Credit:Min Yar Zar
#Unicode Version# ဖြင့်ဖတ်ပါ ။
အဆိုတော် ကျော်ကျော်နန္ဒက မေလ ၇ ၇က်နေ့မှာကျရောက်တဲ့သူ့မွေးနေ့အတွက် ရည်ရွယ်ပြီး ဇာဇာထက်နဲ့အတူ ဖြူစင်သော အချစ်ဆိုတဲ့ Music video တစ်ခုကို အကြမ်းစားရိုက်ကူးခဲ့တဲ့အပေါ်မှာ ဇာဇာထက် အနေနဲ့ သူမအတွက် ဘာတွေပေးဆပ်အနစ်နာခံခဲ့ရလဲ ဆိုတာကိုပြောပြသွားမှာပဲဖြစ်ပါတယ်။
ကျော်ကျော်နန္ဒရဲ့သီချင်း MTVနဲ့ပတ်သက်ပြီး ပိုစ့်တင်ဖြစ်တာက သူမအနေနဲ့ “ဒီတစ်ခေါက်မှာ ဘာဖြစ်လာလဲဆိုတော့ အမတို့ရိုက်သည့် MTVသည် ဒီလိုမျိုးပုံစံက ဒါရိုက်တာတွေလည်းပါတယ်ပေါ့နော် အဲ့တုန်းက သူတို့ရိုက်တာ ဒီလိုမျိုးပုံစံ မဟုတ်ဘူး တခြားရိုက်ကွက်လေးတွေရှိသေးတယ်။ ဥပမာ ရေကူးကန်မှာ ရိုက်တဲ့အခန်းတွေဆိုလည်း သူများလာပြောမှသိရတယ်။ အဲ့ချိန်မှာ အမက တခြား မီဒီယာတစ်ခုက အင်တာဗျူးတုန်းကမှ ဒါကြီးတက်သွားတယ်ဆိုတာ အမသိရတာ ရေကူးကန်မှာဆို တခြားသူတွေကြည့်နေတယ်ဆိုတော့ ဒီမှာ ရိုက်လို့အဆင်ပြေပါ့မလား အင်္ကျ ီချွတ်လို့ရော အဆင်ပြေပါ့မလားဆိုပြီး ပြောနေတဲ့ဟာတွေကို သူက သူအောင်မြင်ရင်ပြီးရော အဲ့ဒါတွေကို ထည့်ပစ်လိုက်တယ်။
သေသေသပ်သပ်ရိုက်ထားတဲ့ အခန်းတွေလည်း ရှိပါတယ် သူထည့်လို့ရရဲ့သားနဲ့ပေါ့နော် နောက်တစ်ချက်ကကျတော့ ကုတင်ပေါ်မှာရိုက်တဲ့ဟာသည် သူပြောတုန်းက ဖျက်ခနဲ ဖျက်ခနဲပဲပေါ့နော် လူစိတ်ဝင်စားရုံပဲ ထည့်မယ်ဆိုပြီး တကယ်တမ်းလည်းကျရော ကုတင်ပေါ်ရိုက်တဲ့အကွက်ကိုပဲ သီချင်းနဲ့မသက်ဆိုင်တဲ့ အခန်းတွေချည်းပဲ သူထည့်သွားတယ် သူအတွက်သူပဲကြည့်သွားတာပေါ့နော်။ အမသူ့ကိုဖုန်းဆက်တယ် ဒါက အမကိုစော်ကားလိုက်သလိုဖြစ်နေပြီလေ လိုတုန်းက ငြိမ်နေတယ်ဆိုရအောင်လည်း အမက ပြဿနာတွေမတက်ချင်လို့ နားလည်လာမလားဆိုပြီး အမတို့ဘက်ကစောင့်နေတာပေါ့နော် အဲ့ကိစ္စကြောင့်လည်း အမကောင်လေးနဲ့ ပြတ်သွားရတယ် သူတို့မှာလည်း အသိုင်းဝိုင်းရှိတယ်လေ အမက လျှာရှည်ပြီး အကူညီသွားတောင်းမိတာအတွက် အဓိကကတော့ အမကိုပဲပြောတာပေါ့နော်။ တကယ်လို့ သူဒီလိုမျိုးတင်ချင်ရင်တောင်မှ Facebookတွေ messengerတွေ ဖုန်းတွေရှိနေတာပဲ အမကိုလာတိုင်ပင်လို့ ရရဲ့သားနဲ့ မတိုင်ပင်ပဲ သူ့သဘောတိုင်းလုပ်သွားတယ်။
