"ဝိပႆနာ"တရားအားထုတ္ၾကသူမ်ား အတြင္း တစ္ခ်ိဳ ့ျဖစ္ေလ့ျဖစ္ထရွိ တဲ့....
တရားအားထုတ္တဲ့ အခါမွာ ရႈမွတ္လို ့မရႏိုင္ေအာင္ "ငိုက္ျမည္းၾကတယ္"လို ့ၾကားဖူးပါတယ္။ အဲဒီလို ျဖစ္တတ္တဲ့ ဓမၼမိတ္ေဆြမ်ားအတြက္ "ျမတ္စြာဘုရားရွင္"ကိုယ္ေတာ္တိုင္...."ပစလာယနသုတ္" မွာ အိပ္ငိုက္တာ ကို ဘယ္လို ေဖ်ာက္ရမလဲဆိုတာ ေဟာၾကားထားတာရွိပါတယ္။
ဓမၼမိတ္ေဆြမ်ားအေနျဖင့္ သိသင့္သိထိုက္သည္ ဟု ယူဆ၍ ေက်းဇူးရွင္ "ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ" ျပန္လည္ေဟာၾကားထားေသာ "တရားထိုင္ရင္း အိပ္ငိုက္ပံု ေဖ်ာက္နည္း" အေၾကာင္းကို စုေဆာင္းထားသမွ်အား ျပန္လည္၍ ဓမၼဒါနျပဳလိုက္ပါသည္။
(ခႏၶာ-၅ပါးတစ္ဦး)
•••••••••••
တရားထိုင္ရင္း အိပ္ငိုက္လုိ႔ရွိရင္ အငိုက္ေဖ်ာက္ပံုနည္းလမ္း (၇)သြယ္ ဆိုၿပီးေတာ့ " ျမတ္စြာဘုရားရွင္"က ပစလာယနသုတ္"မွာ ေဟာပါတယ္....တဲ့။
"ပစလာယန"ဆိုတဲ့ အဓိပၸါယ္က "အိပ္ငိုက္ျခင္း" ဆိုတဲ့အဓိပၸါယ္ ရပါတယ္။ ေခါင္းတဆတ္ဆတ္ နဲ႔ ငိုက္တယ္။ ကမၼ႒ာန္းအားထုတ္တဲ့အခ်ိန္မွာ အိပ္ခ်င္လာတယ္...ဆိုရင္ အဲဒီ ကမၼ႒ာန္းကို စြန္႔ ၿပီး ေတာ့တျခားနည္းေျပာင္း ၿပီးအားထုတ္ရတယ္...လို ့ဆိုပါတယ္။ အိပ္ငိုက္တဲ့...."အမွတ္သညာမ်ဳိး"ကို ဖယ္ရွားပစ္ရပါမယ္....တဲ့။

အငိုက္ေဖ်ာက္ပံု (၇)မ်ိဳးကေတာ့.....
❖နံပါတ္ (၁)......
တရားအားထုတ္တဲ့အခါ ကို ကမၼ႒ာန္း ကို ႏွလံုးသြင္းလုိ႔ "အိပ္ငိုက္တယ္" ဆိုလုိ႔ ရွိရင္ အဲဒီ အိပ္ငိုက္ေစတက္ တဲ့ "အမွတ္သညာ၊ ကမၼ႒ာန္းတရားမ်ဳိး" ကို ရပ္ထားလိုက္ပါ...တဲ့။ တျခား..အာရံုတစ္မ်ဳိးေျပာင္းၿပီး ရွဳပါတဲ့။

❖နံပါတ္(၂).......
အဲဒီလိုရွဳလုိ႔မွ "အိပ္ငိုက္မေျပ"ေသးဘူး ဆိုရင္ ေနာက္ထပ္တစ္ခု ေျပာင္းလုပ္ရပါမယ္။ ဘာလဲ ဆိုေတာ့...
ကိုယ္အာဂံုေဆာင္( အလြတ္က်က္မွတ္ ) ထားတဲ့ တရားဓမၼေတြ၊( ဒါမွမဟုတ္ )သင္ထားတဲ့ တရားဓမၼေတြ ကို "စိတ္ထဲကေနေတြးပါ"...တဲ့။ ဥပမာ- ပရိတ္ႀကီးရရင္ "ပရိတ္ႀကီး" ေပါ့။ႏႈတ္ကေန ထုတ္ရြတ္ဆိုတာ ေတာ့ မဟုတ္ပါဘူး။ စိတ္နဲ႔ ၾကံေတြးၿပီး ရြတ္ဆိုၾကည့္တာ ကို ေျပာတာပါ...တဲ့။ အဲဒီလိုဆိုလုိ႔ ရွိရင္ အိပ္ငိုက္မႈ ဟာ ေပ်ာက္သြားႏုိင္ပါတယ္...တဲ့။

