20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ေခြးေလွာင္အိမ္ထဲတြင္ သနားစရာ ငိုေႂကြးေနသည့္ အသက္ ၂၀ လ အရြယ္ သမီးေလး၏ ႐ုပ္သံ တ႐ုပ္လူမွုကြန္ယက္ ဝီဘိုေပၚပ်ံ႕ႏွံ့ခဲ့ၿပီးေနာက္ အြန္လိုင္းသုံးသူမ်ား ေဒါသထြက္ကာ ေဝဖန္မွုမ်ားျဖစ္ေပၚခဲ့သည့္အတြက္ ရဲအဖြဲ႕က စုံစမ္းရွာေဖြေနေၾကာင္း သိရွိရသည္။
 
႐ုပ္သံမွာေတာ့ ကေလးငယ္ေလးကို ေခြးေလွာင္အိမ္ထဲ ထည့္ပိတ္ထားတာေၾကာင့္ ကေလးဟာ သနားစဖြယ္ငိုေႂကြးေနပါတယ္။ ကေလးရဲ့ ေျခလက္ေတြမွာလည္း အညိဳအမဲစြဲဒဏ္ရာမ်ား ရွိေနသလို လူတစ္ေယာက္က ကေလးရဲ့ မ်က္ႏွာေပၚတက္နင္းတဲ့ ႏွိပ္စက္မွုေတြလည္း ပါရွိသျဖင့္ ၾကည့္ရွုရသူေတြ ေဒါသအိုးေပါက္ကြဲရသည္ထိ ေဝဖန္မွုမ်ား ျမင့္တက္ခဲ့တာ ျဖစ္ပါတယ္။
 
ရဲေတြရဲ့ စုံစမ္းစစ္ေဆးမွုအရ အဆိုပါ႐ုပ္သံဟာ ဂြမ္ေဒါင္းစီရင္စုမွာရွိတဲ့ Chaozhou ၿမိဳ႕က ေနအိမ္မွာ ရိုက္ကူးထားတာျဖစ္ပါတယ္။ ကေလးေလးရဲ့ ဖခင္ျဖစ္သူ Xu Qian ဆိုသူက အိမ္ေပၚက ဆင္းသြားတဲ့သူ႔ရဲ့ ဇနီးသည္ ျပန္လာေစရန္ သမီးေလးကို ႏွိပ္စက္ေနတဲ့ ႐ုပ္သံကိုရိုက္ကူးၿပီး ဇနီးသည္ထံ ေပးပို႔ခဲ့တာျဖစ္ပါတယ္။ အဆိပါ႐ုပ္သံဟာ ဧၿပီလ ၁၈ ရက္ေန႔က ဝီဘိုေပၚမွာ စတင္ပ်ံ႕ႏွံ့ခဲ့ပါတယ္။
 
Xu Qian က ဒီဗီဒီယိုကို သူ႔ရဲ့ဇနီးျဖစ္သူ Xu Ting ကို ေပးပို႔ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ ဒါေပမယ့္ ဘာေၾကာင့္လဲဆိုတာကိုေတာ့ ရဲေတြကို ရွင္းမျပခဲ့ပါဘူး။ Xu Ting ရဲ့ ေျပာျပခ်က္အရ သူ႔ေယာက်္ားဟာ မၾကာခဏသူမကို ကိုယ္ထိလက္ေရာက္ ႏွိပ္စက္တယ္လို႔ ဆိုပါတယ္။ သူမကို ႏွိပ္စက္တိုင္း ရဲတိုင္ခဲ့ေပမယ့္ ရဲေတြေရာက္လာတဲ့အခါ ေယာက်္ားက အလုပ္ေတြေၾကာင့္ စိတ္ဖိစီးမွုမ်ားၿပီး ျဖစ္တတ္တဲ့အတြက္ မိန္းမအေနနဲ႔ ခြင့္လႊတ္ဖို႔သာ ေျပာဆိုေစ့စပ္ၿပီး အေရးမယူခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ သူတို႔လင္မယား ခြဲေနၾကၿပီး တရားဝင္ကြာရွင္းဖို႔အတြက္ေတာ့ သူမရဲ့ေမာင္ေလးနဲ႔ ညီမေလးတို႔ အိမ္ေထာင္ေရးနဲ႔ပက္သက္ၿပီး တလြဲေတြးကာ အိမ္ေထာင္မျပဳမွာ စိုးရိမ္တဲ့အတြက္ မကြာရွင္းျဖစ္ေသးေၾကာင္း Xu Ting က ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္ အခုသမီးေလးကိစၥကိုေတာ့ ထိထိေရာက္ေရာက္ အေရးယူဖို႔ ေရွ႕ေနနဲ႔ တရားစြဲဆိုသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
ခွေးလှောင်အိမ်ထဲတွင် သနားစရာ ငိုကြွေးနေသည့် အသက် ၂၀ လ အရွယ် သမီးလေး၏ ရုပ်သံ တရုပ်လူမှုကွန်ယက် ဝီဘိုပေါ်ပျံ့နှံ့ခဲ့ပြီးနောက် အွန်လိုင်းသုံးသူများ ဒေါသထွက်ကာ ဝေဖန်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ရဲအဖွဲ့က စုံစမ်းရှာဖွေနေကြောင်း သိရှိရသည်။

