AFC Cup ၂၀၁၉ၿပိဳင္ပြဲ၏ ပြဲစဥ္(၃)အျဖစ္ ရွမ္းယူႏိုက္တက္အသင္းသည္ ဗီယက္နမ္ကလပ္ ဘီေခးမက္စ္ ဘင္ေဒါင္း အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရာ အိမ္ကြင္းတြင္ ရႈံးနိမ့္ခဲ့ၿပီး အုပ္စုေနာက္ဆုံးအ ဆင့္တြင္ ရပ္တည္ေနသည္။

ယေန႔ ဧၿပီ ၃ ရက္ေန႔၊ ညေန ၃နာရီခြဲအခ်ိန္၊ သုဝဏၰေဘာလုံးကြင္း၌ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္ၿပီး (၂-၁)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ျခင္း ျဖစ္သည္။ ပြဲစသည္ႏွင့္ ႏွစ္သင္းစလုံးအႀကိတ္အနယ္ ကစားၾကေသာ္လည္း ထိေရာက္သည့္ ဂိုးေပါက္ၿခိမ္းေျခာက္မႈမ်ားမရွိ ခဲ့ေသာ္ေၾကာင့္ ပထမပိုင္းအၿပီးတြင္ ဂိုးမရွိ သေ ရျဖစ္ေနခဲ့သည္။

ဘီေခးမက္စ္ဘင္ေဒါင္းအသင္းအတြက္ အဖြင့္ဂိုးကို ဒုတိယပိုင္းပြဲခ်ိန္ ၄၉ မိနစ္တြင္ တူဘန္ဘူက သြင္းယူခဲ့ၿပီး ပြဲခ်ိန္ ၆၉ မိနစ္တြင္ ဂတ္စ္တာဗိုက ရွမ္းယူႏိုက္တက္အသင္းအတြက္ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့သည္။ ဘီေခးမက္စ္ဘင္ေဒါင္းအသင္းအတြက္ ဒုတိယ အႏိုင္ဂိုးကို ဝန္ဒါလူးဝစ္က ပြဲခ်ိန္ ၈၅ မိနစ္တြင္ သြင္းယူခဲ့သည္။

အဆိုပါပြဲအၿပီးတြင္ ရွမ္းယူႏိုက္တက္အသင္းသည္ AFC Cup ၂၀၁၉ အုပ္စု(ဆ)တြင္ တစ္ပြဲမွ အႏိုင္မရရွိေသး ဘဲ အုပ္စုေနာက္ဆုံးတြင္သာ ရပ္တည္ေနၿပီး ေနာက္တစ္ဆင့္တက္ေရာက္ရန္ ေမွ်ာ္လင့္ခ်က္နည္းပါးေနသည္။

အိမ္ကြင္းမွာ ရႈံးခဲ့ေသာ ရွမ္းယူႏိုက္တက္အသင္းသည္ လာမည့္ ဧၿပီလ ၁၆ရက္ေန႔တြင္ AFC Cup 2019 ၏ပြဲစဥ္(၄)အျဖစ္ ဘီေခးမက္စ္ဘင္ေဒါင္းအသင္း၏ အိမ္ကြင္းတြင္ ထပ္မံယွဥ္ၿပိဳင္ကစားရမည္ ျဖစ္သည္။

ျမန္မာေနရွင္နယ္လိဂ္ပြဲစဥ္မွာေတာ့ ရွမ္းယူႏိုက္တက္အသင္းက (၉)ပြဲကစား၊ (၈)ပြဲႏိုင္၊ (၁)ပြဲသေရ၊ ရမွတ္ (၂၅)မွတ္ျဖင့္ အမွတ္ေပးဇယား၏အဆင့္(၁)ေနရာတြင္ ရပ္တည္ေနသည္ကို ေတြ႕ရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


AFC Cup ၂၀၁၉ပြိုင်ပွဲ၏ ပွဲစဉ်(၃)အဖြစ် ရှမ်းယူနိုက်တက်အသင်းသည် ဗီယက်နမ်ကလပ် ဘီခေးမက်စ် ဘင်ဒေါင်း အသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ပြီး အုပ်စုနောက်ဆုံးအ ဆင့်တွင် ရပ်တည်နေသည်။

ယနေ့ ဧပြီ ၃ ရက်နေ့၊ ညနေ ၃နာရီခွဲအချိန်၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး (၂-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ပွဲစသည်နှင့် နှစ်သင်းစလုံးအကြိတ်အနယ် ကစားကြသော်လည်း ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုများမရှိ ခဲ့သော်ကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သေ ရဖြစ်နေခဲ့သည်။

ဘီခေးမက်စ်ဘင်ဒေါင်းအသင်းအတွက် အဖွင့်ဂိုးကို ဒုတိယပိုင်းပွဲချိန် ၄၉ မိနစ်တွင် တူဘန်ဘူက သွင်းယူခဲ့ပြီး ပွဲချိန် ၆၉ မိနစ်တွင် ဂတ်စ်တာဗိုက ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။ ဘီခေးမက်စ်ဘင်ဒေါင်းအသင်းအတွက် ဒုတိယ အနိုင်ဂိုးကို ဝန်ဒါလူးဝစ်က ပွဲချိန် ၈၅ မိနစ်တွင် သွင်းယူခဲ့သည်။

အဆိုပါပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ၂၀၁၉ အုပ်စု(ဆ)တွင် တစ်ပွဲမှ အနိုင်မရရှိသေး ဘဲ အုပ်စုနောက်ဆုံးတွင်သာ ရပ်တည်နေပြီး နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်ချက်နည်းပါးနေသည်။

အိမ်ကွင်းမှာ ရှုံးခဲ့သော ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ဧပြီလ ၁၆ရက်နေ့တွင် AFC Cup 2019 ၏ပွဲစဉ်(၄)အဖြစ် ဘီခေးမက်စ်ဘင်ဒေါင်းအသင်း၏ အိမ်ကွင်းတွင် ထပ်မံယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်မှာတော့ ရှမ်းယူနိုက်တက်အသင်းက (၉)ပွဲကစား၊ (၈)ပွဲနိုင်၊ (၁)ပွဲသရေ၊ ရမှတ် (၂၅)မှတ်ဖြင့် အမှတ်ပေးဇယား၏အဆင့်(၁)နေရာတွင် ရပ်တည်နေသည်ကို တွေ့ရသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top