သူ၏ညာဘက္လက္ျဖင့္ လက္ကိုင္ဘရိတ္ကို ဆြဲညႇစ္လိုက္ရာ အရွိန္ႏွင့္ေျပးလာေသာ ဆိုက္ကားေလးမွာ ကြၽီခနဲျဖင့္ ရပ္တန္႔သြားၿပီး တစ္ၿပိဳင္နက္တည္း ေက်ာင္းတက္ေခါင္းေလာင္း ထိုးသံလည္း ထြက္ေပၚလာသည္။ ေခါင္းေလာင္းသံ ေၾကာင့္ ေက်ာင္းခ်ိန္အခ်ိန္မမီမည္ကို စိုးရိမ္ေနေသာ ေဒၚခင္ျမင့္တစ္ေယာက္ ဟူးခနဲသက္ျပင္းခ်လိုက္ႏိုင္ေတာ့သည္။

ထို႔ေနာက္ နဖူးေပၚတြင္ ယိုစီးေနေသာ ေခြၽးသီး၊ ေခြၽးေပါက္မ်ားကိုပင္ မသုတ္ႏိုင္အား။ မိမိ၏ ေန႔စဥ္ခရီးသည္ေလးမ်ား အျဖစ္ နံေဘးတြင္ ထိုင္၍လိုက္ပါလာေသာ ေလးတန္းေက်ာင္းသူေလးႏွစ္ဦးကို ဆိုက္ကားေပၚမွဆင္းႏိုင္ရန္ ကူညီေပး လိုက္ၿပီး သူတို႔၏ေက်ာင္းသုံးပစၥည္းမ်ား ဆိုက္ကားေပၚတြင္ က်န္မက်န္ စစ္ေဆးလိုက္သည္။

ထို႔ေနာက္ ေက်ာင္းတြင္းသို႔ ေျပးဝင္သြားၾကသည့္ ေက်ာင္းသူေလးႏွစ္ဦးကိုလည္း ေက်ာင္းဆင္းခ်ိန္တြင္ မိမိဆီကို တန္းတန္းမတ္မတ္လာရန္ႏွင့္ မိမိမေရာက္ေသးပါက ခ်ိန္းထားသည့္ေနရာတြင္သာ ေစာင့္ေနၾကရန္ လွမ္းေအာ္ ေျပာလိုက္ၿပီး စကားမဆုံးခင္မွာပင္ ဆိုက္ကားထိုင္ခုံေက်ာမွီျပားမ်ားကို ေခါက္ခ်လိုက္သည္။

နံနက္ ၆ နာရီကတည္းက ဆိုက္ကားျဖင့္ ခရီးသည္ စတင္ ပို႔ေဆာင္ေနသည္မွာ ယခုႏွင့္ပါဆိုလွ်င္ ခရီးစဥ္ေလးေၾကာင္း ရွိၿပီ။ ပုံမွန္အားျဖင့္ နံနက္ ၆ နာရီတြင္ ရပ္ကြက္တြင္းမွ ခရီးသည္တစ္ဦးကို သဃၤန္းကြၽန္းစံျပေဈးသိုု႔ ပုံမွန္ပို႔ေပးရၿပီး ထိုမွ ျပန္ေရာက္ပါက အိမ္နီးနားခ်င္းအမ်ိဳးသမီးႏွစ္ဦးကို ၎တို႔၏အလုပ္ဌာနထံသို႔ ပို႔ေဆာင္ေပးရသည္။ၿပီးလွ်င္ ရပ္ကြက္တြင္း မွ အမ်ိဳးသမီးမ်ားအပ္ထားၾကေသာ ေက်ာင္းသူေလးမ်ားကို သံသုမာလမ္းမေပၚရွိ အထက္တန္းေက်ာင္းသို႔ ပို႔ေပးၿပီးလွ်င္ ထိုေန႔မနက္တစ္ပိုင္းအတြက္ ေဒၚခင္ျမင့္၏ အလုပ္ၿပီးၿပီျဖစ္သည္

ယေန႔တြင္ေတာ့ အမ်ိဳးသမီးႏွစ္ဦးကို အလုပ္သို႔ပို႔ေပးၿပီး အျပန္တြင္ (ခ)ရပ္ကြက္သို႔သြားလိုေၾကာင္း အမ်ိဳးသမီးတစ္ဦးက ေခၚသည္ႏွင့္ အခ်ိန္ရသည္ႏွင့္ လိုက္သြားခဲ့သည္။ သို႔ေသာ္လည္း တြက္ထားသည့္ အခ်ိန္ထက္ ပိုၾကာသြားသျဖင့္ ရပ္ကြက္သို႔ ကတိုက္က႐ိုက္ျပန္လာခဲ့ရၿပီး ေက်ာင္းသူေလးမ်ားကို ေက်ာင္းတက္ခ်ိန္အမီ သြားပို႔လိုက္ရျခင္းျဖစ္သည္

ထိုကဲ့သို႔ ခရီးသည္မ်ားကို ကေသာကေမ်ာပို႔လိုက္ရသျဖင့္ ဒဏ္အနည္းငယ္ျဖစ္ေနသည့္ ဒူးႏွစ္ဖက္ကို ပိုအလုပ္ေပးလိုက္ သလိုျဖစ္သြားခဲ့ၿပီး ပိန္ေျခာက္ေျခာက္ခႏၶာကိုယ္တြင္းမွ ရွိစုမဲ့စုအင္အားမ်ားလည္း ကုန္ခမ္းသြားသလို ေဒၚခင္ျမင့္ တစ္ေယာက္ ခံစားလိုက္ရသည္။

“ဒီမနက္လူက နည္းနည္းၿပိဳင္းသြားၿပီ၊ အိမ္ျပန္နားမွျဖစ္ေတာ့မယ္”ဟု ေဒၚခင္ျမင့္က ဆိုက္ကားေပၚတြင္ထိုင္လ်က္ အေမာေျဖရင္းဆိုသည္။ ထို႔ေၾကာင့္ မြန္းလြဲေက်ာင္းလႊတ္ခ်ိန္ အႀကိဳအပို႔မလုပ္ခင္ခ်ိန္ထိ အလုပ္ခဏရပ္နားမည္ဟု ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီး ဆိုက္ကားလက္ကိုင္ကို မိမိ၏အိမ္ရွိရာ သုဝဏၰၿမိဳ႕နယ္၊ (င)ရပ္ကြက္သို႔ ဦးလွည့္လိုက္ေတာ့သည္။

အသက္ ၄၃ ႏွစ္ ေက်ာ္ၿပီျဖစ္သည့္ ေဒၚခင္ျမင့္တစ္ေယာက္ ဆိုက္ကားနင္းသည့္အလုပ္ လုပ္ကိုင္သည္မွာ သုံးႏွစ္ေက်ာ္ ေလးႏွစ္ဝန္းက်င္မွ်သာ ရွိေသးသည္။ အစပိုင္းကေတာ့ ေဒၚခင္ျမင့္က ဆိုက္ကားသမားလုပ္မည္ဟု စိတ္ကူးေသာ္မွ် မရွိခဲ့ပါ။ ေယာက်ာ္းျဖစ္သူ၏ လုပ္အားခကိုမွီခိုၿပီး အိမ္ေထာင္ထိန္းသိမ္းရသည့္ အမ်ားသူငါကဲ့သို႔ေသာ အမ်ိဳးသမီးသာ ျဖစ္သည္။

