“ဘယ္ ဘာသာတရား ကိုမွ မကိုးကြယ္တဲ့ သူေတြ ေသရင္ ဘယ္ေရာက္မွာလဲ၊ သူတို႔ကို ဘယ္ပုဂိၢဳလ္ေတြက အဆံုးအျဖတ္ ေပးမွာလဲ၊ ေကာင္းတ့ဲ ဘံုေရာက္လား၊ ဒါမွမဟုတ္ ငရဲေရာက္မွာလား၊ သူတုိ႔ကို ဘယ္ဟာက ဆံုးျဖတ္ေပးမွာလဲ”

ယင္းအတြက္ ျပီးျပည့္စံုေသာအေျဖကို ဗုဒၶဘာသာတြင္ ရွာေတြ႔ႏိုင္ပါသည္။

ပထမဦးစြာ ေသျခင္းအေၾကာင္းကိစၥကို ရွင္းရမည္။

ေသသည္ ဟူသည္ မရဏ၊ ရုပ္ေကာ၊နာမ္ေကာ ခ်ဳပ္ျငိမ္းျခင္း။ ေခတ္ စကားအရ ရွင္းရွင္းေျပာ ရလွ်င္ ခႏၶာကိုယ္တစ္ခုလံုး လွုပ္ရွားမွုမရွိ၊ အတြင္း ဦးေႏွာက္၊ ႏွလံုးတို႔လည္း လည္ပတ္သည့္ အေျခအေနမွ ရပ္တန္႔ျခင္း ျဖစ္သည္။

ယင္းေနာက္ကြယ္တြင္ မည္သည့္အရာမ်ား ရွိသနည္း။ ေသျပီးလွ်င္ ဘာျဖစ္ သနည္း။ ျမတ္စြာဘုရား ေဟာၾကားခဲ့ပါသည္။ ေသေသာ သူသည္ ပထဝီေျမၾကီး အတြက္ အေထာက္အပံ့သာ ျဖစ္သြားရသည္။ အရိုးစုမ်ား ၾကြင္းက်န္၍ ေနာက္ဆံုး အားလံုး ေပ်ာက္ကြယ္သြားသည္။ ဒီေတာ့ သူသည္ ဘယ္မွာ လဲ။ ဘယ္မွာမွ မရွိတေတာ့ပါ။ ရုပ္ေကာ၊ ခႏၶာပါ ဤေနရာ တြင္ တစ္ခါတည္း ခ်ဳပ္ျငိမ္းသြားသည္။ ထု႔ိေၾကာင့္ လူဝင္စားလည္း မရွိ၊ နတ္ဝင္စားလည္း မရွိ။ အမ်ားစု မွားယြင္းေသာ အယူအဆက လူဝင္စားသည္။ တိရစၦာန္ဝင္စားသည္ အစရွိသျဖင့္ စြဲလမ္းေနျခင္း တစ္ခ်က္ပင္။

အလြယ္ကူဆံုး ဥပမာ ကိုလည္း ျမတ္စြာဘုရားေဟာၾကားခဲ့ဖူးသည္။ ဂူတစ္ဂူတြင္ ေၾကးဆီေခတ္ လိုက္ေသာ အခါ ယင္း ေၾကးဆီေခတ္ သံမွ ျပန္လည္ ပဲ့တင္သည့္ သေဘာကုိ ျပ သည္။ ေၾကးဆီသည္ တစ္ခါအေခတ္ခံရျပီး ျပီးဆံုးသြားသည္။ သုိ႔ေသာ္ သူ၏ အသံသည္ ဂူထဲတြင္ ဆက္လက္၍ ျမည္ဟီးသည္။ ထိုနီးတူစြာပင္ လူတစ္ဦး ေသဆံုးေသာအခါ သူ၏ ရုပ္နာမ္ ႏွစ္ခုလံုးက တစ္ဘဝတည္းတြင္ ခ်ဳပ္ျငိမ္းေသာ္လည္း သူ၏ ကုသိုလ္၊ အကုသုိလ္ ခပ္သံမ်ားက ေနာက္ဘဝသုိ႔ ဆက္လက္ ကူးေျပာင္းသည္။ ထပ္ရွင္းပါမည္။

