ဂ်ပန္သိပၸံပညာရွင္ေတြဟာ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားေပၚ ပထမဆုံး လူလုပ္မီးေတာင္ကို ေအာင္ျမင္စြာ ဖန္တီးႏိုင္ခဲ့ပါတယ္။

ေနစၾကဝဠာ ဘယ္ကဲ့သို႔ ေျပာင္းလဲျဖစ္ေပၚခဲ့သလဲဆိုတာ သိရွိႏိုင္ဖို႔ ခုလို ဖန္တီးတာျဖစ္ေၾကာင္း ႏိုင္ငံရဲ႕ အာကာသေအဂ်င္စီက ဧၿပီ ၂၅ ရက္မွာ ေျပာပါတယ္။အခုလအေစာပိုင္းက ယုဂုၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားေပၚ ေဖာက္ခြဲေရးပစၥည္းကို ေဖာက္ခြဲပစ္ၿပီး မ်က္ႏွာျပင္ေပၚ မီးေတာင္ေပါက္ကြဲမႈ ဖန္တီးခဲ့တာကို ဟာယာဘူဆာ ၂ ေထာက္လွမ္းေရးၿဂိဳဟ္တုကေန ေစာင့္ၾကည့္ၿပီးေနာက္မွာ ဂ်ပန္ပညာရွင္ေတြက ေၾကညာလာတာပဲ ျဖစ္ပါတယ္။

ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊား မ်က္ႏွာျပင္ကေန မီတာ ၁၇၀၀ အေဝးက ၿဂိဳဟ္တုကေန ပုံရိပ္ေတြကို ႐ိုက္ယူၿပီး မီးေတာင္ဝ ဖန္တီးႏိုင္တာကို ဟာယာဘူဆာ ၂ စီမံကိန္းမန္ေနဂ်ာ ယူခ်ီဆူဒါးက သတင္းေထာက္ေတြကို အတည္ျပဳ ေျပာတာပါ။

“ၿဂိဳဟ္သိမ္ရဲ႕ မ်က္ႏွာျပင္မွာ ေဖာက္ခြဲမႈ ျပဳလုပ္ၿပီး ေထာက္လွမ္း႐ိုက္ကူးခ်က္အရ မီးေတာင္ဝ ျဖစ္ေပၚေအာင္ ဖန္တီးႏိုင္ခဲ့တာကို အတည္ျပဳႏိုင္ပါတယ္။ ဒါဟာ ကမာၻမွာ ပထမဆုံး စြမ္းေဆာင္ခ်က္ပဲ ျဖစ္ပါတယ္။”လို႔ ဆူဒါးက ဆိုပါတယ္။

“တကယ့္ ေအာင္ျမင္မႈႀကီးပါ။”လို႔ ၎က ဆက္လက္ေျပာပါတယ္။
၂၀၀၅ ခုႏွစ္အတြင္းက ၾကယ္တံခြန္တစ္ခုမွာ လူလုပ္မီးေတာင္ဝကို နာဆာက ေအာင္ျမင္စြာ ဖန္တီးႏိုင္ခဲ့ေပမယ့္ ဒါဟာ ေစာင့္ၾကည့္ေရး လုပ္ငန္းစဥ္အတြက္သာ ရည္႐ြယ္တာ ျဖစ္ပါတယ္။
အခု ဟာယာဘူဆာ ၂ စီမံကိန္းေၾကာင့္ ဘဝမွာ အေကာင္းဆုံး ေန႔ရက္ျဖစ္ခဲ့တယ္လို႔ စီမံကိန္းမွာ ပါဝင္တဲ့ ကိုဘီတကၠသိုလ္ ပါေမာကၡ မာဆာရွီကိုအရာကာဝါက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ေတြ ေမွ်ာ္လင့္ထားတာထက္ ပိုႀကီးတဲ့ မီးေတာင္ဝႀကီးတစ္ခုကို ၿဂိဳဟ္သိမ္ေပၚမွာ ဖန္တီးႏိုင္ခဲ့တာပါ။”လို႔ ၎က ေျပာရင္း မီးေတာင္ဝရဲ႕ အခ်င္းဟာ တစ္ဆယ္မီတာ ရွိေၾကာင္း ဓာတ္ပုံေတြအရ သိရတယ္လို႔ ၎က ျဖည့္စြက္ဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ဂျပန်သိပ္ပံပညာရှင်တွေဟာ ဂြိုဟ်သိမ်ဂြိုဟ်မွှားပေါ် ပထမဆုံး လူလုပ်မီးတောင်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။

