အင္ဒိုနီးရွား နိုင္ငံ ေရြးေကာက္ပြဲအတြင္း ထည့္ခဲ့ၾကတဲ့ သန္းေပါင္းမ်ားစြာေသာ မဲဆႏၵေတြကို နာရီေပါင္းမ်ားစြာ ဆက္တိုက္ ေရတြက္ၾကရတဲ့ မဲ႐ုံဝန္ထမ္းေတြ အလုပ္ဖိစီးမွုဒဏ္ေၾကာင့္ အပင္ပန္းလြန္ မက်န္းမမာေတြ ျဖစ္ကုန္ၿပီး အခုဆို ေသဆုံးသြားသူ အေယာက္ ၂၇ဝ ေက်ာ္ သြားၿပီလို႔ သက္ဆိုင္ရာ အာဏာပိုင္ေတြက ထုတ္ျပန္ပါတယ္။ နာမက်န္း ျဖစ္ေနတဲ့ မဲ႐ုံဝန္ထမ္းေပါင္း ၁၈၇၈ ေယာက္ ရွိတယ္လို႔ အင္ဒိုနီးရွား အေထြေထြ ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ့ ေျပာေရးဆိုခြင့္ ရွိသူ အာရစ္ဖ္ ပရီယို ဆူဆန္တိုက ဆိုပါတယ္။

ဧၿပီလ ၁၇ ရက္ေန႔က က်င္းပခဲ့တဲ့ အင္ဒိုနီးရွား ေရြးေကာက္ပြဲမွာ ရရွိထားတဲ့ မဲေတြကို ေရတြက္ရာမွာ လူ ေပါင္း ၇ သန္း ဝန္းက်င္ ေစတနာ့ ဝန္ထမ္း ပါဝင္ ကူညီပါတယ္။အင္မတန္ ပူျပင္းေနၿပီး အလြန္ မသက္မသာ အေျခအေနေအာက္မွာ ညခ်ိန္ထိေအာင္ ဆက္ၿပီး ညလုံးေပါက္ မဲေရတြက္ ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ဒါ့ေၾကာင့္ က်န္းမာေရး ထိခိုက္ကုန္ၾကၿပီး ဖ်ားနာၾက၊ ေနမေကာင္း ျဖစ္ၾကရာက အခုလို ၂၇ဝ ေက်ာ္ ဆိုတဲ့ အေရအတြက္ထိေအာင္ ေသဆုံးစာရင္း ရွိလာတာ ျဖစ္ပါတယ္။

အင္ဒိုနီးရွား သမိုင္းမွာ ပထမဆုံး အႀကိမ္အေနနဲ႔ သမၼတ ေရြးေကာက္ပြဲေရာ၊ ဗဟိုအဆင့္နဲ႔ ေဒသႏၲရ အဆင့္ လႊတ္ေတာ္ ေနရာေတြ အတြက္ပါ အားလုံး စုေပါင္းၿပီး ဧၿပီ ၁၇ မွာ ေရြးေကာက္ပြဲ တေပါင္းတစည္းတည္း ျပဳလုပ္ ခဲ့တာပါ။ရည္ရြယ္ခ်က္ကေတာ့ ေရြးေကာက္ပြဲ က်င္းပရတဲ့ ကုန္က်စရိတ္ သက္သာနိုင္ေအာင္ ျဖစ္ပါတယ္။ ဒီေတာ့ လူ တစ္ေယာက္ဟာ သမၼတ ေနရာ၊ ဗဟို အဆင့္ လႊတ္ေတာ္ ေနရာ၊ ေဒသႏၲရ လႊတ္ေတာ္ ေနရာ ဆိုၿပီး အနည္းဆုံး ၃ ေနရာ အထိ မဲေပးရတာ ျဖစ္လို႔ လူ တစ္ေယာက္ ဆီက မဲ ၃ မဲ ႏွုန္း ထြက္လာပါတယ္။