သို႔ေသာ္လည္း သားသမီးသုံးဦး ေရာဂါအသီးသီးျဖင့္ ေသဆုံးၿပီး ေယာက်ာ္းျဖစ္သူ အရက္ႏြံထဲမွ ႐ုန္းမထြက္ ႏိုင္ေတာ့သည့္အခ်ိန္တြင္ေတာ့ မည္သူမွ် မတြန္းပို႔ရပါပဲႏွင့္ ေအာ္တိုမက္တစ္ အိမ္ေထာင္ဦးစီး ဆိုက္ကားဆရာမဘဝသို႔ ေရာက္သြားေတာ့သည္။

သူ၏အမ်ိဳးသားျဖစ္သူ ကိုဂ်ပန္ႀကီးမွာ (င)ရပ္ကြက္ထိပ္ရွိ ခ်မ္းေအးဆိုက္ကားဂိတ္မွ ဆိုက္ကားသမားတစ္ဦးျဖစ္ၿပီး အရက္အလြန္အကြၽံေသာက္သူ တစ္ဦးျဖစ္သည္။ သူမူးၿပီဆိုလွ်င္ ရပ္ကြက္တစ္ခြင္ လွည့္လည္ကာ ရမ္းတတ္ၿပီး ဖဲလည္း႐ိုက္သျဖင့္ ေဒၚခင္ျမင့္က အိမ္ႏွင့္ကေလးကိုပစ္ကာ လင္သည္ကို အၿမဲလိုက္ရွာရသည္။ မ်ားေသာအားျဖင့္ ဆိုက္ကားတျခား လူတျခားျဖစ္ေနသည္ကိုသာ ေတြ႕ရေလ့ရွိၿပီး တစ္ႀကိမ္တြင္ေတာ့ အုံနာေၾကးသြင္းကာ နင္းေနသည့္ဆိုက္ကားပင္ေပ်ာက္သြားေလသည္။

ကနဦးေမြးထားသည့္ ကေလးသုံးဦးမွာလည္း တုပ္ေကြး၊ ဝမ္းေရာဂါအသီးသီးျဖင့္ ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို ဆုံးသြားၿပီး သည့္ ေနာက္တြင္ေတာ့ ေဒၚခင္ျမင့္တစ္ေယာက္ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိုက္ေတာ့သည္။ ေယာက်ာ္းျဖစ္သူ အရက္ျပတ္ေရးႏွင့္ က်န္သည့္ ကေလးႏွစ္ဦး လူလားေျမာက္ေစေရးတို႔ ျဖစ္သည္။

သို႔ျဖင့္ ေယာက်ာ္းျဖစ္သူအား ဆရာဝန္၏ၫႊန္ၾကားခ်က္အတိုင္း အရက္ျဖတ္ေဆးမ်ားကို လြန္ခဲ့သည့္ ေျခာက္ႏွစ္က စတိုက္ကာ အရက္ျပတ္ေစဖို႔ လုံးပန္းေတာ့သည္ သူက မူးၿပီးလိုက္ဆဲေနေတာ့ ရဲဖမ္းမွာလည္း စိုးရတယ္၊ အဲဒါဆိုရင္ သူ႔အတြက္ တစ္ခါပူရဦးမယ္၊ ဒါနဲ႔ သူ႔ကို အရက္ျဖတ္ေဆး ေခ်ာ့တိုက္လိုက္တာ၊ တစ္ႏွစ္ေလာက္ၾကာေတာ့ အရက္ျပတ္သြားတယ္၊ ဒါေပမဲ့ ဘာမွမလုပ္ႏိုင္ေတာ့ဘူး၊ အန္တီလည္း အဲဒီအခ်ိန္ကေနစၿပီး ဆိုက္ကားသမားျဖစ္သြားတာပဲ” ဟု ေဒၚခင္ျမင့္က သူဆိုက္ကားသမ ဘဝေရာက္ သြားပုံ၏အစကို ေျပာသည္။

အမ်ိဳးသားျဖစ္သူမွာ အရက္ျပတ္သြားေသာ္လည္း အရက္အလြန္အကြၽံေသာက္ခဲ့ျခင္း၏ အက်ိဳးဆက္မ်ားအျဖစ္ ေျခဆစ္လက္ဆစ္မ်ား ျပဳတ္သလိုျဖစ္ကာ ေျခလက္မသယ္ခ်င္ေတာ့ျခင္း၊ အေမာအပန္း မခံႏိုင္ေတာ့ျခင္းမ်ား ျဖစ္လာၿပီး အိပ္ရာထဲတြင္သာ ဖုန္းတစ္လုံးျဖင့္ အခ်ိန္ကုန္ေတာ့သည္။

အိမ္၏ပင္မဝင္ေငြစီးဆင္းမႈမွာ ခါးဆက္ျပတ္သြားၿပီး အမ်ိဳးသားျဖစ္သူ ေနမေကာင္းျဖစ္စဥ္က ယူထားေသာ အေၾကြးမ်ား ကလည္း ပတ္လည္ဝိုင္းလာၿပီျဖစ္သည့္အတြက္ အိမ္ေရွ႕တြင္ ရပ္ထားသည့္ အမ်ိဳးသားျဖစ္သူ၏ ဆိုက္ကားျဖင့္သာ ဝင္ေငြရဖို႔ ႀကံဆရေတာ့သည္။ တျခားစီးပြားေရးလုပ္ဖို႔ အရင္းအႏွီးလည္းမရွိသလို ႀကံရာမရသည့္အဆုံး ဆိုက္ကားသမ အျဖစ္သာ စတင္လုပ္ကိုင္မိေတာ့သည္။

အမ်ိဳးသားျဖစ္သူ အရက္မျဖတ္ခင္က သူ၏ဆိုက္ကားကို ကိုယ္တိုင္ယူနင္းၿပီး ကေလးမ်ားတင္ကာ ဟိုနားဒီနား အသြားအလာ လုပ္ခဲ့ဖူးသျဖင့္ ဆိုက္ကားစနင္းသည့္အခ်ိန္တြင္ေတာ့ ေဒၚခင္ျမင့္အဖို႔မွာ အခက္အခဲမရွိလွ။ သို႔ေသာ္လည္း အမွန္တကယ္ ကာယဗလႀကီးမားေသာ ေယာက်ာ္းႀကီးမ်ားႏွင့္ ရင္ေဘာင္တန္းၿပီး အလုပ္လုပ္ရာတြင္ေတာ့ ကာယအား ခ်ိဳ႕တဲ့ေသာ မိန္းမသားျဖစ္သူ ေဒၚခင္ျမင့္မွာ စိန္ေခၚမႈ မ်ားစြာႏွင့္ ႀကဳံေတြ႕ရေလသည္။

“ဆိုက္ကားစနင္းတုန္းက ေယာက်ာ္းႀကီးေတြက ေျပာတာေပါ့၊ နင္မရွက္ဘူးလားဆိုၿပီး၊ ေရရွည္လည္း လုပ္ႏိုင္မွာ မဟုတ္ပါဘူးကြာ ဆိုၿပီးေတာ့၊ အဲဒီအခါက်ရင္ေတာ့ အားငယ္တာေပါ့” ဟု ေဒၚခင္ျမင့္ကဆိုသည္။