ရုပ်သံမှာတော့ ကလေးငယ်လေးကို ခွေးလှောင်အိမ်ထဲ ထည့်ပိတ်ထားတာကြောင့် ကလေးဟာ သနားစဖွယ်ငိုကြွေးနေပါတယ်။ ကလေးရဲ့ ခြေလက်တွေမှာလည်း အညိုအမဲစွဲဒဏ်ရာများ ရှိနေသလို လူတစ်ယောက်က ကလေးရဲ့ မျက်နှာပေါ်တက်နင်းတဲ့ နှိပ်စက်မှုတွေလည်း ပါရှိသဖြင့် ကြည့်ရှုရသူတွေ ဒေါသအိုးပေါက်ကွဲရသည်ထိ ဝေဖန်မှုများ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုအရ အဆိုပါရုပ်သံဟာ ဂွမ်ဒေါင်းစီရင်စုမှာရှိတဲ့ Chaozhou မြို့က နေအိမ်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ကလေးလေးရဲ့ ဖခင်ဖြစ်သူ Xu Qian ဆိုသူက အိမ်ပေါ်က ဆင်းသွားတဲ့သူ့ရဲ့ ဇနီးသည် ပြန်လာစေရန် သမီးလေးကို နှိပ်စက်နေတဲ့ ရုပ်သံကိုရိုက်ကူးပြီး ဇနီးသည်ထံ ပေးပို့ခဲ့တာဖြစ်ပါတယ်။ အဆိပါရုပ်သံဟာ ဧပြီလ ၁၈ ရက်နေ့က ဝီဘိုပေါ်မှာ စတင်ပျံ့နှံ့ခဲ့ပါတယ်။

Xu Qian က ဒီဗီဒီယိုကို သူ့ရဲ့ဇနီးဖြစ်သူ Xu Ting ကို ပေးပို့ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတာကိုတော့ ရဲတွေကို ရှင်းမပြခဲ့ပါဘူး။ Xu Ting ရဲ့ ပြောပြချက်အရ သူ့ယောကျ်ားဟာ မကြာခဏသူမကို ကိုယ်ထိလက်ရောက် နှိပ်စက်တယ်လို့ ဆိုပါတယ်။ သူမကို နှိပ်စက်တိုင်း ရဲတိုင်ခဲ့ပေမယ့် ရဲတွေရောက်လာတဲ့အခါ ယောကျ်ားက အလုပ်တွေကြောင့် စိတ်ဖိစီးမှုများပြီး ဖြစ်တတ်တဲ့အတွက် မိန်းမအနေနဲ့ ခွင့်လွှတ်ဖို့သာ ပြောဆိုစေ့စပ်ပြီး အရေးမယူခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ သူတို့လင်မယား ခွဲနေကြပြီး တရားဝင်ကွာရှင်းဖို့အတွက်တော့ သူမရဲ့မောင်လေးနဲ့ ညီမလေးတို့ အိမ်ထောင်ရေးနဲ့ပက်သက်ပြီး တလွဲတွေးကာ အိမ်ထောင်မပြုမှာ စိုးရိမ်တဲ့အတွက် မကွာရှင်းဖြစ်သေးကြောင်း Xu Ting က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အခုသမီးလေးကိစ္စကိုတော့ ထိထိရောက်ရောက် အရေးယူဖို့ ရှေ့နေနဲ့ တရားစွဲဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top