တခ်ိဳ႕က ဘဝဆိုတာ တိုတိုေလးလို႔ေျပာၾကတယ္
တခ်ိဳ႕ကလဲ ဘဝဆိုတာ အရွည္ၾကီးပါလို႔ယူဆၾကတယ္။

ဒီေန႔ လူတိုင္း တစ္ရက္ျပီးတစ္ရက္ ရင့္က်က္လာမွာပါပဲ
ကိုယ့္ဘဝမွာ ကိုယ့္အေပၚ အႏိုင္ယူတဲ့သူနဲ႔ၾကံဳရင္ၾကံဳရပါလိမ့္မယ္
ကိုယ့္ဘဝမွာ ကိုယ္အခင္ဆံုးသူက သစၥာေဖာက္တာၾကံဳရင္ၾကံဳရပါလိမ့္မယ္
ကိုယ့္အသား ပဲျဖစ္ေစ ၊ ကိုယ္ခံစားခ်က္ကိုျဖစ္ေစ ထိခိုက္ေအာင္လုပ္တဲ့သူနဲ႔ၾကံဳရင္ၾကံဳရပါလိမ့္မယ္။
အဲ့ဒီကိုယ္ၾကံဳရတဲ့ အဲ့ဒီအရာေတြက ဘယ္သူေတြလဲဆိုေတာ့ ကိုယ္စိတ္ခ်တဲ့သူေတြပဲျဖစ္ပါတယ္။

“ငါ့ကုိနာက်င္ေအာင္လုပ္ႏိုင္တာ နင္ေတာ္လို႔မဟုတ္ပါဘူး
ငါကိုယ္တိုင္က ငါ့ကိုနာက်င္ေအာင္လုပ္ႏိုင္ဖို႔ နင့္ကိုအခြင့္အေရးေပးလိုက္တာပါ
အဲ့ဒါေၾကာင့္ ကိုယ့္ကိုကိုယ္ဟုတ္လွျပီလို႔မထင္နဲ႔”

ဟုတ္တယ္မလား ?
ဒီေန႔နန္းကိုယ္တိုင္တင္မကဘူး ။ ဒီစာဖတ္ေနတဲ့သူလဲ ကိုယ္မုန္းခ်င္တဲ့သူရိွမွာပါပဲ
ဒါေပမဲ့ ပင္ပန္းပါတယ္

ဘာျဖစ္လို႔လဲသိလား ?
မ်က္စိမွိတ္ျပီး သင့္အိမ္မွာ ဆင္အနီိေရာင္ေရာက္ေနတာကို မစဥ္းစားနဲ႔လို႔ ကိုယ့္ကိုကိုယ္ေျပာၾကည့္ပါလား ?
ျမင္လား ၊ မျမင္ဘူးလား ?
ပိုျပီးေတာ့ေတာင္ ထင္းထင္းၾကီးျမင္ရတယ္မလား ?

အင္း … လူတစ္ေယာက္ကိုမုန္းတယ္ဆိုတာလဲအဲ့လိုပဲ
မုန္းတယ္ ၊ မုန္းတယ္ ေျပာရင္းနဲ႔ တစ္သက္လံုးကုန္သြားတယ္။ ကိုယ့္ေခါင္းထဲမွာ တန္ဖိုးမရိွတဲ့ သူပဲျပည့္ေနမွာေပါ့
တကယ္မုန္းတယ္ဆိုရင္ သူ႔ထက္ေကာင္းေအာင္ၾကိဳးစားပါ
သူ႔ထက္အဆင္ေျပေအာင္ ေပ်ာ္ရြင္ေအာင္ၾကိဳးစားပါ

သြားျပီးေတာ့လဲ ျပိဳင္စရာမလုိပါဘူး။
သူသူေဌးျဖစ္ေနလို႔ သူ႔ထက္ပိုက္ဆံရိွရမယ္ဆိုတာမဟုတ္ပါဘူး။
သူသူေဌးျဖစ္ေနတယ္။ ဒါေပမဲ့ ကိုယ့္ရဲ႕ပန္းတိုင္က လူအမ်ားစုအက်ိဳးေပးႏို္င္တဲ့သူျဖစ္ခ်င္တယ္ဆိုရင္ ကိုယ့္ရည္မွန္းခ်က္ျဖစ္ေအာင္သာၾကိဳးစားရမွာပါ