❖နံပါတ္(၃)......
ရတဲ့စာေတြ ေတြးေနတာမွ အိပ္ငိုက္မႈက မေပ်ာက္ေသးဘူး ။ အိပ္ခ်င္တုန္းပဲဆိုရင္.....
ကိုယ္ႏႈတ္တက္အာဂံုေဆာင္ ထားတဲ့စာေတြကို ရြတ္ဖတ္ သရဇၩာယ္ လိုက္ပါတဲ့။ “ဣတိပိေသာ”ပဲျဖစ္ျဖစ္၊ဘာပဲျဖစ္ျဖစ္ ရြတ္ဖတ္သရဇၩာယ္လိုက္ပါ...တဲ့။
အသံထြတ္ျပီး အဲဒီလို ရြတ္ဖတ္သရဇၩာယ္ၿပီးလုိ႔ရွိရင္....အိပ္ငိုက္မႈဟာ ေပ်ာက္သြားႏုိင္တယ္...တဲ့။

❖နံပါတ္(၄)......
မေပ်ာက္ေသးဘူးဆိုရင္ ဘာဆက္လုပ္ဖုိ႔ လိုတုန္းဆိုေတာ့...
ကိုယ့္နားရြက္ကို ပူသြားေအာင္ဆြဲတဲ့။
ခႏၶာကိုယ္ကို တစ္ကိုယ္လံုးပြတ္သပ္တဲ့။အေညာင္း အညာေတြေျဖ။
နားရြက္ဆြဲ တစ္ကိုယ္လံုးပြတ္သပ္ အဲဒီလို လုပ္လိုက္လုိ႔ ရွိရင္လည္း လူဟာ လန္းဆန္းၿပီးေတာ့ အိပ္ခ်င္ေျပသြားႏုိင္ပါတယ္...တဲ့။

❖နံပါတ္(၅).....
အဲဒီလိုလုပ္လုိ႔မွ အိပ္ခ်င္မေျပဘူး ဆိုလုိ႔ ရွိရင္..... ဘာလုပ္ရမလဲ။
မ်က္ႏွာသစ္၊ မ်က္လံုးကို ေရဆြတ္ ပါတဲ့။ မ်က္လံုးကို ေရဆြတ္ၿပီး ကမၼ႒ာန္း ေက်ာင္းထဲကထြက္ ေကာင္းကင္ကိုၾကည့္၊ နကၡတ္ေတြ႕ရွိရင္ နကၡတ္ၾကည့္၊ လရွိရင္ လၾကည့္ေပါ့။ ေကာင္းကင္ကို ေမာ့ၾကည့္ ဟိုၾကည့္ ဒီၾကည့္။အရပ္မ်က္နွာေတြကို ၾကည့္။ ေလေကာင္း ေလသန္႔ေတြကို ရွဴ။ အရပ္မ်က္ႏွာေတြကို ေမာ့ၾကည့္လိုက္တဲ့အခါ အိပ္ခ်င္ေျပသြားႏုိင္တယ္ေပါ့။

❖နံပါတ္(၆).....
အဲဒီလိုမွ မရဘူး။ဆက္ၿပီး အိပ္ခ်င္ေနေသးတယ္ ဆိုလုိ႔ရွိရင္ "အာေလာကသညာ "အလင္းကို ႏွလံုးသြင္းရမယ္တဲ့။ အေမွာင္ထဲမွာ မေနပါနဲ႔။အလင္းထဲမွာ ေနပါ။ အာေလာကသညာ ကို ႏွလံုးသြင္း။"ညကို ေန"႔လုိ႔စိတ္ထဲမွာထား။အလင္းေရာင္ႀကီးထဲမွာေန။ ေမွာင္ေနတယ္ ဆိုတာကို ေမ့ထားလိုက္ပါ။ လင္းေနတယ္ ဆိုတာကို ႏွလံုးသြင္းပါ။ အဲဒီလို ႏွလံုးသြင္း အားထုတ္ လိုက္မယ္ ဆိုလုိ႔ရွိရင္ အိပ္ခ်င္တာေတြ၊ငိုက္ျမည္းတာေတြ ေပ်ာက္သြားႏုိင္ပါတယ္တဲ့။