အုံနာေၾကးသြင္းၿပီး ဆိုက္ကားနင္းရျခင္းျဖစ္ရာ ကိရိယာစုံစုံလင္လင္ျဖင့္ အေတာ္အသင့္ ျပင္ဆင္မြန္းမံထားေသာ ဆိုက္ကားဆိုလွ်င္ နင္းရသက္သာ သည္။ သို႔မဟုတ္ပဲ ေလေပါင္မျပည့္ေသာဆိုက္ကားမ်ိဳးကို ရလွ်င္ေတာ့ အလြန္ ပင္ပန္းသည္။

“ဆိုက္ကားေကာင္းတယ္ဆိုရင္ ႏွစ္ေယာက္၊ သုံးေယာက္ေလာက္ကို အသာေလး တင္နင္းႏိုင္တယ္၊ ဆိုက္ကား မေကာင္းရင္ေတာ့ သိပ္မသက္သာဘူး” ဟု ေဒၚခင္ျမင့္က ဆိုသည္။

(င)ရပ္ကြက္အတြင္းမွ ေဈးသည္အမ်ိဳးသမီးမ်ား၊ ေက်ာင္းသား ေက်ာင္းသူ အငယ္ေလးမ်ားမွာ ေဒၚခင္ျမင့္ ပုံမွန္ အႀကိဳအပို႔လုပ္ေပးေနက် ေဖာက္သည္မ်ား ျဖစ္ၾကသည္။ တစ္ခါတစ္ရံတြင္ ၾကားေပါက္အျဖစ္လည္း ရပ္ကြက္အတြင္းမွ အမ်ိဳးသမီးမ်ားေခၚလွ်င္ လိုက္ပို႔ေပးရသည္။ လိုက္ပို႔ေပးရာတြင္လည္း (င)ရပ္ကြက္မွေနၿပီး သဃၤန္းကြၽန္း စံျပေဈး ထက္ပို၍ ခရီးေဝးမသြားႏိုင္။

ထို႔ေၾကာင့္ အေဝးကိုငွားလွ်င္ မအားဘူးဟု ေျပာၿပီးျငင္းလႊတ္ရသည္။ အမ်ိဳးသားမ်ားက ဆိုက္ကားတားစီးလွ်င္ေတာ့ ေဒၚခင္ျမင့္က မလိုက္၊ အမ်ား၏အျမင္တြင္ ေယာက်ာ္းသားျဖစ္သူကို အမ်ိဳးသမီးျဖစ္သူက ဆိုက္ကားနင္းပို႔ရသည္ဟု ေဝဖန္မည္ကို စိုးရိမ္သည့္အျပင္ ေဒၚခင္ျမင့္ ကိုယ္တိုင္လည္း ရွက္႐ြံ႕မိေသာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ အမ်ိဳးသားမ်ား ဆိုက္ကားငွားစီးလွ်င္ အသိဆိုက္ကားဆရာမ်ားႏွင့္ လႊဲလွ်င္လႊဲေပးသည္။ သို႔မဟုတ္ ေအာ္ဒါအငွားရွိသည္ဟု အေၾကာင္းျပၿပီး ျငင္းရသည္။

“ဘယ္လိုေျပာရမလဲ၊ သူတို႔ကို ရွိန္တာေပါ့၊ ၿပီးေတာ့ နည္းနည္းလည္း ရွက္သလိုျဖစ္တယ္၊ ေယာက်ာ္းကေလးငယ္ေတြ ဆိုရင္ေတာ့ ဘာမွ မျဖစ္ဘူး” ဟု ေဒၚခင္ျမင့္က ဆိုသည္။

အရက္ျဖတ္ၿပီး ငါးႏွစ္ေက်ာ္အၾကာတြင္ေတာ့ အမ်ိဳးသားျဖစ္သူက ဆိုက္ကားအနည္းငယ္ျပန္နင္းလာႏိုင္သည္။ မ်ားေသာအားျဖင့္ ခရီးသည္ကို ဇနီးသည္ႏွင့္အတူ တစ္ေယာက္တစ္ဝက္စီ ေဝပုံက်ခြဲယူၿပီး လိုက္ပို႔ေပးသည္။ သို႔ေသာ္ ေဒၚခင္ျမင့္ေလာက္ ခရီးစဥ္အေခါက္အေရမမ်ားသလို ဝင္ေငြလည္း အမ်ားႀကီးရသည္ေတာ့မဟုတ္။ တစ္ခါတစ္ရံ ရင္က်ပ္ၿပီးေမာတတ္ေသးသျဖင့္ အိပ္ရာထဲတြင္ အနားယူေနရသည္ ကသာ မ်ားသည္။ ေဒၚခင္ျမင့္ကေတာ့ ေယာက်ာ္းျဖစ္သူ အရက္ျပတ္ သြားျခင္းျဖစ္သည္ကသာ ဆုလာဘ္ႀကီးတစ္ခုအျဖစ္ ေက်နပ္ေနသည္။

“ေနပါေစ၊ အရက္ျပတ္ဖို႔က အဓိကပဲ၊ နင္လည္း ရသေလာက္ပဲနင္း၊ ငါလည္း ရသေလာက္နင္းၿပီး ရွာမယ္ဆိုၿပီး လုပ္ေနတာ” ဟု ေဒၚခင္ျမင့္က ဆိုသည္။ ဦးဂ်ပန္ႀကီးမွာလည္း အေျခအေနအရ ဆိုက္ကားနင္းေနရသည့္ ဇနီးျဖစ္သူကို မၾကည့္ရက္။

သို႔ေသာ္လည္း ကိုယ္တိုင္လည္း အိမ္၏အဓိကဝင္ေငြရေအာင္ မလုပ္ႏိုင္သျဖင့္ ေဘးက်ပ္နံက်ပ္ျဖစ္ရသည္။ အရက္ျဖတ္ၿပီးေနာက္ ကိုယ္တြင္စြဲကပ္ခဲ့သည့္ ပန္းနာရင္က်ပ္ ေရာဂါကလည္း မၾကာခဏျပန္ထေနသျဖင့္ ကိုယ့္ကိုယ္ကိုယ္သာ က်န္းမာေစရန္ ဂ႐ုစိုက္ေနရသည္။

ရွင္းရွင္းေျပာရရင္ ကိုယ့္မိန္းမ ဒီလိုအလုပ္လုပ္ေနတာ မၾကည့္ခ်င္ဘူး၊ မၾကည့္ခ်င္ဘူးဆိုေပမဲ့ ကြၽန္ေတာ္က ႏွစ္ေခါက္ ေလာက္နင္းၿပီးရင္ မနင္းႏိုင္ေတာ့ဘူးေလ၊ အရက္ကေတာ့ လုံးဝျပတ္သြားပါၿပီ” ဟု ဦးဂ်ပန္ႀကီးက အသက္ရွဴသံျပင္းျပင္း ျဖင့္ ဆိုသည္။ မလႊဲသာ၍ ဆိုက္ကားနင္းစားေနရေသာ္လည္း ရပ္ကြက္အတြင္းရွိ အျခားမိန္းမသားမ်ားက ေဒၚခင္ျမင့္ကို ကိုယ္ခ်င္းစာ သည္။

အျပင္သြားစရာရွိလွ်င္ အျခားအမ်ိဳးသားမ်ား၏ ဆိုက္ကားကိုမစီးဘဲ ေဒၚခင္ျမင့္ကိုသာ အႀကိဳအပို႔ လုပ္ခိုင္းေလ့ ရွိသည္။ အထူးသျဖင့္ ေဒၚခင္ျမင့္က စိတ္ရွည္သူတစ္ဦးျဖစ္သည့္အျပင္ ယုံၾကည္စိတ္ခ်ရသူ ျဖစ္သည့္အတြက္ေၾကာင့္ လည္း အမ်ိဳးသမီးအမ်ားစုက သေဘာက် ၾကသည္။

