတယ္။

ေက်ာ္ေက်ာ္နႏၵကဒီဝတ္စံုကိုဖ်က္ဆီးျခင္တဲ့ရည္ရြယ္ခ်က္နဲ့မဟုတ္ပဲသာမာန္တိုင္းရင္းသားဝတ္စံုကိုခ်စ္ခင္ျမတ္နိုးတဲ့စိတ္ဓာတ္နဲ့သာဝတ္ဆင္ထားမွန္းသိသာပါတယ္။ေက်ာ္ေက်ာ္နႏၵကလက္ရိွမွာလဲအနုပညာလုပ္ငန္းေတြကိုဆက္လက္လုပ္ကိုင္ေနတာမို့ ဆက္လက္ေစာင့္ျကည့္ေပးျကပါဦးေနာ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ျကီးကို  ေက်းဇူးအထူးတင္ရိွပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

တေးသံရှင်ကျော်ကျော်နန္ဒကသူ့ရဲ့သီချင်းတွေနဲ့လူတကာနဲ့မတူတဲ့ဖက်ရှင်တွေကြောင့်လတ်တလောပရိသတ်တွေကြားမှာရေပန်းစားနေတာဖြစ်ပါတယ်။ကျော်ကျော်နန္ဒကအနုပညာလောကထဲမှာကျင်လည်နေတာကြာပြီဖြစ်ပေမယ့်မကြာခင်ကထွက်ရှိခဲ့တဲ့ “ဆက်ပက်သြင်္ကန်” သီချင်းကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။တေးသံရှင်ကျော်ကျော်နန္ဒက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒက ပြီးခဲ့တဲ့ ရက်ပိုင်းက သျှင်နေမင်း ဦးစီးတဲ့ သြင်္ကန်အကြိုshow ပွဲကိုကချင်အမျိုးသမီးတွေရဲ့ရိုးရာဝတ်စုံက ငွေမောင်းတွေနဲ့ဖန်တီးထားတဲ့ဝတ်စုံကိုဝတ်ဆင်ပြီးတက်ရောက်ခဲ့တာကြောင့်ကချင်လူငယ်များအစည်းအရုံးကပြည်ထောင်စုမြန်မာနိုင်ငံ ကချင်တိုင်းရင်းသားရိုးရာအား မလေးမစား မထီမဲ့မြင် ပြုလုပ်ရာ ရောက်တယ်ဆိုပြီး သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

ကျော်ကျော်နန္ဒက မနေ့ကတော့မီဒီယာတွေမှတဆင့်”ကချင်ပုဆိုးလေးကိုသေသပ်စွာဝတ်ဆင်ပြီးယနေ့မီဒီယာများမှတဆင့် ကချင်ပြည်နယ်ကြီးကိုချစ်ခင်တန်ဖိုးထားကြောင်းနှင့်ဆန်းသစ်သောဝတ်စားဆင်ယဉ်မူအလွဲတစ်ခုအတွက်ကချင်ပြည်နယ်မှ အဖွဲ့ကချင်ပြည်နယ်နှင့်သက်ဆိုင်သည့် အဖွဲ့အားလုံးကို ယနေ့တရားဝင်တောင်းပန်ခဲ့ပါသည် ”

“ကျနော်အားချစ်ခင်စာနာစွာဖြင့် သတိပေးထုတ်ပြန်စာကိုလည်း လိုက်နာသည့်အတွက် ယခုကဲ့သို့တောင်းပန်လိုက်တာပါ အားလုံးကျန်းမာချမ်းသာစည်လုံးညီညွှတ်သောပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်ကြပါစေ”ဆိုပြီးသူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။

ကျော်ကျော်နန္ဒကဒီဝတ်စုံကိုဖျက်ဆီးခြင်တဲ့ရည်ရွယ်ချက်နဲ့မဟုတ်ပဲသာမာန်တိုင်းရင်းသားဝတ်စုံကိုချစ်ခင်မြတ်နိုးတဲ့စိတ်ဓာတ်နဲ့သာဝတ်ဆင်ထားမှန်းသိသာပါတယ်။ကျော်ကျော်နန္ဒကလက်ရှိမှာလဲအနုပညာလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေတာမို့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးတင်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top