❖နံပါတ္(၇).....
အဲဒီလိုမွ မေပ်ာက္ေသးဘူး ဆိုလုိ႔ ရွိရင္ စၾကႍလမ္းေလး ကို သတ္မွတ္ၿပီး....
သဒၶါတုိ႔၊ဝီရိယတုိ႔၊ သတိတုိ႔၊သမာဓိတုိ႔၊ပညာတုိ႔ ဆိုတဲ့ ဣေႁႏၵစြမ္းအားေတြ ကို ထိန္းခ်ဳပ္ထားၿပီး စၾကႍေလွ်ာက္လိုက္ပါတဲ့။
အဲဒီလို စၾကႍေလွ်ာက္တာေတာင္ အိပ္ခ်င္တာက မေျပေသးဘူးဆိုရင္ေတာ့ ဘာလုပ္ရမတုန္း ဆိုေတာ့...
"အိပ္လိုက္ပါ" ေတာ့.....တဲ့။
ဓမၼမိတ္ေဆြ တို ့က စာဖတ္ၿပီး..." ဒါကေတာ့..သူေျပာမွ လား" ဆိုတဲ့ ေျပာခ်င္စိတ္ေပၚလာမွာ...။ဒါ ျမတ္စြာဘုရား ကိုယ္တိုင္ ေဟာခဲ့တာပါ...။ ေနာက္ဆံုးက်ေတာ့ အိပ္ခ်င္မေျပရင္ အိပ္ရတယ္...တဲ့။
ျမတ္စြာဘုရားက အငိုက္ေဖ်ာက္ပံု နည္းလမ္း ခုနစ္သြယ္ကို ေပးထားတာ။ မရဘူးဆိုရင္ အိပ္ပါတဲ့။
အိပ္ရင္လည္း စနစ္တက် အိပ္ရမယ္လို ့..ဆိုပါတယ္။ ဘယ္လို စနစ္တက် အိပ္ရမတုန္းဆိုရင္ ျဖင့္ " လက္ယာဘက္" ( ညာဖက္ )ကို ေစာင္းအိပ္..ပါ တဲ့။ ေျခေထာက္ႏွစ္ခု ေျခမ်က္စိခ်င္း မထိေစနဲ႔ တဲ့။ ထိရင္ အရိုးခ်င္းထိသည့္ အတြက္ေၾကာင့္ နာက်င္မႈ ျဖစ္လာတတ္တယ္..တဲ့။ ဒါေၾကာင့္မုိ႔လုိ႔ ခပ္လႊဲလႊဲေလးထားပါ..တဲ့။ “ပါေဒ ပါဒံ အစၥာဓာယ” အိပ္ပံုအိပ္နည္းကို ျမတ္စြာဘုရား လမ္းၫႊန္ေပးထားတာ ျဖစ္ပါတယ္..။
ဆရာေတာ္က မိန္႔ပါတယ္ "ပဲခူးေရာက္လုိ႔ရွိရင္ ေရႊသာေလ်ာင္းဘုရားကို သြားၿပီးဖူးၾကည့္။ ေျခဖဝါး ႏွစ္ခုဟာ တညီတည္းထားလုိ႔ရွိရင္ စာနဲ႔မညီဘူး။ ေျခဖဝါး ႏွစ္ခုက တစ္ဖက္က အတို၊တစ္ဖက္က အရွည္ထားၿပီးေျခမ်က္စိခ်င္းမထိေအာင္ ထားရမွာ"....တဲ့။
"ေရႊသာေလ်ာင္းဘုရားေတြ မွာ စနစ္တက် ထုရင္ ေအာက္ေျခေထာက္ေပၚ အထက္ေျခေထာက္က ဒူးေကြးထား။ေျခမ်က္စိခ်င္း မထိဘူး။ ဒါ "စာ နဲ႔အညီ " လက္ယာေျခေပၚမွာ လက္ဝဲေျခေထာက္ကေလးတင္ၿပီး“ဥ႒ာနသညံ မနသိကတြာ”တဲ့။ဘယ္အခ်ိန္ ထမယ္ဆိုတာ အမွတ္သညာေလးထားၿပီး အိပ္ပါတဲ့...."
ျမတ္စြာဘုရားက စနစ္တက် အိပ္ခိုင္းပါတယ္။ ဒီေနရာမွာ ဘာသြားသတိရတုန္းဆုိရင္ အေမရိကန္ႏိုင္ငံ မွာ Stop ဆိုတဲ့စာအုပ္ကို ကားေမာင္း သင္တန္း တက္မယ့္ပုဂၢိဳလ္တိုင္း ေၾကေအာင္ ဖတ္ၾကရပါတယ္။ ဖတ္ၿပီးရင္ ေမးခြန္းေတြ ေျဖရတယ္ေပါ့။အဲဒီထဲမွာ ေမးခြန္းရဲ႕အေျဖေတြ ေပးထားတာရွိတယ္။ အေျဖကေတာ့...အမ်ဳိးမ်ဳိး ေပးထားပါတယ္။
ကားေမာင္းရင္း...အိပ္ခ်င္ရင္ ဘာလုပ္ရမလဲ...အေျဖတစ္ခုက....