ေတာင္ႏွစ္လံုးၾကားတြင္ အသံက်ယ္တစ္ခု က်ယ္ေလာင္စြာေအာ္လိုက္သည္။ အေအာ္ရပ္သြားေသာ္လည္း ယင္းေအာ္သံ က ေတာင္ႏွစ္လံုးၾကား တြင္ ဆက္လက္၍ အၾကိမ္ၾကိမ္ ဟိန္းထြက္သည္။ ထိုနည္းတူစြာပဲ လူတစ္ဦး ဘဝတစ္ခု တြင္ ရုပ္ေကာ၊ ခႏၶာပါ ပ်က္ဆီးေသဆံုးသြားေသာ္လည္း သူ၏ ကုသိုလ္၊အကုသုိလ္လုပ္ေဆာင္ခ်က္မ်ား က ေအာ္သံအဆက္ အေနျဖင့္ ရုပ္နာမ္ တစ္စံုေပၚလာတိုင္း ဆက္လက္၍ အသံျမည္သည္။ ယင္းအသံကုိ ဆက္ၾကားရသည္။ ခံစားရသည္။ ကုသုိလ္အသံေၾကာင့္ ေကာင္းတာ ျဖစ္၍ အကုသိုလ္အသံေၾကာင့္ မေကာင္းတာ ျဖစ္သည္။ ဤေနရာတြင္ လူဟူသည္က ရုပ္တစ္ခုသာ ျဖစ္ျပီး မည္သူမွ မပိုင္၊ ကိုယ္လည္း မပိုင္ပါ။ စိတ္ကိုလည္း မပိုင္ပါ။ ရုပ္ႏွင္စိတ္ ေပါင္းစပ္မွုေၾကာင့္ ျဖစ္လာ ေသာ ခႏၶာဟူသည္ကား က ဝဋ္ပမာ ခံစား၍ ေၾကးစည္သံ၊ ေအာ္သံကို ဆက္ျမည္ဟီးေစသည္။ ယင္း အသံရပ္ သြားသည့္ တစ္ေန႔သည္ ဘဝ ျဖစ္ပ်က္ သံသရာမွ လြတ္ေျမာက္ေသာ တစ္ေန႔ျဖစ္ျပီး နိဗၺာန္သို႔ ေလွ်ာက္လွမ္းေသာ တစ္ေန႔ ျဖစ္သည္။

ထို႔ေၾကာင့္ မိမိ ေသသည္၊ နတ္ျဖစ္သည္။ ငရဲေရာက္သည္ဟူကား ဤ ရုပ္ခႏၶာမွ ဆက္လက္ သယ္ေဆာင္သြားျခင္း မဟုတ္ပါ။ ရုပ္အသစ္၊ စိတ္အသစ္က ဆက္လက္၍ ခံစားေပးသြားျခင္းပင္။ ထို႔ေၾကာင့္ စာဖတ္သူတို႔ သံုးသပ္ၾကည့္ပါ။ အရင္ဘဝက မည္သည့္ ဘံုဘဝက ဘာျဖစ္ခဲ့သည္ကို မွတ္မိပါသလား။ မမွတ္ႏိုင္ပါ။ အဘယ္ေၾကာင့္ဆုိေသာ္ ယခင္ ေၾကးဆီခပ္သံ လိုဏ္ဂူေခါင္းသံကို စာဖတ္သူ၏ ရုပ္၊နာမ္က ဆက္လက္ သယ္ေဆာင္၊ျမည္ဟီးေနေစျခင္းသာ ျဖစ္သည္။

