ဂ်ပန္ႏုိင္ငံက စနစ္အ သစ္ျဖင့္ ေခၚယူမည့္ လုပ္ငန္းအ မ်ိဳးအစား ၁၄ မ်ိဳးအတြက္ ႏွစ္ႏိုင္ ငံအလုပ္သမားေရးရာ အရာရွိမ်ား မတ္လအတြင္း ညႇိႏိႈင္းၿပီးေနာက္ ဧၿပီတြင္ အလုပ္သမားေစလႊတ္ ခြင့္ကို စတင္ခြင့္ျပဳေၾကာင္း အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာ န ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးဝင္းရွိန္က ေျပာသည္။

‘‘ခြင့္ျပဳလုိက္ၿပီ ဆိုေပမယ့္ Demand Letter (အလုပ္ေခၚစာ) ေတာ့ တက္မလာေသးဘူး’’ ဟု ဦးဝင္းရွိန္က ေျပာသည္။

ဂ်ပန္အစိုးရက ႏိုင္ငံျခား အလုပ္သမားဥပေဒအသစ္ျဖင့္ ျမန္မာအပါအဝင္ ရွစ္ႏိုင္ငံမွ ကၽြမ္း က်င္အလုပ္သမားမ်ားေခၚယူရန္ ၂၀၁၈ ႏွစ္ကုန္ကစ၍ ျပင္ဆင္ ေနသည္။

ဂ်ပန္ႏိုင္ငံသည္ လုပ္ငန္း အမ်ိဳးအစား ၁၄ မ်ိဳးအတြက္ ပထမႏွစ္တြင္ ျမန္မာအပါအဝင္ ႏုိင္ငံျခားလုပ္သား ၄၈,၀၀၀ ေခၚယူ လက္ခံမည္ျဖစ္ၿပီး ငါးႏွစ္အတြင္း စုစုေပါင္းလုပ္သား ၃၅၀,၀၀၀ ဆက္လက္ေခၚယူမည္ဟု ဂ်ပန္မီဒီယာမ်ား၌ ေဖာ္ျပထားသည္။

အဆိုပါလုပ္ငန္းအမ်ိဳးအ စားမ်ားအတြက္ လုပ္သားမ်ား ေစလႊတ္ရန္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီမ်ားက ၂၀၁၈ ႏွစ္ကုန္ကတည္းက ႀကိဳတင္ျပင္ဆင္ထားေၾကာင္း ေအဂ်င္စီလုပ္ ငန္းရွင္အခ်ိဳ႕က ဆိုသည္။

အဂ်င္စီေတြက အားလံုးအဆင္သင့္ျဖစ္ေနၿပီ။ ဒီလုပ္ငန္းေတြအတြက္ လုပ္သားေစလႊတ္ဖို႔ အတြက္ သီးျခားသတ္မွတ္ခ်က္ ေတြ ၫႊန္ၾကားဦးမွာလား၊ ဝန္ေဆာင္ခကို ေျပာင္းလဲသတ္မွတ္ ဦးမွာလားဆိုတာ မသိေသးလို႔ ေစာင့္ေနတဲ့ အေနအထားရွိ တယ္’’ ဟု ေငြႀကိဳးၾကာျပည္ပအ လုပ္အကိုင္ရွာေဖြေရးဝန္ေဆာင္ မႈကုမၸဏီ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးစိုင္းစည္သူက ေျပာသည္။

လက္ရွိတြင္ ယင္းလုပ္ငန္း ၁၄ မ်ိဳးအနက္ ဂ်ပန္ႏုိင္ငံ၌ သင္တန္းသားလုပ္သားအျဖစ္ သံုးႏွစ္ လုပ္ကိုင္ဖူးသူမ်ားကို ဦးစားေပး ေစလႊတ္ရန္ ေအဂ်င္စီမ်ားက စီ စဥ္ေနသည္။

ထိုသို႔ သံုးႏွစ္လုပ္ကိုင္ဖူး သည့္ လုပ္ငန္းအမ်ိဳးအစားမ်ား သည္ စိုက္ပ်ိဳးေရး၊ ေဆာက္လုပ္ေရး၊ ဝရိန္၊ အီလက္ထရြန္နစ္ စသည့္ လုပ္ငန္းမ်ားျဖစ္ကာ လက္ရွိတြင္ ယင္းလုပ္ငန္းမ်ားအတြက္ ဂ်ပန္ႏိုင္ငံဘက္က ကမ္းလွမ္းေခၚ ယူမႈအမ်ားဆံုးရွိေနေၾကာင္း ေအ ဂ်င္စီလုပ္ငန္းရွင္အခ်ိဳ႕က ေျပာ သည္။

စနစ္သစ္ျဖင့္ ေခၚယူမည့္ လုပ္ငန္းမ်ားသည္ သက္ႀကီးရြယ္အိုေစာင့္ေရွာက္ေရး၊ အေဆာက္အအံုအတြင္း သန္႔ရွင္းေရး၊ သံထည္ပံုသြင္းလုပ္ငန္း၊ အႀကီးစားစက္ပစၥည္းထုတ္လုပ္သည့္ လုပ္ငန္း၊ လွ်ပ္စစ္ႏွင့္ အီလက္ထရြန္နစ္ပစၥည္းထုတ္လုပ္သည့္ လုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္း၊ သေဘၤာတည္ေဆာက္ေရးလုပ္ ငန္း၊ ကားျပဳျပင္ေရးလုပ္ငန္း၊ ေလ ဆိပ္ႏွင့္ ေလေၾကာင္းလုပ္ငန္း၊ ဟိုတယ္လုပ္ငန္း၊ စိုက္ပ်ိဳးေရး လုပ္ငန္း၊ ငါးလုပ္ငန္း၊ စားေသာက္ကုန္လုပ္ငန္း၊ စား ေသာက္ဆုိင္လုပ္ငန္းတို႔ ျဖစ္ ေၾကာင္း ထုတ္ျပန္ခ်က္မ်ားတြင္ ေဖာ္ျပထားသည္။

