ကၽြန္ေတာ္တုိ႔ စားေနတဲ့ သာကူေစ့ကုိ ဘယ္ကေနရတာလဲ

ကြၽန္ေတာ္တုိ႔ ထန္းလ်က္ သာကူ/သၾကား သာကူ ႏွင့္ သာကူေစ့ပါဝင္ေသာ အစားအစာေတြ အမ်ားအားျဖင့္ စားသုံးဖူးၾကပါတယ္။သာကူေစ့ကုိ saksak, rabia ,sago and sagu ဆုိၿပီး ေရးသားေခၚဆုိပါတယ္။

ဒါေပမဲ့…သာကူေစ့ကုိ ဘယ္လုိျပဳလုပ္သလဲ..သာကူေစ့အတြက္ ကုန္ၾကမ္းပစၥည္း(raw materials)ကုိ ဘယ္ကရသလဲ ဆုိတာ သိ႐ွိထားသူ နည္းပါးႏုိင္ပါတယ္။

ကြၽန္ေတာ္ ေျပာျပပါ့မယ္…သာကူေစ့အတြက္ အဓိက ကုန္ၾကမ္း ပစၥည္းဟာ ဆာဂူပင္(Metroxylon sago palm)မွ ရ႐ွိပါတယ္၊၊ဆန္၊ဂ်ဳံ ႏွင့္ကေလာမႈန္႔ျဖင့္ ျပဳလုပ္တဲ့ သာဂူေစ့ေတြဟာ သာဂူေစ့အစစ္မဟုတ္ပါ။

ဆာဂူပင္ ဆုိတာက ဆီအုန္းပင္ ၊အုန္းပင္မ်ားႏွင့္ဆင္တူၿပီး ဒီအပင္ေတြဟာ အာဖရိက၊ မေလး႐ွား၊ အင္ဒုိနီး႐ွားႏွင့္ ကုန္းျမင့္ေျမျပန္႔ေဒသေတြမွာ ျမင္ေတြ႔ႏုိင္ပါတယ္။

ဆာဂူပင္ရဲ႕အျပင္ပုိင္းအလႊာဟာ အုန္းပင္ကဲ့သုိ႔ မာေၾကာၿပီး သူရဲ႕အတြင္းသားဟာ အရမ္းႏူးည့ံပါတယ္။ ဆာဂူပင္၏ အတြင္းပုိင္းအသားမ်ားကုိ ခြဲျခမ္းစိတ္မႊာၿပီး အရည္ညစ္ယူပါတယ္။

၄င္းအရည္ကုိ အရည္ၾကည္ခံအနယ္ထုိင္ေစၿပီး က်န္႐ွိတဲ့အႏွစ္ကုိ ေနလွန္း၍ ရ႐ွိလာေသာ အမႈန္႔ကုိ သာကူေစ့အျပင္ အျခားေသာ စားေသာက္ကုန္ လုပ္ငန္းေတြမွာ ထည့္သြင္းအသုံးျပဳပါတယ္။

ဆာဂူပင္ဟာ ေတာတြင္းေန အာဖရိကမ်ဳိးႏြယ္စုေတြရဲ႕အဓိကအစားအစာ တစ္မ်ဳိးလည္း ျဖစ္ပါတယ္။ ဆာဂူပင္ကုိ ပုိင္းျဖတ္ျပီး ထက္ျခမ္းခြဲ၍ ကြၽဲ၊ႏြား ႏွင့္ဆိတ္မ်ားကုိလည္း ေကြၽးႏုိင္ပါေၾကာင္း ေရးသားေဖာ္ျပလုိက္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဘဝခါးခါး

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွန်တော်တို့ စားနေတဲ့ သာကူစေ့ကို ဘယ်ကနေရတာလဲ

ကျွန်တော်တို့ ထန်းလျက် သာကူ/သကြား သာကူ နှင့် သာကူစေ့ပါဝင်သော အစားအစာတွေ အများအားဖြင့် စားသုံးဖူးကြပါတယ်။သာကူစေ့ကို saksak, rabia ,sago and sagu ဆိုပြီး ရေးသားခေါ်ဆိုပါတယ်။

ဒါပေမဲ့…သာကူစေ့ကို ဘယ်လိုပြုလုပ်သလဲ..သာကူစေ့အတွက် ကုန်ကြမ်းပစ္စည်း(raw materials)ကို ဘယ်ကရသလဲ ဆိုတာ သိရှိထားသူ နည်းပါးနိုင်ပါတယ်။

ကျွန်တော် ပြောပြပါ့မယ်…သာကူစေ့အတွက် အဓိက ကုန်ကြမ်း ပစ္စည်းဟာ ဆာဂူပင်(Metroxylon sago palm)မှ ရရှိပါတယ်၊၊ဆန်၊ဂျုံ နှင့်ကလောမှုန့်ဖြင့် ပြုလုပ်တဲ့ သာဂူစေ့တွေဟာ သာဂူစေ့အစစ်မဟုတ်ပါ။

ဆာဂူပင် ဆိုတာက ဆီအုန်းပင် ၊အုန်းပင်များနှင့်ဆင်တူပြီး ဒီအပင်တွေဟာ အာဖရိက၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ကုန်းမြင့်မြေပြန့်ဒေသတွေမှာ မြင်တွေ့နိုင်ပါတယ်။

ဆာဂူပင်ရဲ့အပြင်ပိုင်းအလွှာဟာ အုန်းပင်ကဲ့သို့ မာကြောပြီး သူရဲ့အတွင်းသားဟာ အရမ်းနူးညံ့ပါတယ်။ ဆာဂူပင်၏ အတွင်းပိုင်းအသားများကို ခွဲခြမ်းစိတ်မွှာပြီး အရည်ညစ်ယူပါတယ်။

၎င်းအရည်ကို အရည်ကြည်ခံအနယ်ထိုင်စေပြီး ကျန်ရှိတဲ့အနှစ်ကို နေလှန်း၍ ရရှိလာသော အမှုန့်ကို သာကူစေ့အပြင် အခြားသော စားသောက်ကုန် လုပ်ငန်းတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

ဆာဂူပင်ဟာ တောတွင်းနေ အာဖရိကမျိုးနွယ်စုတွေရဲ့အဓိကအစားအစာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆာဂူပင်ကို ပိုင်းဖြတ်ပြီး ထက်ခြမ်းခွဲ၍ ကျွဲ၊နွား နှင့်ဆိတ်များကိုလည်း ကျွေးနိုင်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဘဝခါးခါး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top