လုပ်သွားပြီးတော့မှ sorryတစ်ခွန်းထဲနဲ့ကိုင်ပေါက်တော့ အမတို့ကလက်မခံနိုင်ဘူးလေ။ တစ်ယောက်ထဲရိုက်တုန်းက ကြိုက်တာရိုက်ပေါ့နော် လူတွေက လက်ခံနိုင်သေးတယ်။ သူနဲ့ရိုက်ခဲ့တဲ့အခါမှာ ကျွန်မလည်း boyfriendနဲ့ ပျက်ခဲ့ရတယ် ပေးဆပ်မှုက အရမ်းကြီးတယ်။ ကျောင်းကသူငယ်ချင်းတွေရဲ့ အကြည့်တွေကလည်း အထင်သေးခံရပါတယ်။ ဒါပေမယ့် အမက လူတစ်ယောက်ကို ကူညီရင် အဆုံးထိကူညီပေးပါတယ်။ ကိုယ့်ကြောင့် ဒီလူအပေါ်ရောက်သွားရင်လည်း ဝမ်းသာတယ် ကိုယိ့ကိုကိုယ် လှေကားလိုပဲ သဘောထားပါတယ်။ ဒါပေမယ့် အမက ဒီဘက်မှာ လူတောထဲတိုးချင်တယ် ဘောင်ဝင်ချင်တဲ့အတွက် ကြိုးစားနေတဲ့အပေါ်မှာ အညွှန့်လေးတက်လာလိုက် သူက လာစိပ်လိုက်ဆိုတော့ အရမ်းဝမ်းနည်းရတယ်။ ဘယ်လိုပြောရမလဲဆိုတေ့ာ ရှက်တယ်ဆိုတာထက် မရှက်လို့ sexy modelလုပ်နေတာပေါ့နော် ငွေရှာတဲ့နည်းတွေထဲမှာ ဒီနည်းလမ်းက ပေါ့ပါးပြီး ငွေရလွယ်တဲ့အတွက် ဒီလမ်းကိုရွေးခဲ့တာပေါ့နော်။
သူ့ဘက်က သောက်ဂရုမစိုက်တဲ့ပုံစံနဲ့ လာကျောတာက အမအတွက် စိတ်အတိုရဆုံးပေါ့နော် အစကတော့ ဘာမှမတုံ့ပြန်တော့ဘူးဆိုပြီး တွေးခဲ့တာပါ ဒါပေမယ့် အမဘောင်ဝင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အမကို အသုံးချပြီး လုပ်ရက်လေချင်းဆိုပြီး ရင်နာရတယ်။ သူသာခွင့်တောင်းခဲ့ရင် ကျွန်မတို့နဲ့ ရေရှည်အခင်မင်မပျက်ပဲ တသက်လုံး ပေါင်းလို့သင်းလို့ရသွားမှာပေါ့နော် အကူညီအပြန်လှန်ပေးလို့ရမယ် ဒါကိုသူက မိတ်ပျက်အောင်လုပ်သွားတာဆိုတော့ သူရော ကိုယ်ရော publicမှာ အရှက်ကွဲကြရတာပေါ့။ အမက မီဒီယာတွေမှာတောင် သူ့ကိုငဲ့ညာှပြီး ထိန်းထိန်သိမ်းသိမ်းဖြေခဲ့ပေးတယ် ဒါပေမယ့် အခုသူ့ဘက်ကတောင် မညှာတာတာဆိုတော့ ကျွန်မလည်း ဘောင်ကျော်တာကိုလက်ခံမှာမဟုတ်လို့ အခုလို ထုတ်ပြောရချင်းဖြစ်ပါတယ်။
ပရိသက်ကိုလည်း မျက်ရည်ချူတယ်ဖြစ်မှာစိုးပါတယ် အဲ့ဒါကြောင့် ရိုက်ပြီးသွားပြီဖြစ်တဲ့အတွက် ဘာမှလည်းပြန်လုပ်လို့မရတော့ အဲ့လိုလူမျိုးတွေနဲ့ နောက်တစ်ခါ ဝေးဝေးရှောင်ပါ့မယ်။ ပရိသတ်တွေဆီက ယုံကြည်မှုပြန်ရအောင် လုပ်ရမယ်ပေါ့နော် ဘောင်ထဲပြန်ဝင်အောင်ကြိုးစားပါ့မယ်။ အကောင်းဘက်ကတွေးရင်တော့ ကိုယ့်ကို အသုံးချလိုက်တော့ သူတို့အမြင့်ရောက်သွားတယ် ဝဋ်ကြွေးတစ်ခုဆပ်လိုက်ရတယ်ပေါ့ အဆိုးဘက်ကဆိုရင်တော့ နင်းရက်လေချင်း အသုံးချရက်လေချင်းဆိုြပိး တွေးမိပါတယ်”လို့ သူမကို အသုံးချသွားခံရတာတွေကို ပရိသတ်တွေ အထင်မလွဲအောင် ရှင်းပြသွားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Min Yar Zar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top