“ေခၚျခင္းေခၚ သူ႔ကိုပဲေခၚတယ္၊ သူက ဘယ္ေလာက္ၾကာၾကာ စိတ္ရွည္ရွည္နဲ႔ ေစာင့္ေပးတယ္၊ သမီးမိန္းကေလးေတြ ဆိုရင္ သူနဲ႔က်ေတာ့ စိတ္ခ်ရတယ္ေလ” ဟု ေဒၚခင္ျမင့္၏ဆိုက္ကားျဖင့္ ေဆးခန္းအတူသြားေလ့ရွိသည့္ ေဒၚေအာင္က ဆိုသည္။

ထိုသို႔ ေဒၚခင္ျမင့္၏ ဆိုက္ကားကို အခ်ိန္အေတာ္ၾကာစီးရင္း အမ်ိဳးသမီးေဖာက္သည္အမ်ားစု ေဒၚခင္ျမင့္ဆီမွ သတိထားမိ သည့္ အရာတစ္ခုရွိသည္။ ထိုအရာမွာ ေဒၚခင္ျမင့္ သတၱိေကာင္းျခင္းျဖစ္သည္။ သူ႔လိုသတၱိမ်ိဳး၊ သူ႔လိုစြန္႔စားမႈမ်ိဳးဆိုတာ မလြယ္ဘူး၊ ကားေတြ တဝီဝီနဲ႔သြားေနတဲ့ ၾကားထဲမွာ နင္းတာ ေယာက်ာ္းေလး ေတြထက္ေတာင္ ပိုၿပီးသတၱိေကာင္းတယ္” ဟု ေဒၚေအာင္က အမႊန္းတင္သည္။

အမ်ိဳးသားျဖစ္သူမ်ားပင္ ကိုယ္ကာယအသုံးျပဳၿပီး လုပ္ကိုင္ရသည့္ အတြက္ က်န္းမာေရးခ်ဴခ်ာမႈမ်ိဳး ေတြ႕ႀကဳံေနရ သည္ျဖစ္ရာ ေဒၚခင္ျမင့္ ကဲ့သို႔ေသာ အမ်ိဳးသမီး ဆိုက္ကားဆရာမအတြက္လည္း က်န္းမာေရး ျပႆနာႏွင့္ နဖူးေတြ႕ ဒူးေတြ႕ႀကဳံရၿမဲသည္။ ယခင္က ပိုက္ဆံလိုခ်င္သည့္ ေလာဘေၾကာင့္ မနားမေနနင္းျခင္းမ်ိဳး ျပဳလုပ္ခဲ့ေသာ္လည္း က်န္းမာေရး အတြက္ ေရရွည္ၾကည့္သည့္သေဘာျဖင့္ စည္းကမ္းႏွင့္ အခ်ိန္တစ္ခုခ်ၿပီး လုပ္ကိုင္ရသည္။

“ဒူးေတြက ၾကာလာေတာ့ မခံႏိုင္ေတာ့ဘူး၊ ေခါင္းက သိပ္မေကာင္းဘူး၊ ခဏခဏ မူးတယ္၊ ေနကလည္း ျပင္းတယ္ေလ၊ အဲဒါ တစ္အားမူးတာ မခံႏိုင္ေတာ့ ေန႔ခင္းဘက္ကို အိပ္ရတယ္” ဟု ေဒၚခင္ျမင့္က ဆိုသည္။ ကိုယ္တိုင္က အေၾကြးႏွင့္မကင္းသူမ်ား၏ သားသမီးမ်ားကို အစိုးရ အထက္တန္းေက်ာင္းမ်ားသို႔ ပို႔ေပးေနရေသာ္လည္း မိမိ၏သားႏွစ္ဦးကိုမူ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းတြင္သာ ထားႏိုင္သည့္အတြက္ တစ္ခါတစ္ရံေဒၚခင္ျမင့္ စိတ္မေကာင္းျဖစ္တတ္သည္။

လက္ရွိသားႀကီးမွာ ေျခာက္တန္းတက္ေနၿပီး သားငယ္က ေလးတန္း တက္ေနၿပီျဖစ္သည္။ လမ္းေပၚတြင္ ပင္ပင္ ပန္းပန္းျဖင့္ ဆိုက္ကားနင္းၿပီး ပိုက္ဆံရွာေနရသည့္ မိခင္ျဖစ္သူကို ေတြ႕ျမင္ေနရသည့္အခါတိုင္း သားႀကီး က ေက်ာင္းထြက္ၿပီး ပိုက္ဆံရွာမည္ဟု တစ္ခါတစ္ရံေျပာတတ္သည္။

ထိုကဲ့သို႔ ေက်ာင္းထြက္မည္ဟုေျပာလာလွ်င္ ေဒၚခင္ျမင့္ ရင္ထိတ္ရၿပီ။ သူပင္ပင္ပန္းပန္းလုပ္ကိုင္ကာ ရွာေဖြစားေသာက္ ေနရ သကဲ့သို႔ သူ႔သားသမီးမ်ားကို မျဖစ္ေစခ်င္။ ထို႔ေၾကာင့္ ေခ်ာ့တန္တစ္လွည့္ ေျခာက္ခ်ည္တစ္ခါျဖင့္ ေက်ာင္းပညာေရး ကိုသာ အာ႐ုံစိုက္ေစရန္ ေျပာဆိုဆုံးမရသည္။

တစ္ခါတစ္ရံ သားႏွစ္ဦး ေက်ာင္းသြားရန္ ပ်င္းေနပါက ဆိုက္ကားေပၚ တင္ၿပီး ကိုယ္တိုင္ေက်ာင္းသြားပို႔ေပးရၿပီး ေက်ာင္းတက္ေပ်ာ္ေစရန္ ႀကိဳးပမ္းရသည္။ ကေလးမ်ားကို ေႏြရာသီေက်ာင္းပိတ္ရက္တြင္ ကားေရေဆး လုပ္ငန္းက အလုပ္လုပ္ရန္ေခၚလွ်င္ မလႊတ္။ ပိုက္ဆံရသည္ ဆိုၿပီး အလုပ္ထဲစိတ္ပါသြားမည္ကို စိုးရိမ္ေသာေၾကာင့္ ေက်ာင္းတက္ေန သည့္အခ်ိန္အတြင္း သားႏွစ္ဦးကို ပိုက္ဆံရမည့္ အလုပ္ဆိုလွ်င္ မည္သည့္အလုပ္ကိုမွ မလုပ္ခိုင္းေပ။

“အေမတို႔ စာမတတ္လို႔ မိန္းမတန္မဲ့ ဒီလိုဆိုက္ကားနင္းေနရတာ၊ အေပါင္းအႏႈတ္ေတာင္ မလုပ္တတ္ဘူး၊ ဘယ္ေလာက္ ရွက္ဖို႔ ေကာင္းလဲ၊ ဒါေၾကာင့္ သားတို႔ကိုေတာ့ ေဘာပင္နဲ႔ စာေရးၿပီး ပိုက္ဆံရွာတာပဲ အေမျမင္ခ်င္တယ္လို႔ သူတို႔ကို ခဏခဏေျပာထားရတယ္” ဟု ေဒၚခင္ျမင့္က ဆိုသည္။

