ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕မွာ က်င္းပခဲ့တဲ့ ႏိုင္ငံတကာခ်စ္ၾကည္ေရး ကရာေတးၿပိဳင္ပြဲမွာ ကခ်င္ျပည္နယ္ စစ္ေရွာင္စခန္းက ကေလးတေယာက္အပါအဝင္ ကခ်င္ကေလး ၃ ေယာက္ ခ်န္ပီယံဆု ရခဲ့ပါတယ္။

ျမန္မာႏိုင္ငံကိုယ္စားျပဳၿပီး ၇ ေယာက္ သြားေရာက္ယွဥ္ၿပိဳင္ရာမွာ ကခ်င္ကစားသမား ဂ်ာလ၊ ဆုိင္းလတ္ေအာင္နဲ႔ မဆန္မုိင္ႏူး တုိ႔ ရရိွခဲ့ၾကတာျဖစ္ပါတယ္။

“စစ္ေရွာင္စခန္းက ၂ ေယာက္ ပါတယ္။ အဲဒီမွာ ဆုရတာက ဂ်ာလ တေယာက္ ရပါတယ္။ ျမစ္ႀကီးနားက စုစုေပါင္း ၅ ေယာက္၊ ရန္ကုန္က ၂ ေယာက္ သြားတာပါ” လို႔ နည္းျပ ျဖစ္တဲ့ ကိုယိန္းေဘာမ္က ေျပာပါတယ္။

ဂ်ာလဟာ ျမစ္ႀကီးနားၿမိဳ႕ ဒူကေထာင္ စစ္ေရွာင္စခန္းက ျဖစ္ၿပီး ဆုိင္းလတ္ေအာင္နဲ႔ မဆန္မုိင္ႏူးတို႔ကေတာ့ အႁမႊာေမာင္ႏွမ ျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲကို ဧၿပီလ ၂၀ နဲ႔ ၂၁ ရက္က က်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး ႏုိင္ငံေပါင္းစံုက ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့တာပါ။

အခုလိုအႏိုင္ရရွိတဲ့အတြက္ ေနာက္ဆံုးအဆင့္ျဖစ္တဲ့ တိုကိုၿမိဳ႕မွာ ထပ္က်င္းပမယ့္ ကမ႓ာ့အဆင့္ၿပိဳင္ပြဲကို တက္လွမ္းႏိုင္ခဲ့ၿပီး ႏို၀င္ဘာလမွာ လာေရာက္ယွဥ္ၿပိဳင္ခြင့္ရသြားၿပီလို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ Kyokushin Karate တာဝန္ခံ ဦးမင္လြင္က ဒီဗီြဘီကို ေျပာပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ပုိင္စုိး၊ ေဇာ္ေဇာ္လႈိင္
#Unicode Version#
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာချစ်ကြည်ရေး ကရာတေးပြိုင်ပွဲမှာ ကချင်ပြည်နယ် စစ်ရှောင်စခန်းက ကလေးတယောက်အပါအဝင် ကချင်ကလေး ၃ ယောက် ချန်ပီယံဆု ရခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုပြီး ၇ ယောက် သွားရောက်ယှဉ်ပြိုင်ရာမှာ ကချင်ကစားသမား ဂျာလ၊ ဆိုင်းလတ်အောင်နဲ့ မဆန်မိုင်နူး တို့ ရရှိခဲ့ကြတာဖြစ်ပါတယ်။

“စစ်ရှောင်စခန်းက ၂ ယောက် ပါတယ်။ အဲဒီမှာ ဆုရတာက ဂျာလ တယောက် ရပါတယ်။ မြစ်ကြီးနားက စုစုပေါင်း ၅ ယောက်၊ ရန်ကုန်က ၂ ယောက် သွားတာပါ” လို့ နည်းပြ ဖြစ်တဲ့ ကိုယိန်းဘောမ်က ပြောပါတယ်။

ဂျာလဟာ မြစ်ကြီးနားမြို့ ဒူကထောင် စစ်ရှောင်စခန်းက ဖြစ်ပြီး ဆိုင်းလတ်အောင်နဲ့ မဆန်မိုင်နူးတို့ကတော့ အမြွှာမောင်နှမ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ဧပြီလ ၂၀ နဲ့ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်းစုံက ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။

အခုလိုအနိုင်ရရှိတဲ့အတွက် နောက်ဆုံးအဆင့်ဖြစ်တဲ့ တိုကိုမြို့မှာ ထပ်ကျင်းပမယ့် ကမ္ဘာ့အဆင့်ပြိုင်ပွဲကို တက်လှမ်းနိုင်ခဲ့ပြီး နိုဝင်ဘာလမှာ လာရောက်ယှဉ်ပြိုင်ခွင့်ရသွားပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ Kyokushin Karate တာဝန်ခံ ဦးမင်လွင်က ဒီဗွီဘီကို ပြောပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:ပိုင်စိုး၊ ဇော်ဇော်လှိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top