ကားေမာင္းရင္းအိပ္ခ်င္လာရင္ "ေကာ္ဖီေသာက္"ဆက္ေမာင္း။ သီခ်င္း နားေထာင္ၿပီးေတာ့ ဆက္ေမာင္းတဲ့။ အဲဒီလို အေျဖမ်ဳိး ေပးထားၿပီး ေနာက္ဆံုးအေျဖက.... ဘာတုန္းဆိုရင္ "အိပ္စက္ အပန္းေျဖၿပီး" မွ ဆက္ေမာင္းပါ..တဲ့။ အဲဒီ အေျဖေတြထဲက ေကာ္ဖီ ေသာက္ၿပီး ဆက္ေမာင္း ဆိုတဲ့အေျဖက အမွန္မဟုတ္ဘူး၊ မွားတယ္။ သီခ်င္းဖြင့္ဆက္ေမာင္း ဆိုတာကလည္း မွားတယ္။ ဘာလုပ္ရမွာတုန္း ဆိုရင္ အိပ္ခ်င္လုိ႔ရွိရင္ အိပ္လိုက္တဲ့။ အိပ္ၿပီးမွ ဆက္ေမာင္းတဲ့။ အဲဒီဟာကမွ အေျဖမွန္ပါ။ ကားေမာင္းတယ္ဆိုတာ အလြန္အႏၲရာယ္ မ်ားတာကိုး၊ အိပ္ခ်င္ေနတဲ့အခ်ိန္မွာ အိပ္ခ်င္စိတ္ မေပ်ာက္ဘဲ နဲ႔ ဆက္ေမာင္းရင္ ဒုကၡေရာက္သြားႏုိင္ပါတယ္။ ဒါေၾကာင့္မုိ႔ အိပ္ခ်င္လုိ႔ ရွိရင္ အိပ္ၿပီးမွေမာင္းလုိ႔ ေျပာတာပါ။
ျမတ္စြာဘုရားက လည္း တရားအားထုတ္လုိ႔ ခုနက နည္းလမ္းေတြ နဲ႔ ေျဖေပ်ာက္လုိ႔မရဘူး။အိပ္ခ်င္ၿပီဆိုလုိ႔ရွိရင္ အိပ္လိုက္ပါ တဲ့။
အိပ္တဲ့အခါမွာ ခုန ေျပာသလို...လက္ယာ ေစာင္းၿပီးေတာ့အိပ္။လက္ယာေျခေပၚမွာ လက္ဝဲေျခကေလးကို လႊဲၿပီးေတာ့ တင္ထား။ ဘယ္အခ်ိန္ထမယ္ဆိုတဲ့ အမွတ္သညာေလး ထားၿပီးေတာ့ အိပ္ပါတဲ့။
ႏိုးလာတာနဲ႔ တၿပိဳင္နက္ ခ်က္ခ်င္းထတဲ့။ဇိမ္ခံ မေနနဲ႔...တဲ့။ လူေတြက အိပ္ၿပီးလုိ႔ရွိရင္ ႏုိးလာေပမယ့္ ေတာ္ရံုနဲ႔ မထေသးဘူး။ေမွးေနေသးတယ္။ဇိမ္ခံတာေခၚပါတယ္။ "ေသယ်သုခ” အိပ္ျခင္းေၾကာင့္ျဖစ္တဲ့ ခ်မ္းသာ။ "ပႆသုခ” ဟိုဘက္ေစာင္းလိုက္၊ဒီဘက္ ေစာင္းလိုက္ ( ကေလးေတြဆို ႏုိးလည္း ေတာ္ရံုမထဘူး။ ဇိမ္ခံေနတာ)။ အဲဒီအိပ္ရတဲ့ ဇိမ္ကတစ္မ်ဳိး၊ အိပ္ရာထဲ ေမွးေနရတဲ့ဇိမ္က တစ္မ်ဳိးနဲ႔ တူပါတယ္။အားလံုး ဒီဇိမ္ေတာ့ ရဖူးၾကမွာပါ။ အဲဒါ ကို "ေသယ်သုခ၊ ပႆသုခ၊ မိဒၶသုခ".....တဲ့။ အဲဒီလိုဇိမ္ခံမေနပါနဲ႔....တဲ့။ ခ်က္ခ်င္း ထပါ...တဲ့။ ဖ်က္ကနဲ ႏုိးလိုက္တာနဲ႔ လူးလဲထ၊ ထၿပီးေတာ့ "တရားအားထုတ္ပါ"တဲ့။
အဲဒါဟာ..အရွင္ေမာဂၢလႅာန္ ကို ျမတ္စြာဘုရားက နည္းလမ္းေတြ ေပးထာတာပါ။ဒါ ကမၼ႒ာန္းအားထုတ္တဲ့ ပုဂၢိဳလ္ေတြ အိပ္ခ်င္ၿပီဆိုရင္ ဒီနည္းစနစ္ကို လိုက္နာက်င့္သံုးရမွာ ျဖစ္ပါတယ္....လို ့
ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ ျပန္လည္ေဟာၾကားထားတဲ့... အဂုၤတၱရနိကာယ္ ပစလာယနသုတၱန္ ထဲမွ ေကာက္ႏႈတ္ခ်က္ကို တင္ျပရင္းဓမၼဒါနျပဳရျခင္းပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ
ကိုးကား-Young Buddhist Association