သားႏွစ္ေယာက္ကို ပညာတတ္ျဖစ္ေစခ်င္သူ ေဒၚခင္ျမင့္တစ္ေယာက္ အမ်ားက မည္သို႔ပင္ ေဝဖန္ေနေသာ္လည္း အိမ္၏စားဝတ္ေနေရး အဆင္ေျပေစရန္အတြက္ ဆိုက္ကားဆရာမဘဝကို ၿပဳံးၿပဳံးႀကီးခံယူ ေနဦးမည္ျဖစ္သည္။ ေရွ႕အလားအလာအရ မည္သို႔ေသာအနာဂတ္မ်ိဳး ေရာက္ရွိလာမည္ မေသခ်ာေသာ္လည္း အိပ္မက္တစ္ခုကိုေတာ့ ေဒၚခင္ျမင့္ ထပ္တလဲလဲမက္သည္

“အရင္ဆုံး အိမ္အေၾကြးေက်ရင္၊ သားႏွစ္ေယာက္ ေက်ာင္းၿပီးသြားရင္ ကြၽန္မလည္း ဒီဆိုက္ကားထိုင္ခုံေပၚက ဆင္းမယ္၊ အဲဒါ ကြၽန္မရဲ႕ အျဖစ္ခ်င္ဆုံးဆႏၵပဲ” ဟု ေဒၚခင္ျမင့္က အိမ္ေရွ႕တြင္ရပ္ထားသည့္ သူ၏ဆိုက္ကားကို စူးစူးစိုက္စိုက္ၾကည့္ရင္း ဆိုေလသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Myanmar Times
#Unicode Version#
သူ၏ညာဘက်လက်ဖြင့် လက်ကိုင်ဘရိတ်ကို ဆွဲညှစ်လိုက်ရာ အရှိန်နှင့်ပြေးလာသော ဆိုက်ကားလေးမှာ ကျွီခနဲဖြင့် ရပ်တန့်သွားပြီး တစ်ပြိုင်နက်တည်း ကျောင်းတက်ခေါင်းလောင်း ထိုးသံလည်း ထွက်ပေါ်လာသည်။ ခေါင်းလောင်းသံ ကြောင့် ကျောင်းချိန်အချိန်မမီမည်ကို စိုးရိမ်နေသော ဒေါ်ခင်မြင့်တစ်ယောက် ဟူးခနဲသက်ပြင်းချလိုက်နိုင်တော့သည်။

ထို့နောက် နဖူးပေါ်တွင် ယိုစီးနေသော ချွေးသီး၊ ချွေးပေါက်များကိုပင် မသုတ်နိုင်အား။ မိမိ၏ နေ့စဉ်ခရီးသည်လေးများ အဖြစ် နံဘေးတွင် ထိုင်၍လိုက်ပါလာသော လေးတန်းကျောင်းသူလေးနှစ်ဦးကို ဆိုက်ကားပေါ်မှဆင်းနိုင်ရန် ကူညီပေး လိုက်ပြီး သူတို့၏ကျောင်းသုံးပစ္စည်းများ ဆိုက်ကားပေါ်တွင် ကျန်မကျန် စစ်ဆေးလိုက်သည်။

ထို့နောက် ကျောင်းတွင်းသို့ ပြေးဝင်သွားကြသည့် ကျောင်းသူလေးနှစ်ဦးကိုလည်း ကျောင်းဆင်းချိန်တွင် မိမိဆီကို တန်းတန်းမတ်မတ်လာရန်နှင့် မိမိမရောက်သေးပါက ချိန်းထားသည့်နေရာတွင်သာ စောင့်နေကြရန် လှမ်းအော် ပြောလိုက်ပြီး စကားမဆုံးခင်မှာပင် ဆိုက်ကားထိုင်ခုံကျောမှီပြားများကို ခေါက်ချလိုက်သည်။

နံနက် ၆ နာရီကတည်းက ဆိုက်ကားဖြင့် ခရီးသည် စတင် ပို့ဆောင်နေသည်မှာ ယခုနှင့်ပါဆိုလျှင် ခရီးစဉ်လေးကြောင်း ရှိပြီ။ ပုံမှန်အားဖြင့် နံနက် ၆ နာရီတွင် ရပ်ကွက်တွင်းမှ ခရီးသည်တစ်ဦးကို သင်္ဃန်းကျွန်းစံပြဈေးသို့ ပုံမှန်ပို့ပေးရပြီး ထိုမှ ပြန်ရောက်ပါက အိမ်နီးနားချင်းအမျိုးသမီးနှစ်ဦးကို ၎င်းတို့၏အလုပ်ဌာနထံသို့ ပို့ဆောင်ပေးရသည်။ပြီးလျှင် ရပ်ကွက်တွင်း မှ အမျိုးသမီးများအပ်ထားကြသော ကျောင်းသူလေးများကို သံသုမာလမ်းမပေါ်ရှိ အထက်တန်းကျောင်းသို့ ပို့ပေးပြီးလျှင် ထိုနေ့မနက်တစ်ပိုင်းအတွက် ဒေါ်ခင်မြင့်၏ အလုပ်ပြီးပြီဖြစ်သည်

ယနေ့တွင်တော့ အမျိုးသမီးနှစ်ဦးကို အလုပ်သို့ပို့ပေးပြီး အပြန်တွင် (ခ)ရပ်ကွက်သို့သွားလိုကြောင်း အမျိုးသမီးတစ်ဦးက ခေါ်သည်နှင့် အချိန်ရသည်နှင့် လိုက်သွားခဲ့သည်။ သို့သော်လည်း တွက်ထားသည့် အချိန်ထက် ပိုကြာသွားသဖြင့် ရပ်ကွက်သို့ ကတိုက်ကရိုက်ပြန်လာခဲ့ရပြီး ကျောင်းသူလေးများကို ကျောင်းတက်ချိန်အမီ သွားပို့လိုက်ရခြင်းဖြစ်သည်

ထိုကဲ့သို့ ခရီးသည်များကို ကသောကမျောပို့လိုက်ရသဖြင့် ဒဏ်အနည်းငယ်ဖြစ်နေသည့် ဒူးနှစ်ဖက်ကို ပိုအလုပ်ပေးလိုက် သလိုဖြစ်သွားခဲ့ပြီး ပိန်ခြောက်ခြောက်ခန္ဓာကိုယ်တွင်းမှ ရှိစုမဲ့စုအင်အားများလည်း ကုန်ခမ်းသွားသလို ဒေါ်ခင်မြင့် တစ်ယောက် ခံစားလိုက်ရသည်။

“ဒီမနက်လူက နည်းနည်းပြိုင်းသွားပြီ၊ အိမ်ပြန်နားမှဖြစ်တော့မယ်”ဟု ဒေါ်ခင်မြင့်က ဆိုက်ကားပေါ်တွင်ထိုင်လျက် အမောဖြေရင်းဆိုသည်။ ထို့ကြောင့် မွန်းလွဲကျောင်းလွှတ်ချိန် အကြိုအပို့မလုပ်ခင်ချိန်ထိ အလုပ်ခဏရပ်နားမည်ဟု ဆုံးဖြတ်ချက်ချလိုက်ပြီး ဆိုက်ကားလက်ကိုင်ကို မိမိ၏အိမ်ရှိရာ သုဝဏ္ဏမြို့နယ်၊ (င)ရပ်ကွက်သို့ ဦးလှည့်လိုက်တော့သည်။

