20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တရုတ္ျပည္သူ႔သမၼတႏိုင္ငံသုိ႔ မၾကာမီကာလအတြင္း အလုပ္သေဘာခရီးသြားေရာက္မယ္လုိ႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ရုံးက ဒီကေန႔ ဧၿပီလ ၂၂ ရက္မွာ သတင္းထုတ္ျပန္ပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံသမၼတ မစၥတာ ရွီက်င့္ဖ်င္ရဲ႕ ဖိတ္ၾကားခ်က္အရ သြားေရာက္မွာ ျဖစ္ၿပီး တရုတ္ႏုိင္ငံ ေပက်င္းမွာ ျပဳလုပ္မယ့္ ဒုတိယအႀကိမ္ေျမာက္ ရပ္၀န္းနဲ႔ ပုိးလမ္းမ အျပည္ျပည္ဆုိင္ရာ ပူးးေပါင္း ေဆာင္ရြက္ေရး ဖုိရမ္ကုိ တတ္ေရာက္မွာျဖစ္တယ္လို႔ သိရပါတယ္။မၾကာမီကာလအတြင္း သြားေရာက္မယ္လို႔ ေၾကညာထားၿပီး သြားမည့္ရက္ အတိအက်ကုိ ထုတ္ျပန္ေၾကညာျခင္းမရွိေသးပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္ဟာ တရုတ္သမၼတနဲ႔ ေတြ႔ဆုံစဥ္မွာ ျမစ္ဆုံအေရးကိစၥနဲပတ္သက္ျပီး ေဆြးေႏြးဖြယ္လည္းရွိေနပါတယ္။ လတ္တေလာမွာ ျပည္သူေတြအၾကားမွာ ျမစ္ဆုံဆည္ကုိ တရုတ္ကုမၸဏီဆီကျပန္ေရြးဖုိ႔ လႈပ္ရွားမႈေတြျပဳလုပ္ေနခ်ိန္လည္းျဖစ္ပါတယ္။

တရုတ္ႏုိင္ငံ ခရီးစဥ္အၿပီးမွာ အတိုင္ပင္ခံပုဂိၢဳလ္ဟာ ကေမၻာဒီးယားႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ဆမ္ဒက္ အာခါ မိုဟာဆီနာ ပါတိုင္း တဲ့ခ်ိဳ ဟြန္ဆင္ရဲ႕ ဖိတ္ၾကားခ်က္အရ ကေမၻာဒီးယားႏိုင္ငံသို႔ တရားဝင္ ခ်စ္ၾကည္ေရးခရီး ဆက္လက္သြားေရာက္မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီးသွားရောက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဒီကနေ့ ဧပြီလ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာ ဖြစ်ပြီး တရုတ်နိုင်ငံ ပေကျင်းမှာ ပြုလုပ်မယ့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကို တတ်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။မကြာမီကာလအတွင်း သွားရောက်မယ်လို့ ကြေညာထားပြီး သွားမည့်ရက် အတိအကျကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ မြစ်ဆုံအရေးကိစ္စနဲပတ်သက်ပြီး ဆွေးနွေးဖွယ်လည်းရှိနေပါတယ်။ လတ်တလောမှာ ပြည်သူတွေအကြားမှာ မြစ်ဆုံဆည်ကို တရုတ်ကုမ္ပဏီဆီကပြန်ရွေးဖို့ လှုပ်ရှားမှုတွေပြုလုပ်နေချိန်လည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top