#Unicode Version#
"ဝိပဿနာ"တရားအားထုတ်ကြသူများ အတွင်း တစ်ချို့ဖြစ်လေ့ဖြစ်ထရှိ တဲ့....
တရားအားထုတ်တဲ့ အခါမှာ ရှုမှတ်လို့မရနိုင်အောင် "ငိုက်မြည်းကြတယ်"လို့ကြားဖူးပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့ ဓမ္မမိတ်ဆွေများအတွက် "မြတ်စွာဘုရားရှင်"ကိုယ်တော်တိုင်...."ပစလာယနသုတ်" မှာ အိပ်ငိုက်တာ ကို ဘယ်လို ဖျောက်ရမလဲဆိုတာ ဟောကြားထားတာရှိပါတယ်။
ဓမ္မမိတ်ဆွေများအနေဖြင့် သိသင့်သိထိုက်သည် ဟု ယူဆ၍ ကျေးဇူးရှင် "ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ" ပြန်လည်ဟောကြားထားသော "တရားထိုင်ရင်း အိပ်ငိုက်ပုံ ဖျောက်နည်း" အကြောင်းကို စုဆောင်းထားသမျှအား ပြန်လည်၍ ဓမ္မဒါနပြုလိုက်ပါသည်။
(ခန္ဓာ-၅ပါးတစ်ဦး)
•••••••••••
တရားထိုင်ရင်း အိပ်ငိုက်လို့ရှိရင် အငိုက်ဖျောက်ပုံနည်းလမ်း (၇)သွယ် ဆိုပြီးတော့ " မြတ်စွာဘုရားရှင်"က ပစလာယနသုတ်"မှာ ဟောပါတယ်....တဲ့။
"ပစလာယန"ဆိုတဲ့ အဓိပ္ပါယ်က "အိပ်ငိုက်ခြင်း" ဆိုတဲ့အဓိပ္ပါယ် ရပါတယ်။ ခေါင်းတဆတ်ဆတ် နဲ့ ငိုက်တယ်။ ကမ္မဋ္ဌာန်းအားထုတ်တဲ့အချိန်မှာ အိပ်ချင်လာတယ်...ဆိုရင် အဲဒီ ကမ္မဋ္ဌာန်းကို စွန့် ပြီး တော့တခြားနည်းပြောင်း ပြီးအားထုတ်ရတယ်...လို့ဆိုပါတယ်။ အိပ်ငိုက်တဲ့...."အမှတ်သညာမျိုး"ကို ဖယ်ရှားပစ်ရပါမယ်....တဲ့။