အင္ဒိုနီးရွားမွာ လူဦးေရ သန္း ၂၆ဝ ရွိၿပီး မဲေပးနိုင္သူ အေရအတြက္ ၁၉၃ သန္း ရွိပါတယ္။ မဲဆႏၵ႐ုံေပါင္း ၈ သိန္းေက်ာ္ အင္ဒိုနီးရွား နိုင္ငံတဝန္း ဖြင့္ေပးခဲ့ၿပီး မဲေပးနိုင္သူေတြထဲက ရာခိုင္ႏွုန္း ၈ဝ ဝန္းက်င္ ဧၿပီ ၁၇ ေရြးေကာက္ပြဲမွာ မဲထည့္ ခဲ့ၾကပါတယ္။သန္းေတြ ရာနဲ႔ခ်ီတဲ့ မဲေတြကို ေရတြက္နိုင္ဖို႔ ေစတနာ့ ဝန္ထမ္း ကူညီသူေတြဟာ အလုပ္မစခင္ က်န္းမာေရး စစ္ေဆးမွု ခံယူတာမ်ိဳးလည္း မလုပ္ရပါဘူး။ အစိုးရ ဝန္ထမ္း ျဖစ္ရင္ေတာ့ ေဆးစစ္တာမ်ိဳး ရွိပါတယ္။ ခုလို အလုပ္ဒဏ္ပိ ဖ်ားနာၿပီး ေသဆုံးၾကသူေတြဟာ ေစတနာ့ ဝန္ထမ္း မဲ႐ုံလုပ္သားေတြထဲက ျဖစ္တယ္လို႔ နားလည္ရပါတယ္။

ေသဆုံးသူ ၂၇၂ ေယာက္ အတြက္ က်န္ရစ္သူ မိသားစုေတြကို နစ္နာေၾကးေတြ ေပးသြားမယ္လို႔ ေရြးေကာက္ပြဲ ေကာ္မရွင္က ေျပာပါတယ္။ ေသဆုံးသူ တစ္ဦးခ်င္းစီ အတြက္ အင္ဒိုနီးရွား ႐ူပီယာ ၃၆ သန္း ေပးဖို႔ စီစဥ္ေနတယ္လို႔ ဆိုတဲ့ အတြက္ အေမရိကန္ ေဒၚလာနဲ႔ ဆိုရင္ ေဒၚလာ ႏွစ္ေထာင့္ငါးရာေလာက္ ရမွာ ျဖစ္ပါတယ္။ ဒါဟာ အင္ဒိုနီးရွားမွာ အေျခခံ လုပ္ခလစာ ရတဲ့ သူေတြရဲ့ တစ္ႏွစ္ ဝင္ေငြေလာက္ ရွိပါတယ္။ ေရြးေကာက္ပြဲေတြ ေပါင္းၿပီး က်င္းပခဲ့တာဟာ အင္ဒိုနီးရွား တာဝန္ရွိသူေတြရဲ့ အေတာ္ေလး အေျမာ္အျမင္နည္းတဲ့ လုပ္ရပ္၊ ဘယ္လိုေတြ ျဖစ္လာနိုင္လဲ ဆိုတာကို မစဥ္းစား မဆင္ျခင္ ျပဳမူတဲ့ လုပ္ရပ္ အျဖစ္ ေဝဖန္သူေတြက ဆိုပါတယ္။

ဒါ့အျပင္ ေစတနာ့ ဝန္ထမ္း ကူညီသူေတြဆီက ရနိုင္တဲ့ အလုပ္လုပ္နိုင္စြမ္းကို လက္ေတြ႕ မျဖစ္နိုင္တဲ့ ပမာဏမ်ိဳးအထိ ေရြးေကာက္ပြဲ အာဏာပိုင္ေတြ ေမၽွာ္လင့္ခဲ့ၾကတယ္လို႔လည္း ေဝဖန္ၾကပါတယ္။ သန္းေပါင္းမ်ားစြာေသာ အင္ဒိုနီးရွား ျပည္သူေတြဟာ ဧၿပီ ၁၇ တစ္ရက္တည္းပဲ က်င္းပတဲ့ ေရြးေကာက္ပြဲမွာ မဲထည့္ခဲ့ၾကတာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သမၼတ ဂ်ိဳဂို ဝီဒိုဒိုေရာ၊ အၿပိဳင္အဆိုင္ အေရြးခံတဲ့ အတိုက္အခံ ေခါင္းေဆာင္ ပရာဘိုဝို ဆူဘီယန္တိုကပါ ေရြးေကာက္ပြဲမွာ သူတို႔နိုင္ေၾကာင္း ေၾကညာ ထားပါတယ္။