မွတ္မိသည္ ဟူေသာ ျဖစ္ရပ္မွာ ဘဝတစ္ခုမခ်ဳပ္မီွ ျပဳခဲ့ေသာ က်င့္စဥ္ပါရမီ ထူးေၾကာင့္ေသာ္လည္းေကာင္း၊ ယခုဘဝ အေလ့အက်င့္ အား ေကာင္းမွုေၾကာင့္ ယခင္ဘဝကို ျပန္ျမင္ရသည္ဟု လည္းေကာင္း သိျမင္ရျခင္းသာ ျဖစ္သည္။ ေတာ္ရံုအေျခအေနတစ္ခုတြင္ သာမန္လူတစ္ဦးက ေရွးဘဝ ကို ျပန္မၾကည့္ႏိုင္သလို ေနာက္ဘဝကိုလည္း မခန႔္မွန္းႏိုင္ပါ။ ထို႔ေၾကာင့္ လူျဖစ္လာလွ်င္ မလြတ္ကင္းႏိုင္ေသာ သံသရာတြင္ က်င္လည္ရသည္။

ထို႔ေၾကာင့္ ယင္းကဲ့သု႔ိေရွ ႔မေနာက္မသိသည့္လူသားမ်ား၊ ျဖစ္ပ်က္ကို မသိသည့္လူသားမ်ားကို နည္းလမ္းညြန္ျပ၊ ျပသ ေပးရန္ ဘာသာအမ်ိဳးမ်ိဳး ေပၚေပါက္လာခဲ့သည္။ ဗုဒၶျမတ္စြာဘုရားရွင္က ခႏၶာျဖစ္ပ်က္အေၾကာင္း ရွင္းလင္း ေဟာၾကား သည္။ ဘဝျဖစ္စဥ္ေဟာၾကားသည္။ ခ်ဳပ္စဥ္ ကိုေဟာၾကားသည္။ လူတင္မကပဲ ဘယ္ဘံု၊ဘဝ ရွိသည္ကိုပါ တစ္ခါတည္း ရွင္းလင္း ေဟာၾကားသည္။ ဆံုးမသည္။ ယင္း သံသရာမွ လြတ္ေျမာက္ ႏိုင္သည့္ လမ္းစဥ္ကို အလြယ္ကူဆံုးျဖစ္ေအာင္ ျပန္လည္ေဟာၾကားျပသေပးသည္။ ဗုဒၶဘာသာ ကိုးကြယ္ယံုၾကည္၊ ဆည္းကပ္သူက ဘယ္လမ္းခရီးကိုေရြးလွ်င္ ဘယ္ဘဝ ကို ျမင္ရသည္ဟု ေသခ်ာသိေစရသည္။ ဘဝကို ဘုရားက ဖန္တီးျခင္းမဟုတ္၊ တန္ခိုးရွင္ကဖန္တီးျခင္း မဟုတ္၊ လူကိုလူသာ လုပ္၍ မျပီးဆံုးႏိုင္ေသာ သံသရာက ကမၻာအဆက္ဆက္က ျဖစ္တည္လာျခင္းပင္။

ထို႔ေၾကာင့္ လူသားတို႔အတြက္ ျမတ္စြာဘုရားက ၃၁ ဘံုရွိေၾကာင္း ေသခ်ာရွင္းလင္းေဟာၾကား သည္။ ေဆာင္းပါးအစက ေမးခြန္းအေျဖမွာ ယခုမွ စပါသည္။ မည္သည့္ဘာသာကိုမွမကိုးကြယ္သူ ဟူျခင္းက ဘာသာမ့ဲကို ဆုိလိုသည္။ ဘာသာမဲ့ တစ္ဦးသည္ ဥာဏ္ပညာထက္ေကာင္း ထက္မည္။ ည့ံေကာင္းညံ့မည္။ ညံ့လွ်င္မတတ္ႏိုင္။ ထပ္လွ်င္ေသာ အကန္႔အသတ္ တစ္ခုရွိသည္။ “ငါဘယ္ဘာသာမွ မယံုဘူး။ သံသရာကိုလည္းမယံုဘူး။ အားလံုး တကယ္အမွန္မဟုတ္ဘူး” ဟု ယံုၾကည္ ေနေသာ သူတစ္ေယာက္သည္ ေကာင္းေသာအလုပ္က ဘာျဖစ္သည္၊ မေကာင္းေသာ အလုပ္က ဘာျဖစ္သည္ကို လြယ္လြယ္မခြဲျခားႏိုင္။