အငိုက်ဖျောက်ပုံ (၇)မျိုးကတော့.....
❖နံပါတ် (၁)......
တရားအားထုတ်တဲ့အခါ ကို ကမ္မဋ္ဌာန်း ကို နှလုံးသွင်းလို့ "အိပ်ငိုက်တယ်" ဆိုလို့ ရှိရင် အဲဒီ အိပ်ငိုက်စေတက် တဲ့ "အမှတ်သညာ၊ ကမ္မဋ္ဌာန်းတရားမျိုး" ကို ရပ်ထားလိုက်ပါ...တဲ့။ တခြား..အာရုံတစ်မျိုးပြောင်းပြီး ရှုပါတဲ့။

❖နံပါတ်(၂).......
အဲဒီလိုရှုလို့မှ "အိပ်ငိုက်မပြေ"သေးဘူး ဆိုရင် နောက်ထပ်တစ်ခု ပြောင်းလုပ်ရပါမယ်။ ဘာလဲ ဆိုတော့...
ကိုယ်အာဂုံဆောင်( အလွတ်ကျက်မှတ် ) ထားတဲ့ တရားဓမ္မတွေ၊( ဒါမှမဟုတ် )သင်ထားတဲ့ တရားဓမ္မတွေ ကို "စိတ်ထဲကနေတွေးပါ"...တဲ့။ ဥပမာ- ပရိတ်ကြီးရရင် "ပရိတ်ကြီး" ပေါ့။နှုတ်ကနေ ထုတ်ရွတ်ဆိုတာ တော့ မဟုတ်ပါဘူး။ စိတ်နဲ့ ကြံတွေးပြီး ရွတ်ဆိုကြည့်တာ ကို ပြောတာပါ...တဲ့။ အဲဒီလိုဆိုလို့ ရှိရင် အိပ်ငိုက်မှု ဟာ ပျောက်သွားနိုင်ပါတယ်...တဲ့။

❖နံပါတ်(၃)......
ရတဲ့စာတွေ တွေးနေတာမှ အိပ်ငိုက်မှုက မပျောက်သေးဘူး ။ အိပ်ချင်တုန်းပဲဆိုရင်.....
ကိုယ်နှုတ်တက်အာဂုံဆောင် ထားတဲ့စာတွေကို ရွတ်ဖတ် သရဇ္ဈာယ် လိုက်ပါတဲ့။ “ဣတိပိသော”ပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ် ရွတ်ဖတ်သရဇ္ဈာယ်လိုက်ပါ...တဲ့။
အသံထွတ်ပြီး အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ်ပြီးလို့ရှိရင်....အိပ်ငိုက်မှုဟာ ပျောက်သွားနိုင်တယ်...တဲ့။

❖နံပါတ်(၄)......
မပျောက်သေးဘူးဆိုရင် ဘာဆက်လုပ်ဖို့ လိုတုန်းဆိုတော့...
ကိုယ့်နားရွက်ကို ပူသွားအောင်ဆွဲတဲ့။
ခန္ဓာကိုယ်ကို တစ်ကိုယ်လုံးပွတ်သပ်တဲ့။အညောင်း အညာတွေဖြေ။
နားရွက်ဆွဲ တစ်ကိုယ်လုံးပွတ်သပ် အဲဒီလို လုပ်လိုက်လို့ ရှိရင်လည်း လူဟာ လန်းဆန်းပြီးတော့ အိပ်ချင်ပြေသွားနိုင်ပါတယ်...တဲ့။

❖နံပါတ်(၅).....
အဲဒီလိုလုပ်လို့မှ အိပ်ချင်မပြေဘူး ဆိုလို့ ရှိရင်..... ဘာလုပ်ရမလဲ။
မျက်နှာသစ်၊ မျက်လုံးကို ရေဆွတ် ပါတဲ့။ မျက်လုံးကို ရေဆွတ်ပြီး ကမ္မဋ္ဌာန်း ကျောင်းထဲကထွက် ကောင်းကင်ကိုကြည့်၊ နက္ခတ်တွေ့ရှိရင် နက္ခတ်ကြည့်၊ လရှိရင် လကြည့်ပေါ့။ ကောင်းကင်ကို မော့ကြည့် ဟိုကြည့် ဒီကြည့်။အရပ်မျက်နှာတွေကို ကြည့်။ လေကောင်း လေသန့်တွေကို ရှူ။ အရပ်မျက်နှာတွေကို မော့ကြည့်လိုက်တဲ့အခါ အိပ်ချင်ပြေသွားနိုင်တယ်ပေါ့။

❖နံပါတ်(၆).....
အဲဒီလိုမှ မရဘူး။ဆက်ပြီး အိပ်ချင်နေသေးတယ် ဆိုလို့ရှိရင် "အာလောကသညာ "အလင်းကို နှလုံးသွင်းရမယ်တဲ့။ အမှောင်ထဲမှာ မနေပါနဲ့။အလင်းထဲမှာ နေပါ။ အာလောကသညာ ကို နှလုံးသွင်း။"ညကို နေ"့လို့စိတ်ထဲမှာထား။အလင်းရောင်ကြီးထဲမှာနေ။ မှောင်နေတယ် ဆိုတာကို မေ့ထားလိုက်ပါ။ လင်းနေတယ် ဆိုတာကို နှလုံးသွင်းပါ။ အဲဒီလို နှလုံးသွင်း အားထုတ် လိုက်မယ် ဆိုလို့ရှိရင် အိပ်ချင်တာတွေ၊ငိုက်မြည်းတာတွေ ပျောက်သွားနိုင်ပါတယ်တဲ့။