မဲအားလုံး ေရတြက္မၿပီးခင္ စစ္တမ္းေတြ အရေတာ့ မစၥတာ ဝီဒိုဒိုက ၁ဝ ရာခိုင္းႏွုန္း ဝန္းက်င္ မဲအသာနဲ႔ သမၼတ ရာထူး ဆက္ၿပီး ထိန္းထား နိုင္လိမ့္မယ္လို႔ ဆိုေနပါတယ္။ အင္ဒို ေရြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ မဲအားလုံး ေရတြက္ၿပီးတဲ့ အခါ သမၼတ ေရြးေကာက္ပြဲမွာ ဘယ္သူ အနိုင္ရသလဲ ဆိုတာေရာ၊ လႊတ္ေတာ္ အဆင့္ဆင့္မွာ ဘယ္သူေတြ နိုင္သလဲ ဆိုတာကိုပါ ေမလ ၂၂ ရက္ က်ရင္ ေၾကညာေပးမယ္လို႔ ဆိုထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC

#Unicode Version# ျဖင့္ဖတ္ပါ ။

အင်ဒိုနီးရှား နိုင်ငံ ရွေးကောက်ပွဲအတွင်း ထည့်ခဲ့ကြတဲ့ သန်းပေါင်းများစွာသော မဲဆန္ဒတွေကို နာရီပေါင်းများစွာ ဆက်တိုက် ရေတွက်ကြရတဲ့ မဲရုံဝန်ထမ်းတွေ အလုပ်ဖိစီးမှုဒဏ်ကြောင့် အပင်ပန်းလွန် မကျန်းမမာတွေ ဖြစ်ကုန်ပြီး အခုဆို သေဆုံးသွားသူ အယောက် ၂၇ဝ ကျော် သွားပြီလို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ နာမကျန်း ဖြစ်နေတဲ့ မဲရုံဝန်ထမ်းပေါင်း ၁၈၇၈ ယောက် ရှိတယ်လို့ အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့် ရှိသူ အာရစ်ဖ် ပရီယို ဆူဆန်တိုက ဆိုပါတယ်။

ဧပြီလ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ ရရှိထားတဲ့ မဲတွေကို ရေတွက်ရာမှာ လူ ပေါင်း ၇ သန်း ဝန်းကျင် စေတနာ့ ဝန်ထမ်း ပါဝင် ကူညီပါတယ်။အင်မတန် ပူပြင်းနေပြီး အလွန် မသက်မသာ အခြေအနေအောက်မှာ ညချိန်ထိအောင် ဆက်ပြီး ညလုံးပေါက် မဲရေတွက် ခဲ့ကြတယ်လို့ ဆိုပါတယ်။ဒါ့ကြောင့် ကျန်းမာရေး ထိခိုက်ကုန်ကြပြီး ဖျားနာကြ၊ နေမကောင်း ဖြစ်ကြရာက အခုလို ၂၇ဝ ကျော် ဆိုတဲ့ အရေအတွက်ထိအောင် သေဆုံးစာရင်း ရှိလာတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား သမိုင်းမှာ ပထမဆုံး အကြိမ်အနေနဲ့ သမ္မတ ရွေးကောက်ပွဲရော၊ ဗဟိုအဆင့်နဲ့ ဒေသန္တရ အဆင့် လွှတ်တော် နေရာတွေ အတွက်ပါ အားလုံး စုပေါင်းပြီး ဧပြီ ၁၇ မှာ ရွေးကောက်ပွဲ တပေါင်းတစည်းတည်း ပြုလုပ် ခဲ့တာပါ။ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲ ကျင်းပရတဲ့ ကုန်ကျစရိတ် သက်သာနိုင်အောင် ဖြစ်ပါတယ်။ ဒီတော့ လူ တစ်ယောက်ဟာ သမ္မတ နေရာ၊ ဗဟို အဆင့် လွှတ်တော် နေရာ၊ ဒေသန္တရ လွှတ်တော် နေရာ ဆိုပြီး အနည်းဆုံး ၃ နေရာ အထိ မဲပေးရတာ ဖြစ်လို့ လူ တစ်ယောက် ဆီက မဲ ၃ မဲ နှုန်း ထွက်လာပါတယ်။

