အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားကြၽန္းမွာ ၿပီးခဲ့တဲ့ ရက္ေတြအတြင္း မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ရာကေန ေရလႊမ္းမိုးမႈ၊ ေျမၿပိဳမႈေတြ ေပၚေပါက္ခဲ့လို႔ အနည္းဆုံး လူ ၁၇ ဦး ေသဆုံးသြားတယ္လို႔ အာဏာပိုင္ေတြက ဧၿပီ ၂၈ ရက္မွာ ေျပာပါတယ္။

လက္ရွိအခ်ိန္ ယင္းျဖစ္စဥ္ေတြအတြင္း အျခား လူကိုးဦးခန႔္ ေပ်ာက္ဆုံးေနတယ္လို႔လည္း ဆိုပါတယ္။

ျပင္းထန္ဆိုး႐ြားတဲ့ ရာသီဥတုေၾကာင့္ ရာနဲ႔ခ်ီတဲ့ ေနအိမ္ ေအေဆာက္အအုံေတြ၊ တံတားေတြ၊ လမ္းေတြလည္း ပ်က္စီးသြားခဲ့ၿပီး လူေပါင္း ၁၂,၀၀၀ ေလာက္ကို ေဘးလြတ္ရာအရပ္ကို ကူညီေ႐ႊ႕ေျပာင္းေပးထားရတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

အဆိုပါ ေရႀကီး ေျမၿပိဳမႈေတြကေတာ့ ဘန္ကူလူ ျပည္နယ္က ေဒသ ဒါမွမဟုတ္ ၿမိဳ႕ ကိုးၿမိဳ႕မွာ ထိခိုက္ႀကဳံေတြ႕ခဲ့ရတယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္ ေနရာတစ္ခ်ိဳ႕မွာ ေရျပန္က်ေနၿပီျဖစ္ေပမယ့္လည္း ယခုအခ်ိန္ထိ ထိခိုက္ပ်က္စီးမႈ အတိုင္းအတာကို အာဏာပိုင္ေတြဘက္က တိတိက်က် မသိရေသးဘူးလို႔ ဆိုပါတယ္။ ဒါ့အျပင္ ေဒသတစ္ခ်ိဳ႕မွာ ခုခ်ိန္ထိ လွ်ပ္စစ္မီးေတြ ျပတ္ေတာက္ေနဆဲျဖစ္ပါတယ္။

“ ဒီ သဘာဝေဘးရဲ႕ ဆိုးက်ိဳးက ပို မ်ားလာႏိုင္ေျခ ရွိပါတယ္” လို႔ အင္ဒို သဘာဝေဘး ေအဂ်င္စီ ေျပာခြင့္ရပုဂၢိဳလ္ ဆူတိုပို ပူဝါ၀ို ႏူဂ႐ိုဟိုက ေျပာပါတယ္။ ေရလႊမ္းမိုးမႈအတြင္း ဒဏ္ရာရသူ အမ်ားအျပား ရွိခဲ့တယ္လို႔လည္း ၎က ေျပာပါတယ္။

“ ဒီရက္ပိုင္း မိုးေရခ်ိန္ မ်ားလာမယ္ဆိုရင္ ေျမၿပိဳေရႀကီးမႈက ထပ္ျဖစ္လာႏိုင္ပါေသးတယ္” လို႔ ၎က ေျပာပါတယ္။

ခုလို သဘာဝေဘးျဖစ္စဥ္ေၾကာင့္ သန႔္ရွင္းေသာ သုံးေရ မရျခင္း၊ တစ္ကိုယ္ရည္သန႔္ရွင္းမႈ အားနည္းျခင္းတို႔ေၾကာင့္ အေရျပားေရာဂါေတြလိုမ်ိဳး၊ အသက္ရႈလမ္းေၾကာင္း ကူးစက္ေရာဂါေတြလိုမ်ိဳး ေဘးဒုကၡေတြလည္း ျဖစ္လာႏိုင္ေၾကာင္း ၎က သတိေပးသြားပါတယ္။

အင္ဒိုနီးရွားႏိုင္ငံမွာေတာ့ ခုလို ေရႀကီးေျမၿပိဳမႈေတြဟာ ျဖစ္ေလ့ျဖစ္ထ ရွိတဲ့ သဘာဝေဘးဆိုးေတြျဖစ္ေနၿပီး မ်ားေသာအားျဖင့္ ေအာက္တိုဘာနဲ႔ ဧၿပီအၾကား မုတ္သုံရာသီကာလအတြင္း ပိုမိုျဖစ္ပြားေလ့ရွိတယ္လို႔ သိရပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာကနေ ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေ ပေါ်ပေါက်ခဲ့လို့ အနည်းဆုံး လူ ၁၇ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။

လက်ရှိအချိန် ယင်းဖြစ်စဉ်တွေအတွင်း အခြား လူကိုးဦးခန့် ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။

ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုကြောင့် ရာနဲ့ချီတဲ့ နေအိမ်အဆောက်အအုံတွေ၊ တံတားတွေ၊ လမ်းတွေလည်း ပျက်စီးသွားခဲ့ပြီး လူပေါင်း ၁၂,၀၀၀ လောက်ကို ဘေးလွတ်ရာအရပ်ကို ကူညီရွှေ့ပြောင်းပေးထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ရေကြီး မြေပြိုမှုတွေကတော့ ဘန်ကူလူ ပြည်နယ်က ဒေသ ဒါမှမဟုတ် မြို့ ကိုးမြို့မှာ ထိခိုက်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန် နေရာတစ်ချို့မှာ ရေပြန်ကျနေပြီဖြစ်ပေမယ့်လည်း ယခုအချိန်ထိ ထိခိုက်ပျက်စီးမှု အတိုင်းအတာကို အာဏာပိုင်တွေဘက်က တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသတစ်ချို့မှာ ခုချိန်ထိ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်ပါတယ်။

“ ဒီ သဘာဝဘေးရဲ့ ဆိုးကျိုးက ပို များလာနိုင်ခြေ ရှိပါတယ်” လို့ အင်ဒို သဘာဝဘေး အေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပို ပူဝါဝို နူဂရိုဟိုက ပြောပါတယ်။ ရေလွှမ်းမိုးမှုအတွင်း ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့လည်း ၎င်းက ပြောပါတယ်။

“ ဒီရက်ပိုင်း မိုးရေချိန် များလာမယ်ဆိုရင် မြေပြိုရေကြီးမှုက ထပ်ဖြစ်လာနိုင်ပါသေးတယ်” လို့ ၎င်းက ပြောပါတယ်။

ခုလို သဘာဝဘေးဖြစ်စဉ်ကြောင့် သန့်ရှင်းသော သုံးရေ မရခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းတို့ကြောင့် အရေပြားရောဂါတွေလိုမျိုး၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါတွေလိုမျိုး ဘေးဒုက္ခတွေလည်း ဖြစ်လာနိုင်ကြောင်း ၎င်းက သတိပေးသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ခုလို ရေကြီးမြေပြိုမှုတွေဟာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘာဝဘေးဆိုးတွေဖြစ်နေပြီး များသောအားဖြင့် အောက်တိုဘာနဲ့ ဧပြီအကြား မုတ်သုံရာသီကာလအတွင်း ပိုမိုဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top