❖နံပါတ်(၇).....
အဲဒီလိုမှ မပျောက်သေးဘူး ဆိုလို့ ရှိရင် စြင်္ကံလမ်းလေး ကို သတ်မှတ်ပြီး....
သဒ္ဓါတို့၊ဝီရိယတို့၊ သတိတို့၊သမာဓိတို့၊ပညာတို့ ဆိုတဲ့ ဣန္ဒြေစွမ်းအားတွေ ကို ထိန်းချုပ်ထားပြီး စြင်္ကံလျှောက်လိုက်ပါတဲ့။
အဲဒီလို စြင်္ကံလျှောက်တာတောင် အိပ်ချင်တာက မပြေသေးဘူးဆိုရင်တော့ ဘာလုပ်ရမတုန်း ဆိုတော့...
"အိပ်လိုက်ပါ" တော့.....တဲ့။
ဓမ္မမိတ်ဆွေ တို့က စာဖတ်ပြီး..." ဒါကတော့..သူပြောမှ လား" ဆိုတဲ့ ပြောချင်စိတ်ပေါ်လာမှာ...။ဒါ မြတ်စွာဘုရား ကိုယ်တိုင် ဟောခဲ့တာပါ...။ နောက်ဆုံးကျတော့ အိပ်ချင်မပြေရင် အိပ်ရတယ်...တဲ့။
မြတ်စွာဘုရားက အငိုက်ဖျောက်ပုံ နည်းလမ်း ခုနစ်သွယ်ကို ပေးထားတာ။ မရဘူးဆိုရင် အိပ်ပါတဲ့။
အိပ်ရင်လည်း စနစ်တကျ အိပ်ရမယ်လို့..ဆိုပါတယ်။ ဘယ်လို စနစ်တကျ အိပ်ရမတုန်းဆိုရင် ဖြင့် " လက်ယာဘက်" ( ညာဖက် )ကို စောင်းအိပ်..ပါ တဲ့။ ခြေထောက်နှစ်ခု ခြေမျက်စိချင်း မထိစေနဲ့ တဲ့။ ထိရင် အရိုးချင်းထိသည့် အတွက်ကြောင့် နာကျင်မှု ဖြစ်လာတတ်တယ်..တဲ့။ ဒါကြောင့်မို့လို့ ခပ်လွှဲလွှဲလေးထားပါ..တဲ့။ “ပါဒေ ပါဒံ အစ္စာဓာယ” အိပ်ပုံအိပ်နည်းကို မြတ်စွာဘုရား လမ်းညွှန်ပေးထားတာ ဖြစ်ပါတယ်..။
ဆရာတော်က မိန့်ပါတယ် "ပဲခူးရောက်လို့ရှိရင် ရွှေသာလျောင်းဘုရားကို သွားပြီးဖူးကြည့်။ ခြေဖဝါး နှစ်ခုဟာ တညီတည်းထားလို့ရှိရင် စာနဲ့မညီဘူး။ ခြေဖဝါး နှစ်ခုက တစ်ဖက်က အတို၊တစ်ဖက်က အရှည်ထားပြီးခြေမျက်စိချင်းမထိအောင် ထားရမှာ"....တဲ့။
"ရွှေသာလျောင်းဘုရားတွေ မှာ စနစ်တကျ ထုရင် အောက်ခြေထောက်ပေါ် အထက်ခြေထောက်က ဒူးကွေးထား။ခြေမျက်စိချင်း မထိဘူး။ ဒါ "စာ နဲ့အညီ " လက်ယာခြေပေါ်မှာ လက်ဝဲခြေထောက်ကလေးတင်ပြီး“ဥဋ္ဌာနသညံ မနသိကတွာ”တဲ့။ဘယ်အချိန် ထမယ်ဆိုတာ အမှတ်သညာလေးထားပြီး အိပ်ပါတဲ့...."
မြတ်စွာဘုရားက စနစ်တကျ အိပ်ခိုင်းပါတယ်။ ဒီနေရာမှာ ဘာသွားသတိရတုန်းဆိုရင် အမေရိကန်နိုင်ငံ မှာ Stop ဆိုတဲ့စာအုပ်ကို ကားမောင်း သင်တန်း တက်မယ့်ပုဂ္ဂိုလ်တိုင်း ကြေအောင် ဖတ်ကြရပါတယ်။ ဖတ်ပြီးရင် မေးခွန်းတွေ ဖြေရတယ်ပေါ့။အဲဒီထဲမှာ မေးခွန်းရဲ့အဖြေတွေ ပေးထားတာရှိတယ်။ အဖြေကတော့...အမျိုးမျိုး ပေးထားပါတယ်။
ကားမောင်းရင်း...အိပ်ချင်ရင် ဘာလုပ်ရမလဲ...အဖြေတစ်ခုက....