ျမတ္စြာဘုရားရွင္က ေကာင္းေသာ အလုပ္ ဘာျဖစ္သည္။ ကုသိုလ္ ၁၀ ပါးရွိသည္။ အကုသိုလ္ ၁၀ ပါးရွိသည္။ ဝိပႆနာ က်င့္စဥ္ ထိုသုိ႔ရွိသည္ အစရွိသျဖင့္ နည္းလမ္းမ်ားကို အလြယ္ကူဆံုး၊အနားလည္ ဆံုး ျဖစ္ေအာင္ ေဟာၾကားထားသည္။ သုိ႔ေသာ္ မေလ့လာထားပါက ဘာသာမဲ့ႏွင့္ မထူးမျခားနားပင္။ ယင္းအေျခခံေလးကုိမွ မသိလွ်င္ သံသရာ ဝဋ္ဆင္းရဲကို လည္း မသိႏိုင္။ ေၾကာင္းက်ိဳးရွိသည္ကို မယံုၾကည္ျခင္း၊ ကုသိုလ္အကုသိုလ္ကို မသိျခင္း၊ ကံကံ၏ အက်ိးကို မယံုၾကည္ ျခင္းတို႔က ဒိဌိျဖစ္ေစသည့္ အေၾကာင္းတရားမ်ားပင္ ျဖစ္သည္။ ဒိဌိတြင္ပင္ အမ်ိဳးမ်ိဳးထပ္ကြဲ၍ ခံရသည့္ ဝဋ္ဘဝကလည္း အမ်ိဳးမ်ိဳးကြဲပါသည္။ ေသခ်ာသည္ကား ကာမ ၇ ဘံုတြင္ ငရဲႏွင့္ တိရစၦာန္ဘံုတုိ႔တြင္သာ ျဖစ္ခ်ဳပ္ရန္ ဘဝဆက္ရသည္။ ေနာက္မွ ဘံုအေၾကာင္း ဆက္လက္ရွင္းလင္းပါမည္။

ထို႔ေၾကာင့္ ေသေသာသူကုိ ဘယ္သူမွ အဆံုးအျဖတ္မေပးပါဘူး။ ဘုရားလည္း အဆံုးအျဖတ္မေပးပါ။ ကိုယ္တိုင္သာ ျဖစ္သည္၊ခ်ဳပ္သည္၊ ပ်က္သည္။ ေရာက္ရမည့္ ဘံုဘဝက ျမတ္စြာဘုရားေဟာၾကားေသာ ၃၁ ဘံုတြင္းတြင္သာ ျဖစ္ျပီး ဘာသာမဲ့ ဒိဌိတို႔အဖို႔ ေကာင္းရာဘံုသုိ႔မေရာက္ႏိုင္ ရာ ဆိုးလြန္သပ အဝီစိလို႔ လားရာအပ္သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Myanmar Young Buddhist

#Unicode Version#
“ဘယ် ဘာသာတရား ကိုမှ မကိုးကွယ်တဲ့ သူတွေ သေရင် ဘယ်ရောက်မှာလဲ၊ သူတို့ကို ဘယ်ပုဂ္ဂိုလ်တွေက အဆုံးအဖြတ် ပေးမှာလဲ၊ ကောင်းတဲ့ ဘုံရောက်လား၊ ဒါမှမဟုတ် ငရဲရောက်မှာလား၊ သူတို့ကို ဘယ်ဟာက ဆုံးဖြတ်ပေးမှာလဲ”

ယင်းအတွက် ပြီးပြည့်စုံသောအဖြေကို ဗုဒ္ဓဘာသာတွင် ရှာတွေ့နိုင်ပါသည်။

ပထမဦးစွာ သေခြင်းအကြောင်းကိစ္စကို ရှင်းရမည်။

သေသည် ဟူသည် မရဏ၊ ရုပ်ကော၊နာမ်ကော ချုပ်ငြိမ်းခြင်း။ ခေတ် စကားအရ ရှင်းရှင်းပြော ရလျှင် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားမှုမရှိ၊ အတွင်း ဦးနှောက်၊ နှလုံးတို့လည်း လည်ပတ်သည့် အခြေအနေမှ ရပ်တန့်ခြင်း ဖြစ်သည်။

