ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ သာမညေက်းရြာအုပ္စု တြင္ ဧၿပီလ ၁၆ရက္ေန႔က

ဧၿပီလ ၁၆ ရက္ေန႔ နံနက္ ၁၁ နာရီခန္႔ ဘားအံၿမိဳ႕နယ္သာမညေက်းရြာအုပ္စု ေအာင္ေမတၱာ(၂)ရပ္ကြက္တြင္ အမ်ိဳးသမီးငယ္တစ္ဦးႀကိဳးဆြဲခ်ေသဆံုးေၾကာင္းသတင္းအရနယ္ေျမခံရဲတပ္ဖြဲ႔မွ သြားေရာက္စစ္ေဆးရာ

ႀကိဳးဆြဲခ်ေသဆံုးသူမွာ မသက္သက္ေထြး (၁၄ -ႏွစ္)ျဖစ္ေၾကာင္းသိရၿပီး ေနအိမ္ေနာက္ေဖး မီးဖိုေခ်ာင္ခန္းအတြြင္းရိွအျမင့္၆ ေပခန္႔ျမင့္ေသာထုတ္တန္းေပၚမွအ႐ွည္ ၄ေပခန္႔လံုးပတ္တစ္မတ္လံုးခန္႔ရိွေသာအနီေရာင္ပလပ္စတစ္ႀကိဳးျဖင့္ႀကိဳးဆြဲခ်လ်က္

ဦးေခါင္းေ႐ွ႕ငိုက္စိုက္က်ကာေျခဖ်ားေထာက္ လက္သီးဆုတ္ လည္းပင္းႀကိဳးပြန္းဒဏ္ရာမ်ားျဖင့္ေသဆံုးေနျခင္းျဖစ္ေၾကာင္းစစ္ေဆးေတြ႔႐ွိရၿပီးအေလာင္းအားရဲေဆးစာျဖင့္ဘားအံျပည္သူ႔ေဆးရံုႀကီးသို႔ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ေသဆံုးသူ၏အစ္မေတာ္စပ္သူမသႏၱာလြင္ အသက္ (၂၈ -ႏွစ္)၏ေျပာျပခ်က္အရ ယမန္ေန႔ညပိုင္းက ဖခင္ျဖစ္သူ ဦးၾကည္လြင္မွေနာက္ေန႔သၾကၤန္မလည္ရန္တားျမစ္ေျပာၾကားခဲ့သျဖင့္မသက္သက္ေထြးမွာ စိတ္ဆိုးေနသည္ကို သိရေၾကာင္း

မသႏၱာလြင္မွာယင္းေန႔ နံနက္ ၉ နာရီအခ်ိန္ခန္႔တြင္ေနအိမ္ေနာက္ဘက္ တစ္ျခံေက်ာ္ရိွေရတြင္း၌အဝတ္ေလ်ွာ္သြားေရာက္ခဲ့ၿပီး ၁၁ နာရီအခ်ိန္ခန္႔ေနအိမ္သို႔ျပန္လာစဥ္ ညီမျဖစ္သူ မသက္သက္ေထြး မွာႀကိဳးဆြဲခ်ေသဆံုးေနသည္ကိုျမင္ေတြ႔ခဲ့ရျခင္းျဖစ္ေၾကာင္း ေမးျမန္း သိ႐ွိရျခင္းျဖစ္သည္္။

ထို႔ေၾကာင့္မသက္သက္ေထြးေသဆံုးျခင္းအေပၚဓမၼတာအတိုင္းေသဆံုးျခင္းဟုတ္မဟုတ္ အိႏၵဳနယ္ေျမရဲစခန္းက ေသမွဳေသခင္းအမွတ္စဥ္ (၂/၂၀၁၉ျဖင့္ အမွဳဖြင့္စစ္ေဆးလွ်က္႐ွိေၾကာင္း သိရသည္။ေနလင္း(သာမည) ဘားအံသတင္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

ဖခင္မွသၾကၤန္မလည္ရန္ေျပာသည္ကို စိတ္ဆိုး၍ အမ်ိဳးသမီးငယ္တစ္ဦးေနအိမ္၌ႀကိဳးဆြဲခ်ေသဆံုးခဲ့ေၾကာင္းသတင္းရ႐ွိသည္။

ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာအုပ်စု တွင် ဧပြီလ ၁၆ရက်နေ့က ဖခင်မှသြင်္ကန်မလည်ရန်ပြောသည်ကို စိတ်ဆိုး၍ အမျိုးသမီးငယ်တစ်ဦးနေအိမ်၌ကြိုးဆွဲချသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့် ဘားအံမြို့နယ်သာမညကျေးရွာအုပ်စု အောင်မေတ္တာ(၂)ရပ်ကွက်တွင် အမျိုးသမီးငယ်တစ်ဦးကြိုးဆွဲချသေဆုံးကြောင်းသတင်းအရနယ်မြေခံရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ

ကြိုးဆွဲချသေဆုံးသူမှာ မသက်သက်ထွေး (၁၄ -နှစ်)ဖြစ်ကြောင်းသိရပြီး နေအိမ်နောက်ဖေး မီးဖိုချောင်ခန်းအတွင်းရှိအမြင့်၆ ပေခန့်မြင့်သောထုတ်တန်းပေါ်မှအရှည် ၄ပေခန့်လုံးပတ်တစ်မတ်လုံးခန့်ရှိသောအနီရောင်ပလပ်စတစ်ကြိုးဖြင့်ကြိုးဆွဲချလျက်

ဦးခေါင်းရှေ့ငိုက်စိုက်ကျကာခြေဖျားထောက် လက်သီးဆုတ် လည်းပင်းကြိုးပွန်းဒဏ်ရာများဖြင့်သေဆုံးနေခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပြီးအလောင်းအားရဲဆေးစာဖြင့်ဘားအံပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍သေဆုံးသူ၏အစ်မတော်စပ်သူမသန္တာလွင် အသက် (၂၈ -နှစ်)၏ပြောပြချက်အရ ယမန်နေ့ညပိုင်းက ဖခင်ဖြစ်သူ ဦးကြည်လွင်မှနောက်နေ့သြင်္ကန်မလည်ရန်တားမြစ်ပြောကြားခဲ့သဖြင့်မသက်သက်ထွေးမှာ စိတ်ဆိုးနေသည်ကို သိရကြောင်း

မသန္တာလွင်မှာယင်းနေ့ နံနက် ၉ နာရီအချိန်ခန့်တွင်နေအိမ်နောက်ဘက် တစ်ခြံကျော်ရှိရေတွင်း၌အဝတ်လျှော်သွားရောက်ခဲ့ပြီး ၁၁ နာရီအချိန်ခန့်နေအိမ်သို့ပြန်လာစဉ် ညီမဖြစ်သူ မသက်သက်ထွေး မှာကြိုးဆွဲချသေဆုံးနေသည်ကိုမြင်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း မေးမြန်း သိရှိရခြင်းဖြစ်သည်။

ထို့ကြောင့်မသက်သက်ထွေးသေဆုံးခြင်းအပေါ်ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် အိန္ဒုနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၉ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။နေလင်း(သာမည) ဘားအံသတင်း

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top