ကားမောင်းရင်းအိပ်ချင်လာရင် "ကော်ဖီသောက်"ဆက်မောင်း။ သီချင်း နားထောင်ပြီးတော့ ဆက်မောင်းတဲ့။ အဲဒီလို အဖြေမျိုး ပေးထားပြီး နောက်ဆုံးအဖြေက.... ဘာတုန်းဆိုရင် "အိပ်စက် အပန်းဖြေပြီး" မှ ဆက်မောင်းပါ..တဲ့။ အဲဒီ အဖြေတွေထဲက ကော်ဖီ သောက်ပြီး ဆက်မောင်း ဆိုတဲ့အဖြေက အမှန်မဟုတ်ဘူး၊ မှားတယ်။ သီချင်းဖွင့်ဆက်မောင်း ဆိုတာကလည်း မှားတယ်။ ဘာလုပ်ရမှာတုန်း ဆိုရင် အိပ်ချင်လို့ရှိရင် အိပ်လိုက်တဲ့။ အိပ်ပြီးမှ ဆက်မောင်းတဲ့။ အဲဒီဟာကမှ အဖြေမှန်ပါ။ ကားမောင်းတယ်ဆိုတာ အလွန်အန္တရာယ် များတာကိုး၊ အိပ်ချင်နေတဲ့အချိန်မှာ အိပ်ချင်စိတ် မပျောက်ဘဲ နဲ့ ဆက်မောင်းရင် ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ အိပ်ချင်လို့ ရှိရင် အိပ်ပြီးမှမောင်းလို့ ပြောတာပါ။
မြတ်စွာဘုရားက လည်း တရားအားထုတ်လို့ ခုနက နည်းလမ်းတွေ နဲ့ ဖြေပျောက်လို့မရဘူး။အိပ်ချင်ပြီဆိုလို့ရှိရင် အိပ်လိုက်ပါ တဲ့။
အိပ်တဲ့အခါမှာ ခုန ပြောသလို...လက်ယာ စောင်းပြီးတော့အိပ်။လက်ယာခြေပေါ်မှာ လက်ဝဲခြေကလေးကို လွှဲပြီးတော့ တင်ထား။ ဘယ်အချိန်ထမယ်ဆိုတဲ့ အမှတ်သညာလေး ထားပြီးတော့ အိပ်ပါတဲ့။
နိုးလာတာနဲ့ တပြိုင်နက် ချက်ချင်းထတဲ့။ဇိမ်ခံ မနေနဲ့...တဲ့။ လူတွေက အိပ်ပြီးလို့ရှိရင် နိုးလာပေမယ့် တော်ရုံနဲ့ မထသေးဘူး။မှေးနေသေးတယ်။ဇိမ်ခံတာခေါ်ပါတယ်။ "သေယျသုခ” အိပ်ခြင်းကြောင့်ဖြစ်တဲ့ ချမ်းသာ။ "ပဿသုခ” ဟိုဘက်စောင်းလိုက်၊ဒီဘက် စောင်းလိုက် ( ကလေးတွေဆို နိုးလည်း တော်ရုံမထဘူး။ ဇိမ်ခံနေတာ)။ အဲဒီအိပ်ရတဲ့ ဇိမ်ကတစ်မျိုး၊ အိပ်ရာထဲ မှေးနေရတဲ့ဇိမ်က တစ်မျိုးနဲ့ တူပါတယ်။အားလုံး ဒီဇိမ်တော့ ရဖူးကြမှာပါ။ အဲဒါ ကို "သေယျသုခ၊ ပဿသုခ၊ မိဒ္ဓသုခ".....တဲ့။ အဲဒီလိုဇိမ်ခံမနေပါနဲ့....တဲ့။ ချက်ချင်း ထပါ...တဲ့။ ဖျက်ကနဲ နိုးလိုက်တာနဲ့ လူးလဲထ၊ ထပြီးတော့ "တရားအားထုတ်ပါ"တဲ့။
အဲဒါဟာ..အရှင်မောဂ္ဂလ္လာန် ကို မြတ်စွာဘုရားက နည်းလမ်းတွေ ပေးထာတာပါ။ဒါ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အိပ်ချင်ပြီဆိုရင် ဒီနည်းစနစ်ကို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်....လို့
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ပြန်လည်ဟောကြားထားတဲ့... အဂုၤတ္တရနိကာယ် ပစလာယနသုတ္တန် ထဲမှ ကောက်နှုတ်ချက်ကို တင်ပြရင်းဓမ္မဒါနပြုရခြင်းပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ကိုးကား-Young Buddhist Association
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top