ယင်းနောက်ကွယ်တွင် မည်သည့်အရာများ ရှိသနည်း။ သေပြီးလျှင် ဘာဖြစ် သနည်း။ မြတ်စွာဘုရား ဟောကြားခဲ့ပါသည်။ သေသော သူသည် ပထဝီမြေကြီး အတွက် အထောက်အပံ့သာ ဖြစ်သွားရသည်။ အရိုးစုများ ကြွင်းကျန်၍ နောက်ဆုံး အားလုံး ပျောက်ကွယ်သွားသည်။ ဒီတော့ သူသည် ဘယ်မှာ လဲ။ ဘယ်မှာမှ မရှိတတော့ပါ။ ရုပ်ကော၊ ခန္ဓာပါ ဤနေရာ တွင် တစ်ခါတည်း ချုပ်ငြိမ်းသွားသည်။ ထု့ိကြောင့် လူဝင်စားလည်း မရှိ၊ နတ်ဝင်စားလည်း မရှိ။ အများစု မှားယွင်းသော အယူအဆက လူဝင်စားသည်။ တိရစ္ဆာန်ဝင်စားသည် အစရှိသဖြင့် စွဲလမ်းနေခြင်း တစ်ချက်ပင်။

အလွယ်ကူဆုံး ဥပမာ ကိုလည်း မြတ်စွာဘုရားဟောကြားခဲ့ဖူးသည်။ ဂူတစ်ဂူတွင် ကြေးဆီခေတ် လိုက်သော အခါ ယင်း ကြေးဆီခေတ် သံမှ ပြန်လည် ပဲ့တင်သည့် သဘောကို ပြ သည်။ ကြေးဆီသည် တစ်ခါအခေတ်ခံရပြီး ပြီးဆုံးသွားသည်။ သို့သော် သူ၏ အသံသည် ဂူထဲတွင် ဆက်လက်၍ မြည်ဟီးသည်။ ထိုနီးတူစွာပင် လူတစ်ဦး သေဆုံးသောအခါ သူ၏ ရုပ်နာမ် နှစ်ခုလုံးက တစ်ဘဝတည်းတွင် ချုပ်ငြိမ်းသော်လည်း သူ၏ ကုသိုလ်၊ အကုသိုလ် ခပ်သံများက နောက်ဘဝသို့ ဆက်လက် ကူးပြောင်းသည်။ ထပ်ရှင်းပါမည်။

တောင်နှစ်လုံးကြားတွင် အသံကျယ်တစ်ခု ကျယ်လောင်စွာအော်လိုက်သည်။ အအော်ရပ်သွားသော်လည်း ယင်းအော်သံ က တောင်နှစ်လုံးကြား တွင် ဆက်လက်၍ အကြိမ်ကြိမ် ဟိန်းထွက်သည်။ ထိုနည်းတူစွာပဲ လူတစ်ဦး ဘဝတစ်ခု တွင် ရုပ်ကော၊ ခန္ဓာပါ ပျက်ဆီးသေဆုံးသွားသော်လည်း သူ၏ ကုသိုလ်၊အကုသိုလ်လုပ်ဆောင်ချက်များ က အော်သံအဆက် အနေဖြင့် ရုပ်နာမ် တစ်စုံပေါ်လာတိုင်း ဆက်လက်၍ အသံမြည်သည်။ ယင်းအသံကို ဆက်ကြားရသည်။ ခံစားရသည်။ ကုသိုလ်အသံကြောင့် ကောင်းတာ ဖြစ်၍ အကုသိုလ်အသံကြောင့် မကောင်းတာ ဖြစ်သည်။ ဤနေရာတွင် လူဟူသည်က ရုပ်တစ်ခုသာ ဖြစ်ပြီး မည်သူမှ မပိုင်၊ ကိုယ်လည်း မပိုင်ပါ။ စိတ်ကိုလည်း မပိုင်ပါ။ ရုပ်နှင်စိတ် ပေါင်းစပ်မှုကြောင့် ဖြစ်လာ သော ခန္ဓာဟူသည်ကား က ဝဋ်ပမာ ခံစား၍ ကြေးစည်သံ၊ အော်သံကို ဆက်မြည်ဟီးစေသည်။ ယင်း အသံရပ် သွားသည့် တစ်နေ့သည် ဘဝ ဖြစ်ပျက် သံသရာမှ လွတ်မြောက်သော တစ်နေ့ဖြစ်ပြီး နိဗ္ဗာန်သို့ လျှောက်လှမ်းသော တစ်နေ့ ဖြစ်သည်။