အသက် ၄၃ နှစ် ကျော်ပြီဖြစ်သည့် ဒေါ်ခင်မြင့်တစ်ယောက် ဆိုက်ကားနင်းသည့်အလုပ် လုပ်ကိုင်သည်မှာ သုံးနှစ်ကျော် လေးနှစ်ဝန်းကျင်မျှသာ ရှိသေးသည်။ အစပိုင်းကတော့ ဒေါ်ခင်မြင့်က ဆိုက်ကားသမားလုပ်မည်ဟု စိတ်ကူးသော်မျှ မရှိခဲ့ပါ။ ယောကျာ်းဖြစ်သူ၏ လုပ်အားခကိုမှီခိုပြီး အိမ်ထောင်ထိန်းသိမ်းရသည့် အများသူငါကဲ့သို့သော အမျိုးသမီးသာ ဖြစ်သည်။

သို့သော်လည်း သားသမီးသုံးဦး ရောဂါအသီးသီးဖြင့် သေဆုံးပြီး ယောကျာ်းဖြစ်သူ အရက်နွံထဲမှ ရုန်းမထွက် နိုင်တော့သည့်အချိန်တွင်တော့ မည်သူမျှ မတွန်းပို့ရပါပဲနှင့် အော်တိုမက်တစ် အိမ်ထောင်ဦးစီး ဆိုက်ကားဆရာမဘဝသို့ ရောက်သွားတော့သည်။

သူ၏အမျိုးသားဖြစ်သူ ကိုဂျပန်ကြီးမှာ (င)ရပ်ကွက်ထိပ်ရှိ ချမ်းအေးဆိုက်ကားဂိတ်မှ ဆိုက်ကားသမားတစ်ဦးဖြစ်ပြီး အရက်အလွန်အကျွံသောက်သူ တစ်ဦးဖြစ်သည်။ သူမူးပြီဆိုလျှင် ရပ်ကွက်တစ်ခွင် လှည့်လည်ကာ ရမ်းတတ်ပြီး ဖဲလည်းရိုက်သဖြင့် ဒေါ်ခင်မြင့်က အိမ်နှင့်ကလေးကိုပစ်ကာ လင်သည်ကို အမြဲလိုက်ရှာရသည်။ များသောအားဖြင့် ဆိုက်ကားတခြား လူတခြားဖြစ်နေသည်ကိုသာ တွေ့ရလေ့ရှိပြီး တစ်ကြိမ်တွင်တော့ အုံနာကြေးသွင်းကာ နင်းနေသည့်ဆိုက်ကားပင်ပျောက်သွားလေသည်။

ကနဦးမွေးထားသည့် ကလေးသုံးဦးမှာလည်း တုပ်ကွေး၊ ဝမ်းရောဂါအသီးသီးဖြင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးသွားပြီး သည့် နောက်တွင်တော့ ဒေါ်ခင်မြင့်တစ်ယောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။ ယောကျာ်းဖြစ်သူ အရက်ပြတ်ရေးနှင့် ကျန်သည့် ကလေးနှစ်ဦး လူလားမြောက်စေရေးတို့ ဖြစ်သည်။

သို့ဖြင့် ယောကျာ်းဖြစ်သူအား ဆရာဝန်၏ညွှန်ကြားချက်အတိုင်း အရက်ဖြတ်ဆေးများကို လွန်ခဲ့သည့် ခြောက်နှစ်က စတိုက်ကာ အရက်ပြတ်စေဖို့ လုံးပန်းတော့သည် သူက မူးပြီးလိုက်ဆဲနေတော့ ရဲဖမ်းမှာလည်း စိုးရတယ်၊ အဲဒါဆိုရင် သူ့အတွက် တစ်ခါပူရဦးမယ်၊ ဒါနဲ့ သူ့ကို အရက်ဖြတ်ဆေး ချော့တိုက်လိုက်တာ၊ တစ်နှစ်လောက်ကြာတော့ အရက်ပြတ်သွားတယ်၊ ဒါပေမဲ့ ဘာမှမလုပ်နိုင်တော့ဘူး၊ အန်တီလည်း အဲဒီအချိန်ကနေစပြီး ဆိုက်ကားသမားဖြစ်သွားတာပဲ” ဟု ဒေါ်ခင်မြင့်က သူဆိုက်ကားသမ ဘဝရောက် သွားပုံ၏အစကို ပြောသည်။

အမျိုးသားဖြစ်သူမှာ အရက်ပြတ်သွားသော်လည်း အရက်အလွန်အကျွံသောက်ခဲ့ခြင်း၏ အကျိုးဆက်များအဖြစ် ခြေဆစ်လက်ဆစ်များ ပြုတ်သလိုဖြစ်ကာ ခြေလက်မသယ်ချင်တော့ခြင်း၊ အမောအပန်း မခံနိုင်တော့ခြင်းများ ဖြစ်လာပြီး အိပ်ရာထဲတွင်သာ ဖုန်းတစ်လုံးဖြင့် အချိန်ကုန်တော့သည်။

အိမ်၏ပင်မဝင်ငွေစီးဆင်းမှုမှာ ခါးဆက်ပြတ်သွားပြီး အမျိုးသားဖြစ်သူ နေမကောင်းဖြစ်စဉ်က ယူထားသော အကြွေးများ ကလည်း ပတ်လည်ဝိုင်းလာပြီဖြစ်သည့်အတွက် အိမ်ရှေ့တွင် ရပ်ထားသည့် အမျိုးသားဖြစ်သူ၏ ဆိုက်ကားဖြင့်သာ ဝင်ငွေရဖို့ ကြံဆရတော့သည်။ တခြားစီးပွားရေးလုပ်ဖို့ အရင်းအနှီးလည်းမရှိသလို ကြံရာမရသည့်အဆုံး ဆိုက်ကားသမ အဖြစ်သာ စတင်လုပ်ကိုင်မိတော့သည်။

အမျိုးသားဖြစ်သူ အရက်မဖြတ်ခင်က သူ၏ဆိုက်ကားကို ကိုယ်တိုင်ယူနင်းပြီး ကလေးများတင်ကာ ဟိုနားဒီနား အသွားအလာ လုပ်ခဲ့ဖူးသဖြင့် ဆိုက်ကားစနင်းသည့်အချိန်တွင်တော့ ဒေါ်ခင်မြင့်အဖို့မှာ အခက်အခဲမရှိလှ။ သို့သော်လည်း အမှန်တကယ် ကာယဗလကြီးမားသော ယောကျာ်းကြီးများနှင့် ရင်ဘောင်တန်းပြီး အလုပ်လုပ်ရာတွင်တော့ ကာယအား ချို့တဲ့သော မိန်းမသားဖြစ်သူ ဒေါ်ခင်မြင့်မှာ စိန်ခေါ်မှု များစွာနှင့် ကြုံတွေ့ရလေသည်။

“ဆိုက်ကားစနင်းတုန်းက ယောကျာ်းကြီးတွေက ပြောတာပေါ့၊ နင်မရှက်ဘူးလားဆိုပြီး၊ ရေရှည်လည်း လုပ်နိုင်မှာ မဟုတ်ပါဘူးကွာ ဆိုပြီးတော့၊ အဲဒီအခါကျရင်တော့ အားငယ်တာပေါ့” ဟု ဒေါ်ခင်မြင့်ကဆိုသည်။

