
Credit: Liang Yan
#Unicode Version#
၂၃-၄-၂၀၁၉ နေ့လယ် ၂ နာရီလောက်မန္တလေးမြို့ ၂၈ လမ်း၈၀-၈၁ ကြား မြို့မမင်္ဂလာခန်းဝင်ပစ္စည်းဆိုင်မှာ ဆိုင်ထိုင်နေတုန်း အသက် 20 ဝန်းကျင် ကောင်လေးတစ်ယောက် မျက်နှာမှာ မျက်လုံးအောက်နားထိ မာ့စ် အပြည့်အုပ်ထားပြီး ဆိုင်မှာပစ္စည်းလာဝယ်တယ်။
နောက်ကျောပေးပြီး –ပစ္စည်းလှည့်ယူပေးနေတုန်း ကျနော့်ကို နောက်ကနေ ခုတ်ချတယ် ဂျိုင်းအောက်ကို ထိသွားပြီး ပူကနဲဖြစ်သွားတယ် ဘာလုပ်တာလဲအော်တော့ နောက်တချက် ထပ်ခုတ်တယ် လက်မောင်းထိသွားတယ်…..
ဓားနဲ့ခုတ်ပြီးပြေးတော့ အိမ်ဘေးမှာဆိုင်ကယ်စက်နှိုးပြီးအသင့်စောင့်နေတဲ့ဆိုင်ကယ်ပေါ်တက်ထွက်ပြေးသွားပါတယ်…
လုပ်တာက အသေ လုပ်တာ…အခုမန္တလေးဆေးရုံကြီးက ကုသပေးထားတယ် ခုတ်တာက ဓါး နဲ့ပါ ဒီကလေးနဲ့ကျနော် ဘာရန်စမှမရှိပါ ဆိုင်ကပစ္စည်းလုတာလည်းမရှိပါ အသားလွတ်ကျနော့်ကို ဓါးနဲ့ခုတ်ခြင်းပါ ..
အမှတ်(၈)ရဲစခန်းက (ပ) ၄၀၆/၁၉ ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၂၄/၁၁၄ ဖြင့် အမှုဖွင့်ပြီး တရားခံကိုရှာဖွေနေပါပြီကျနော့်ကို ချစ်သောမိတ်ဆွေများ သတင်းကြားပူပန်နေသူများ ကျနော် အခြေအနေအသိပေးတာပါ စိတ်ပူပန်ပေးသူများ အားလုံး ကျေးဇူးတင်ပါတယ်ကျနော်တို့မိသားစုကို မေတ္တာနဲ့ ဆက်လက်စောင့်ရှောက်ပေးကြပါ။
ဆိုင်ပိုင်ရှင်ရဲ့ဖုန်း(092004689 ) မှာဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်တရားဥပဒေစိုးမိုးမှုကိုလိုလားသူ မိတ်ဆွေများဤပိုဟစ့်ကိုတတ်နိုင်သလောက်ရှယ်ပေးကြပါ။
ဖိုးသူတော်(www.phothutaw.com)
Credit: Liang Yan