ထို့ကြောင့် မိမိ သေသည်၊ နတ်ဖြစ်သည်။ ငရဲရောက်သည်ဟူကား ဤ ရုပ်ခန္ဓာမှ ဆက်လက် သယ်ဆောင်သွားခြင်း မဟုတ်ပါ။ ရုပ်အသစ်၊ စိတ်အသစ်က ဆက်လက်၍ ခံစားပေးသွားခြင်းပင်။ ထို့ကြောင့် စာဖတ်သူတို့ သုံးသပ်ကြည့်ပါ။ အရင်ဘဝက မည်သည့် ဘုံဘဝက ဘာဖြစ်ခဲ့သည်ကို မှတ်မိပါသလား။ မမှတ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ယခင် ကြေးဆီခပ်သံ လိုဏ်ဂူခေါင်းသံကို စာဖတ်သူ၏ ရုပ်၊နာမ်က ဆက်လက် သယ်ဆောင်၊မြည်ဟီးနေစေခြင်းသာ ဖြစ်သည်။

မှတ်မိသည် ဟူသော ဖြစ်ရပ်မှာ ဘဝတစ်ခုမချုပ်မှီ ပြုခဲ့သော ကျင့်စဉ်ပါရမီ ထူးကြောင့်သော်လည်းကောင်း၊ ယခုဘဝ အလေ့အကျင့် အား ကောင်းမှုကြောင့် ယခင်ဘဝကို ပြန်မြင်ရသည်ဟု လည်းကောင်း သိမြင်ရခြင်းသာ ဖြစ်သည်။ တော်ရုံအခြေအနေတစ်ခုတွင် သာမန်လူတစ်ဦးက ရှေးဘဝ ကို ပြန်မကြည့်နိုင်သလို နောက်ဘဝကိုလည်း မခန့်မှန်းနိုင်ပါ။ ထို့ကြောင့် လူဖြစ်လာလျှင် မလွတ်ကင်းနိုင်သော သံသရာတွင် ကျင်လည်ရသည်။

ထို့ကြောင့် ယင်းကဲ့သု့ိရှေ့မနောက်မသိသည့်လူသားများ၊ ဖြစ်ပျက်ကို မသိသည့်လူသားများကို နည်းလမ်းညွန်ပြ၊ ပြသ ပေးရန် ဘာသာအမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်က ခန္ဓာဖြစ်ပျက်အကြောင်း ရှင်းလင်း ဟောကြား သည်။ ဘဝဖြစ်စဉ်ဟောကြားသည်။ ချုပ်စဉ် ကိုဟောကြားသည်။ လူတင်မကပဲ ဘယ်ဘုံ၊ဘဝ ရှိသည်ကိုပါ တစ်ခါတည်း ရှင်းလင်း ဟောကြားသည်။ ဆုံးမသည်။ ယင်း သံသရာမှ လွတ်မြောက် နိုင်သည့် လမ်းစဉ်ကို အလွယ်ကူဆုံးဖြစ်အောင် ပြန်လည်ဟောကြားပြသပေးသည်။ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်၊ ဆည်းကပ်သူက ဘယ်လမ်းခရီးကိုရွေးလျှင် ဘယ်ဘဝ ကို မြင်ရသည်ဟု သေချာသိစေရသည်။ ဘဝကို ဘုရားက ဖန်တီးခြင်းမဟုတ်၊ တန်ခိုးရှင်ကဖန်တီးခြင်း မဟုတ်၊ လူကိုလူသာ လုပ်၍ မပြီးဆုံးနိုင်သော သံသရာက ကမ္ဘာအဆက်ဆက်က ဖြစ်တည်လာခြင်းပင်။