ယင္းလုပ္ငန္းမ်ားတြင္ သြား ေရာက္လုပ္ကိုင္မည့္သူမ်ားအေန ျဖင့္ ေနရာေဒသေပၚ မူတည္၍ တစ္လလွ်င္ က်ပ္ ၁၅ သိန္းမွ က်ပ္ သိန္း ၂၀ ခန္႔ လစာရရွိမည္ျဖစ္ ေၾကာင္း ေအဂ်င္စီလုပ္ငန္းရွင္ အခ်ိဳ႕က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

ဂျပန်နိုင်ငံက စနစ်အ သစ်ဖြင့် ခေါ်ယူမည့် လုပ်ငန်းအ မျိုးအစား ၁၄ မျိုးအတွက် နှစ်နိုင် ငံအလုပ်သမားရေးရာ အရာရှိများ မတ်လအတွင်း ညှိနှိုင်းပြီးနောက် ဧပြီတွင် အလုပ်သမားစေလွှတ် ခွင့်ကို စတင်ခွင့်ပြုကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာ န ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

‘‘ခွင့်ပြုလိုက်ပြီ ဆိုပေမယ့် Demand Letter (အလုပ်ခေါ်စာ) တော့ တက်မလာသေးဘူး’’ ဟု ဦးဝင်းရှိန်က ပြောသည်။

ဂျပန်အစိုးရက နိုင်ငံခြား အလုပ်သမားဥပဒေအသစ်ဖြင့် မြန်မာအပါအဝင် ရှစ်နိုင်ငံမှ ကျွမ်း ကျင်အလုပ်သမားများခေါ်ယူရန် ၂၀၁၈ နှစ်ကုန်ကစ၍ ပြင်ဆင် နေသည်။

ဂျပန်နိုင်ငံသည် လုပ်ငန်း အမျိုးအစား ၁၄ မျိုးအတွက် ပထမနှစ်တွင် မြန်မာအပါအဝင် နိုင်ငံခြားလုပ်သား ၄၈,၀၀၀ ခေါ်ယူ လက်ခံမည်ဖြစ်ပြီး ငါးနှစ်အတွင်း စုစုပေါင်းလုပ်သား ၃၅၀,၀၀၀ ဆက်လက်ခေါ်ယူမည်ဟု ဂျပန်မီဒီယာများ၌ ဖော်ပြထားသည်။

အဆိုပါလုပ်ငန်းအမျိုးအ စားများအတွက် လုပ်သားများ စေလွှတ်ရန် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ၂၀၁၈ နှစ်ကုန်ကတည်းက ကြိုတင်ပြင်ဆင်ထားကြောင်း အေဂျင်စီလုပ် ငန်းရှင်အချို့က ဆိုသည်။

အဂျင်စီတွေက အားလုံးအဆင်သင့်ဖြစ်နေပြီ။ ဒီလုပ်ငန်းတွေအတွက် လုပ်သားစေလွှတ်ဖို့ အတွက် သီးခြားသတ်မှတ်ချက် တွေ ညွှန်ကြားဦးမှာလား၊ ဝန်ဆောင်ခကို ပြောင်းလဲသတ်မှတ် ဦးမှာလားဆိုတာ မသိသေးလို့ စောင့်နေတဲ့ အနေအထားရှိ တယ်’’ ဟု ငွေကြိုးကြာပြည်ပအ လုပ်အကိုင်ရှာဖွေရေးဝန်ဆောင် မှုကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းစည်သူက ပြောသည်။

လက်ရှိတွင် ယင်းလုပ်ငန်း ၁၄ မျိုးအနက် ဂျပန်နိုင်ငံ၌ သင်တန်းသားလုပ်သားအဖြစ် သုံးနှစ် လုပ်ကိုင်ဖူးသူများကို ဦးစားပေး စေလွှတ်ရန် အေဂျင်စီများက စီ စဉ်နေသည်။

ထိုသို့ သုံးနှစ်လုပ်ကိုင်ဖူး သည့် လုပ်ငန်းအမျိုးအစားများ သည် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ဝရိန်၊ အီလက်ထရွန်နစ် စသည့် လုပ်ငန်းများဖြစ်ကာ လက်ရှိတွင် ယင်းလုပ်ငန်းများအတွက် ဂျပန်နိုင်ငံဘက်က ကမ်းလှမ်းခေါ် ယူမှုအများဆုံးရှိနေကြောင်း အေ ဂျင်စီလုပ်ငန်းရှင်အချို့က ပြော သည်။

စနစ်သစ်ဖြင့် ခေါ်ယူမည့် လုပ်ငန်းများသည် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ အဆောက်အအုံအတွင်း သန့်ရှင်းရေး၊ သံထည်ပုံသွင်းလုပ်ငန်း၊ အကြီးစားစက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေးလုပ် ငန်း၊ ကားပြုပြင်ရေးလုပ်ငန်း၊ လေ ဆိပ်နှင့် လေကြောင်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ငါးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စား သောက်ဆိုင်လုပ်ငန်းတို့ ဖြစ် ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ယင်းလုပ်ငန်းများတွင် သွား ရောက်လုပ်ကိုင်မည့်သူများအနေ ဖြင့် နေရာဒေသပေါ် မူတည်၍ တစ်လလျှင် ကျပ် ၁၅ သိန်းမှ ကျပ် သိန်း ၂၀ ခန့် လစာရရှိမည်ဖြစ် ကြောင်း အေဂျင်စီလုပ်ငန်းရှင် အချို့က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top