အင်ဒိုနီးရှားမှာ လူဦးရေ သန်း ၂၆ဝ ရှိပြီး မဲပေးနိုင်သူ အရေအတွက် ၁၉၃ သန်း ရှိပါတယ်။ မဲဆန္ဒရုံပေါင်း ၈ သိန်းကျော် အင်ဒိုနီးရှား နိုင်ငံတဝန်း ဖွင့်ပေးခဲ့ပြီး မဲပေးနိုင်သူတွေထဲက ရာခိုင်နှုန်း ၈ဝ ဝန်းကျင် ဧပြီ ၁၇ ရွေးကောက်ပွဲမှာ မဲထည့် ခဲ့ကြပါတယ်။သန်းတွေ ရာနဲ့ချီတဲ့ မဲတွေကို ရေတွက်နိုင်ဖို့ စေတနာ့ ဝန်ထမ်း ကူညီသူတွေဟာ အလုပ်မစခင် ကျန်းမာရေး စစ်ဆေးမှု ခံယူတာမျိုးလည်း မလုပ်ရပါဘူး။ အစိုးရ ဝန်ထမ်း ဖြစ်ရင်တော့ ဆေးစစ်တာမျိုး ရှိပါတယ်။ ခုလို အလုပ်ဒဏ်ပိ ဖျားနာပြီး သေဆုံးကြသူတွေဟာ စေတနာ့ ဝန်ထမ်း မဲရုံလုပ်သားတွေထဲက ဖြစ်တယ်လို့ နားလည်ရပါတယ်။

သေဆုံးသူ ၂၇၂ ယောက် အတွက် ကျန်ရစ်သူ မိသားစုတွေကို နစ်နာကြေးတွေ ပေးသွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ သေဆုံးသူ တစ်ဦးချင်းစီ အတွက် အင်ဒိုနီးရှား ရူပီယာ ၃၆ သန်း ပေးဖို့ စီစဉ်နေတယ်လို့ ဆိုတဲ့ အတွက် အမေရိကန် ဒေါ်လာနဲ့ ဆိုရင် ဒေါ်လာ နှစ်ထောင့်ငါးရာလောက် ရမှာ ဖြစ်ပါတယ်။ ဒါဟာ အင်ဒိုနီးရှားမှာ အခြေခံ လုပ်ခလစာ ရတဲ့ သူတွေရဲ့ တစ်နှစ် ဝင်ငွေလောက် ရှိပါတယ်။ ရွေးကောက်ပွဲတွေ ပေါင်းပြီး ကျင်းပခဲ့တာဟာ အင်ဒိုနီးရှား တာဝန်ရှိသူတွေရဲ့ အတော်လေး အမြော်အမြင်နည်းတဲ့ လုပ်ရပ်၊ ဘယ်လိုတွေ ဖြစ်လာနိုင်လဲ ဆိုတာကို မစဉ်းစား မဆင်ခြင် ပြုမူတဲ့ လုပ်ရပ် အဖြစ် ဝေဖန်သူတွေက ဆိုပါတယ်။

ဒါ့အပြင် စေတနာ့ ဝန်ထမ်း ကူညီသူတွေဆီက ရနိုင်တဲ့ အလုပ်လုပ်နိုင်စွမ်းကို လက်တွေ့ မဖြစ်နိုင်တဲ့ ပမာဏမျိုးအထိ ရွေးကောက်ပွဲ အာဏာပိုင်တွေ မျှော်လင့်ခဲ့ကြတယ်လို့လည်း ဝေဖန်ကြပါတယ်။ သန်းပေါင်းများစွာသော အင်ဒိုနီးရှား ပြည်သူတွေဟာ ဧပြီ ၁၇ တစ်ရက်တည်းပဲ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲထည့်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သမ္မတ ဂျိုဂို ဝီဒိုဒိုရော၊ အပြိုင်အဆိုင် အရွေးခံတဲ့ အတိုက်အခံ ခေါင်းဆောင် ပရာဘိုဝို ဆူဘီယန်တိုကပါ ရွေးကောက်ပွဲမှာ သူတို့နိုင်ကြောင်း ကြေညာ ထားပါတယ်။

မဲအားလုံး ရေတွက်မပြီးခင် စစ်တမ်းတွေ အရတော့ မစ္စတာ ဝီဒိုဒိုက ၁ဝ ရာခိုင်းနှုန်း ဝန်းကျင် မဲအသာနဲ့ သမ္မတ ရာထူး ဆက်ပြီး ထိန်းထား နိုင်လိမ့်မယ်လို့ ဆိုနေပါတယ်။ အင်ဒို ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲအားလုံး ရေတွက်ပြီးတဲ့ အခါ သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရသလဲ ဆိုတာရော၊ လွှတ်တော် အဆင့်ဆင့်မှာ ဘယ်သူတွေ နိုင်သလဲ ဆိုတာကိုပါ မေလ ၂၂ ရက် ကျရင် ကြေညာပေးမယ်လို့ ဆိုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top