ထို့ကြောင့် လူသားတို့အတွက် မြတ်စွာဘုရားက ၃၁ ဘုံရှိကြောင်း သေချာရှင်းလင်းဟောကြား သည်။ ဆောင်းပါးအစက မေးခွန်းအဖြေမှာ ယခုမှ စပါသည်။ မည်သည့်ဘာသာကိုမှမကိုးကွယ်သူ ဟူခြင်းက ဘာသာမဲ့ကို ဆိုလိုသည်။ ဘာသာမဲ့ တစ်ဦးသည် ဉာဏ်ပညာထက်ကောင်း ထက်မည်။ ညံ့ကောင်းညံ့မည်။ ညံ့လျှင်မတတ်နိုင်။ ထပ်လျှင်သော အကန့်အသတ် တစ်ခုရှိသည်။ “ငါဘယ်ဘာသာမှ မယုံဘူး။ သံသရာကိုလည်းမယုံဘူး။ အားလုံး တကယ်အမှန်မဟုတ်ဘူး” ဟု ယုံကြည် နေသော သူတစ်ယောက်သည် ကောင်းသောအလုပ်က ဘာဖြစ်သည်၊ မကောင်းသော အလုပ်က ဘာဖြစ်သည်ကို လွယ်လွယ်မခွဲခြားနိုင်။

မြတ်စွာဘုရားရှင်က ကောင်းသော အလုပ် ဘာဖြစ်သည်။ ကုသိုလ် ၁၀ ပါးရှိသည်။ အကုသိုလ် ၁၀ ပါးရှိသည်။ ဝိပဿနာ ကျင့်စဉ် ထိုသို့ရှိသည် အစရှိသဖြင့် နည်းလမ်းများကို အလွယ်ကူဆုံး၊အနားလည် ဆုံး ဖြစ်အောင် ဟောကြားထားသည်။ သို့သော် မလေ့လာထားပါက ဘာသာမဲ့နှင့် မထူးမခြားနားပင်။ ယင်းအခြေခံလေးကိုမှ မသိလျှင် သံသရာ ဝဋ်ဆင်းရဲကို လည်း မသိနိုင်။ ကြောင်းကျိုးရှိသည်ကို မယုံကြည်ခြင်း၊ ကုသိုလ်အကုသိုလ်ကို မသိခြင်း၊ ကံကံ၏ အကျိးကို မယုံကြည် ခြင်းတို့က ဒိဌိဖြစ်စေသည့် အကြောင်းတရားများပင် ဖြစ်သည်။ ဒိဌိတွင်ပင် အမျိုးမျိုးထပ်ကွဲ၍ ခံရသည့် ဝဋ်ဘဝကလည်း အမျိုးမျိုးကွဲပါသည်။ သေချာသည်ကား ကာမ ၇ ဘုံတွင် ငရဲနှင့် တိရစ္ဆာန်ဘုံတို့တွင်သာ ဖြစ်ချုပ်ရန် ဘဝဆက်ရသည်။ နောက်မှ ဘုံအကြောင်း ဆက်လက်ရှင်းလင်းပါမည်။

ထို့ကြောင့် သေသောသူကို ဘယ်သူမှ အဆုံးအဖြတ်မပေးပါဘူး။ ဘုရားလည်း အဆုံးအဖြတ်မပေးပါ။ ကိုယ်တိုင်သာ ဖြစ်သည်၊ချုပ်သည်၊ ပျက်သည်။ ရောက်ရမည့် ဘုံဘဝက မြတ်စွာဘုရားဟောကြားသော ၃၁ ဘုံတွင်းတွင်သာ ဖြစ်ပြီး ဘာသာမဲ့ ဒိဌိတို့အဖို့ ကောင်းရာဘုံသို့မရောက်နိုင် ရာ ဆိုးလွန်သပ အဝီစိလို့ လားရာအပ်သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Myanmar Young Buddhist


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top