အုံနာကြေးသွင်းပြီး ဆိုက်ကားနင်းရခြင်းဖြစ်ရာ ကိရိယာစုံစုံလင်လင်ဖြင့် အတော်အသင့် ပြင်ဆင်မွန်းမံထားသော ဆိုက်ကားဆိုလျှင် နင်းရသက်သာ သည်။ သို့မဟုတ်ပဲ လေပေါင်မပြည့်သောဆိုက်ကားမျိုးကို ရလျှင်တော့ အလွန် ပင်ပန်းသည်။

“ဆိုက်ကားကောင်းတယ်ဆိုရင် နှစ်ယောက်၊ သုံးယောက်လောက်ကို အသာလေး တင်နင်းနိုင်တယ်၊ ဆိုက်ကား မကောင်းရင်တော့ သိပ်မသက်သာဘူး” ဟု ဒေါ်ခင်မြင့်က ဆိုသည်။

(င)ရပ်ကွက်အတွင်းမှ ဈေးသည်အမျိုးသမီးများ၊ ကျောင်းသား ကျောင်းသူ အငယ်လေးများမှာ ဒေါ်ခင်မြင့် ပုံမှန် အကြိုအပို့လုပ်ပေးနေကျ ဖောက်သည်များ ဖြစ်ကြသည်။ တစ်ခါတစ်ရံတွင် ကြားပေါက်အဖြစ်လည်း ရပ်ကွက်အတွင်းမှ အမျိုးသမီးများခေါ်လျှင် လိုက်ပို့ပေးရသည်။ လိုက်ပို့ပေးရာတွင်လည်း (င)ရပ်ကွက်မှနေပြီး သင်္ဃန်းကျွန်း စံပြဈေး ထက်ပို၍ ခရီးဝေးမသွားနိုင်။

ထို့ကြောင့် အဝေးကိုငှားလျှင် မအားဘူးဟု ပြောပြီးငြင်းလွှတ်ရသည်။ အမျိုးသားများက ဆိုက်ကားတားစီးလျှင်တော့ ဒေါ်ခင်မြင့်က မလိုက်၊ အများ၏အမြင်တွင် ယောကျာ်းသားဖြစ်သူကို အမျိုးသမီးဖြစ်သူက ဆိုက်ကားနင်းပို့ရသည်ဟု ဝေဖန်မည်ကို စိုးရိမ်သည့်အပြင် ဒေါ်ခင်မြင့် ကိုယ်တိုင်လည်း ရှက်ရွံ့မိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားများ ဆိုက်ကားငှားစီးလျှင် အသိဆိုက်ကားဆရာများနှင့် လွှဲလျှင်လွှဲပေးသည်။ သို့မဟုတ် အော်ဒါအငှားရှိသည်ဟု အကြောင်းပြပြီး ငြင်းရသည်။

“ဘယ်လိုပြောရမလဲ၊ သူတို့ကို ရှိန်တာပေါ့၊ ပြီးတော့ နည်းနည်းလည်း ရှက်သလိုဖြစ်တယ်၊ ယောကျာ်းကလေးငယ်တွေ ဆိုရင်တော့ ဘာမှ မဖြစ်ဘူး” ဟု ဒေါ်ခင်မြင့်က ဆိုသည်။

အရက်ဖြတ်ပြီး ငါးနှစ်ကျော်အကြာတွင်တော့ အမျိုးသားဖြစ်သူက ဆိုက်ကားအနည်းငယ်ပြန်နင်းလာနိုင်သည်။ များသောအားဖြင့် ခရီးသည်ကို ဇနီးသည်နှင့်အတူ တစ်ယောက်တစ်ဝက်စီ ဝေပုံကျခွဲယူပြီး လိုက်ပို့ပေးသည်။ သို့သော် ဒေါ်ခင်မြင့်လောက် ခရီးစဉ်အခေါက်အရေမများသလို ဝင်ငွေလည်း အများကြီးရသည်တော့မဟုတ်။ တစ်ခါတစ်ရံ ရင်ကျပ်ပြီးမောတတ်သေးသဖြင့် အိပ်ရာထဲတွင် အနားယူနေရသည် ကသာ များသည်။ ဒေါ်ခင်မြင့်ကတော့ ယောကျာ်းဖြစ်သူ အရက်ပြတ် သွားခြင်းဖြစ်သည်ကသာ ဆုလာဘ်ကြီးတစ်ခုအဖြစ် ကျေနပ်နေသည်။

“နေပါစေ၊ အရက်ပြတ်ဖို့က အဓိကပဲ၊ နင်လည်း ရသလောက်ပဲနင်း၊ ငါလည်း ရသလောက်နင်းပြီး ရှာမယ်ဆိုပြီး လုပ်နေတာ” ဟု ဒေါ်ခင်မြင့်က ဆိုသည်။ ဦးဂျပန်ကြီးမှာလည်း အခြေအနေအရ ဆိုက်ကားနင်းနေရသည့် ဇနီးဖြစ်သူကို မကြည့်ရက်။

သို့သော်လည်း ကိုယ်တိုင်လည်း အိမ်၏အဓိကဝင်ငွေရအောင် မလုပ်နိုင်သဖြင့် ဘေးကျပ်နံကျပ်ဖြစ်ရသည်။ အရက်ဖြတ်ပြီးနောက် ကိုယ်တွင်စွဲကပ်ခဲ့သည့် ပန်းနာရင်ကျပ် ရောဂါကလည်း မကြာခဏပြန်ထနေသဖြင့် ကိုယ့်ကိုယ်ကိုယ်သာ ကျန်းမာစေရန် ဂရုစိုက်နေရသည်။

ရှင်းရှင်းပြောရရင် ကိုယ့်မိန်းမ ဒီလိုအလုပ်လုပ်နေတာ မကြည့်ချင်ဘူး၊ မကြည့်ချင်ဘူးဆိုပေမဲ့ ကျွန်တော်က နှစ်ခေါက် လောက်နင်းပြီးရင် မနင်းနိုင်တော့ဘူးလေ၊ အရက်ကတော့ လုံးဝပြတ်သွားပါပြီ” ဟု ဦးဂျပန်ကြီးက အသက်ရှူသံပြင်းပြင်း ဖြင့် ဆိုသည်။ မလွှဲသာ၍ ဆိုက်ကားနင်းစားနေရသော်လည်း ရပ်ကွက်အတွင်းရှိ အခြားမိန်းမသားများက ဒေါ်ခင်မြင့်ကို ကိုယ်ချင်းစာ သည်။

အပြင်သွားစရာရှိလျှင် အခြားအမျိုးသားများ၏ ဆိုက်ကားကိုမစီးဘဲ ဒေါ်ခင်မြင့်ကိုသာ အကြိုအပို့ လုပ်ခိုင်းလေ့ ရှိသည်။ အထူးသဖြင့် ဒေါ်ခင်မြင့်က စိတ်ရှည်သူတစ်ဦးဖြစ်သည့်အပြင် ယုံကြည်စိတ်ချရသူ ဖြစ်သည့်အတွက်ကြောင့် လည်း အမျိုးသမီးအများစုက သဘောကျ ကြသည်။

“ခေါ်ခြင်းခေါ် သူ့ကိုပဲခေါ်တယ်၊ သူက ဘယ်လောက်ကြာကြာ စိတ်ရှည်ရှည်နဲ့ စောင့်ပေးတယ်၊ သမီးမိန်းကလေးတွေ ဆိုရင် သူနဲ့ကျတော့ စိတ်ချရတယ်လေ” ဟု ဒေါ်ခင်မြင့်၏ဆိုက်ကားဖြင့် ဆေးခန်းအတူသွားလေ့ရှိသည့် ဒေါ်အောင်က ဆိုသည်။