နေစကြဝဠာ ဘယ်ကဲ့သို့ ပြောင်းလဲဖြစ်ပေါ်ခဲ့သလဲဆိုတာ သိရှိနိုင်ဖို့ ခုလို ဖန်တီးတာဖြစ်ကြောင်း နိုင်ငံရဲ့ အာကာသအေဂျင်စီက ဧပြီ ၂၅ ရက်မှာ ပြောပါတယ်။အခုလအစောပိုင်းက ယုဂုဂြိုဟ်သိမ်ဂြိုဟ်မွှားပေါ် ဖောက်ခွဲရေးပစ္စည်းကို ဖောက်ခွဲပစ်ပြီး မျက်နှာပြင်ပေါ် မီးတောင်ပေါက်ကွဲမှု ဖန်တီးခဲ့တာကို ဟာယာဘူဆာ ၂ ထောက်လှမ်းရေးဂြိုဟ်တုကနေ စောင့်ကြည့်ပြီးနောက်မှာ ဂျပန်ပညာရှင်တွေက ကြေညာလာတာပဲ ဖြစ်ပါတယ်။

ဂြိုဟ်သိမ်ဂြိုဟ်မွှား မျက်နှာပြင်ကနေ မီတာ ၁၇၀၀ အဝေးက ဂြိုဟ်တုကနေ ပုံရိပ်တွေကို ရိုက်ယူပြီး မီးတောင်ဝ ဖန်တီးနိုင်တာကို ဟာယာဘူဆာ ၂ စီမံကိန်းမန်နေဂျာ ယူချီဆူဒါးက သတင်းထောက်တွေကို အတည်ပြု ပြောတာပါ။

“ဂြိုဟ်သိမ်ရဲ့ မျက်နှာပြင်မှာ ဖောက်ခွဲမှု ပြုလုပ်ပြီး ထောက်လှမ်းရိုက်ကူးချက်အရ မီးတောင်ဝ ဖြစ်ပေါ်အောင် ဖန်တီးနိုင်ခဲ့တာကို အတည်ပြုနိုင်ပါတယ်။ ဒါဟာ ကမ္ဘာမှာ ပထမဆုံး စွမ်းဆောင်ချက်ပဲ ဖြစ်ပါတယ်။”လို့ ဆူဒါးက ဆိုပါတယ်။

“တကယ့် အောင်မြင်မှုကြီးပါ။”လို့ ၎င်းက ဆက်လက်ပြောပါတယ်။
၂၀၀၅ ခုနှစ်အတွင်းက ကြယ်တံခွန်တစ်ခုမှာ လူလုပ်မီးတောင်ဝကို နာဆာက အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပေမယ့် ဒါဟာ စောင့်ကြည့်ရေး လုပ်ငန်းစဉ်အတွက်သာ ရည်ရွယ်တာ ဖြစ်ပါတယ်။
အခု ဟာယာဘူဆာ ၂ စီမံကိန်းကြောင့် ဘဝမှာ အကောင်းဆုံး နေ့ရက်ဖြစ်ခဲ့တယ်လို့ စီမံကိန်းမှာ ပါဝင်တဲ့ ကိုဘီတက္ကသိုလ် ပါမောက္ခ မာဆာရှီကိုအရာကာဝါက ပြောပါတယ်။

“ကျွန်တော်တို့တွေ မျှော်လင့်ထားတာထက် ပိုကြီးတဲ့ မီးတောင်ဝကြီးတစ်ခုကို ဂြိုဟ်သိမ်ပေါ်မှာ ဖန်တီးနိုင်ခဲ့တာပါ။”လို့ ၎င်းက ပြောရင်း မီးတောင်ဝရဲ့ အချင်းဟာ တစ်ဆယ်မီတာ ရှိကြောင်း ဓာတ်ပုံတွေအရ သိရတယ်လို့ ၎င်းက ဖြည့်စွက်ဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top