ထိုသို့ ဒေါ်ခင်မြင့်၏ ဆိုက်ကားကို အချိန်အတော်ကြာစီးရင်း အမျိုးသမီးဖောက်သည်အများစု ဒေါ်ခင်မြင့်ဆီမှ သတိထားမိ သည့် အရာတစ်ခုရှိသည်။ ထိုအရာမှာ ဒေါ်ခင်မြင့် သတ္တိကောင်းခြင်းဖြစ်သည်။ သူ့လိုသတ္တိမျိုး၊ သူ့လိုစွန့်စားမှုမျိုးဆိုတာ မလွယ်ဘူး၊ ကားတွေ တဝီဝီနဲ့သွားနေတဲ့ ကြားထဲမှာ နင်းတာ ယောကျာ်းလေး တွေထက်တောင် ပိုပြီးသတ္တိကောင်းတယ်” ဟု ဒေါ်အောင်က အမွှန်းတင်သည်။

အမျိုးသားဖြစ်သူများပင် ကိုယ်ကာယအသုံးပြုပြီး လုပ်ကိုင်ရသည့် အတွက် ကျန်းမာရေးချူချာမှုမျိုး တွေ့ကြုံနေရ သည်ဖြစ်ရာ ဒေါ်ခင်မြင့် ကဲ့သို့သော အမျိုးသမီး ဆိုက်ကားဆရာမအတွက်လည်း ကျန်းမာရေး ပြဿနာနှင့် နဖူးတွေ့ ဒူးတွေ့ကြုံရမြဲသည်။ ယခင်က ပိုက်ဆံလိုချင်သည့် လောဘကြောင့် မနားမနေနင်းခြင်းမျိုး ပြုလုပ်ခဲ့သော်လည်း ကျန်းမာရေး အတွက် ရေရှည်ကြည့်သည့်သဘောဖြင့် စည်းကမ်းနှင့် အချိန်တစ်ခုချပြီး လုပ်ကိုင်ရသည်။

“ဒူးတွေက ကြာလာတော့ မခံနိုင်တော့ဘူး၊ ခေါင်းက သိပ်မကောင်းဘူး၊ ခဏခဏ မူးတယ်၊ နေကလည်း ပြင်းတယ်လေ၊ အဲဒါ တစ်အားမူးတာ မခံနိုင်တော့ နေ့ခင်းဘက်ကို အိပ်ရတယ်” ဟု ဒေါ်ခင်မြင့်က ဆိုသည်။ ကိုယ်တိုင်က အကြွေးနှင့်မကင်းသူများ၏ သားသမီးများကို အစိုးရ အထက်တန်းကျောင်းများသို့ ပို့ပေးနေရသော်လည်း မိမိ၏သားနှစ်ဦးကိုမူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်သာ ထားနိုင်သည့်အတွက် တစ်ခါတစ်ရံဒေါ်ခင်မြင့် စိတ်မကောင်းဖြစ်တတ်သည်။

လက်ရှိသားကြီးမှာ ခြောက်တန်းတက်နေပြီး သားငယ်က လေးတန်း တက်နေပြီဖြစ်သည်။ လမ်းပေါ်တွင် ပင်ပင် ပန်းပန်းဖြင့် ဆိုက်ကားနင်းပြီး ပိုက်ဆံရှာနေရသည့် မိခင်ဖြစ်သူကို တွေ့မြင်နေရသည့်အခါတိုင်း သားကြီး က ကျောင်းထွက်ပြီး ပိုက်ဆံရှာမည်ဟု တစ်ခါတစ်ရံပြောတတ်သည်။

ထိုကဲ့သို့ ကျောင်းထွက်မည်ဟုပြောလာလျှင် ဒေါ်ခင်မြင့် ရင်ထိတ်ရပြီ။ သူပင်ပင်ပန်းပန်းလုပ်ကိုင်ကာ ရှာဖွေစားသောက် နေရ သကဲ့သို့ သူ့သားသမီးများကို မဖြစ်စေချင်။ ထို့ကြောင့် ချော့တန်တစ်လှည့် ခြောက်ချည်တစ်ခါဖြင့် ကျောင်းပညာရေး ကိုသာ အာရုံစိုက်စေရန် ပြောဆိုဆုံးမရသည်။

တစ်ခါတစ်ရံ သားနှစ်ဦး ကျောင်းသွားရန် ပျင်းနေပါက ဆိုက်ကားပေါ် တင်ပြီး ကိုယ်တိုင်ကျောင်းသွားပို့ပေးရပြီး ကျောင်းတက်ပျော်စေရန် ကြိုးပမ်းရသည်။ ကလေးများကို နွေရာသီကျောင်းပိတ်ရက်တွင် ကားရေဆေး လုပ်ငန်းက အလုပ်လုပ်ရန်ခေါ်လျှင် မလွှတ်။ ပိုက်ဆံရသည် ဆိုပြီး အလုပ်ထဲစိတ်ပါသွားမည်ကို စိုးရိမ်သောကြောင့် ကျောင်းတက်နေ သည့်အချိန်အတွင်း သားနှစ်ဦးကို ပိုက်ဆံရမည့် အလုပ်ဆိုလျှင် မည်သည့်အလုပ်ကိုမှ မလုပ်ခိုင်းပေ။

“အမေတို့ စာမတတ်လို့ မိန်းမတန်မဲ့ ဒီလိုဆိုက်ကားနင်းနေရတာ၊ အပေါင်းအနှုတ်တောင် မလုပ်တတ်ဘူး၊ ဘယ်လောက် ရှက်ဖို့ ကောင်းလဲ၊ ဒါကြောင့် သားတို့ကိုတော့ ဘောပင်နဲ့ စာရေးပြီး ပိုက်ဆံရှာတာပဲ အမေမြင်ချင်တယ်လို့ သူတို့ကို ခဏခဏပြောထားရတယ်” ဟု ဒေါ်ခင်မြင့်က ဆိုသည်။

သားနှစ်ယောက်ကို ပညာတတ်ဖြစ်စေချင်သူ ဒေါ်ခင်မြင့်တစ်ယောက် အများက မည်သို့ပင် ဝေဖန်နေသော်လည်း အိမ်၏စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဆိုက်ကားဆရာမဘဝကို ပြုံးပြုံးကြီးခံယူ နေဦးမည်ဖြစ်သည်။ ရှေ့အလားအလာအရ မည်သို့သောအနာဂတ်မျိုး ရောက်ရှိလာမည် မသေချာသော်လည်း အိပ်မက်တစ်ခုကိုတော့ ဒေါ်ခင်မြင့် ထပ်တလဲလဲမက်သည်

“အရင်ဆုံး အိမ်အကြွေးကျေရင်၊ သားနှစ်ယောက် ကျောင်းပြီးသွားရင် ကျွန်မလည်း ဒီဆိုက်ကားထိုင်ခုံပေါ်က ဆင်းမယ်၊ အဲဒါ ကျွန်မရဲ့ အဖြစ်ချင်ဆုံးဆန္ဒပဲ” ဟု ဒေါ်ခင်မြင့်က အိမ်ရှေ့တွင်ရပ်ထားသည့် သူ၏ဆိုက်ကားကို စူးစူးစိုက်စိုက်ကြည့်ရင်း ဆိုလေသည်။


ဖိုးသူတော်(www.phothutaw.com)
Credit: Myanmar Times
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top