“ေျခႏွစ္ေခ်ာင္းမကယ္ေကာင္း” တဲ့ၾကားဖူးမွာေပါ့
ေျခႏွစ္ေခ်ာင္းကယ္လိုက္တာကေလ ဘာနဲ႔တူလဲသိလား?
အဲ့ဒါက ထီထုိးလိုက္သလိုပါပဲ
ေပါက္ရင္ေတာ့ကံေကာင္းတာေပါ့ ၊ သိန္းတစ္ေထာင္ဆုမေပါက္တာေတာင္မွ တစ္သိန္းဆုေပါက္ရင္ေပါက္မွာ
ေနာက္ဆံုးေျပာရရင္ ကိုယ္ထိုးလိုက္တဲ့ထီက လိမ္ခံရတဲ့ထင္ျဖစ္ရင္ေတာ့ ကိုယ္ႏွစ္နာမွာပါ
ဒါေလာက္ပါပဲ

အဲ့ဒါေၾကာင့္ ဘယ္သူ႔ကိုမွ မုန္းဖို႔မၾကိဳးစားပါနဲ႔
ကိုယ့္လမ္းကိုေလွ်ာက္ပါ ။ ျပီးေတာ့ သူငယ္ခ်င္းဆိုတဲ့စကားလံုးကို တန္ဖိုးေလ်ာ့က်ေအာင္လုပ္တဲ့သူတစ္ခ်ိဳ႕ကုိလဲ သတိထားပါ။
အဲ့ဒီလူေတြက သူငယ္ခ်င္းမဟုတ္ပါဘူး ။ သိုးေရျခံဳထားတဲ့ ဝံပုေလြေတြပါ။
ဒီေန႔ေရးတဲ့စာက Negative ပိုင္းပါရင္ပါႏိုင္ပါမယ္။

ေနာက္ဆံုးေနာက္တခြန္းေျပာပါရေစ
ဘယ္သူ႔ကိုမွ မုန္းဖို႔မၾကိဳးစားပါနဲ႔ ။
တကယ္မတန္လို႔ပါ
သာယာေသာေန႔ေလးျဖစ္ပါေစ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


တချို့က ဘဝဆိုတာ တိုတိုလေးလို့ပြောကြတယ်
တချို့ကလဲ ဘဝဆိုတာ အရှည်ကြီးပါလို့ယူဆကြတယ်။

ဒီနေ့ လူတိုင်း တစ်ရက်ပြီးတစ်ရက် ရင့်ကျက်လာမှာပါပဲ
ကိုယ့်ဘဝမှာ ကိုယ့်အပေါ် အနိုင်ယူတဲ့သူနဲ့ကြုံရင်ကြုံရပါလိမ့်မယ်
ကိုယ့်ဘဝမှာ ကိုယ်အခင်ဆုံးသူက သစ္စာဖောက်တာကြုံရင်ကြုံရပါလိမ့်မယ်
ကိုယ့်အသား ပဲဖြစ်စေ ၊ ကိုယ်ခံစားချက်ကိုဖြစ်စေ ထိခိုက်အောင်လုပ်တဲ့သူနဲ့ကြုံရင်ကြုံရပါလိမ့်မယ်။
အဲ့ဒီကိုယ်ကြုံရတဲ့ အဲ့ဒီအရာတွေက ဘယ်သူတွေလဲဆိုတော့ ကိုယ်စိတ်ချတဲ့သူတွေပဲဖြစ်ပါတယ်။

“ငါ့ကိုနာကျင်အောင်လုပ်နိုင်တာ နင်တော်လို့မဟုတ်ပါဘူး
ငါကိုယ်တိုင်က ငါ့ကိုနာကျင်အောင်လုပ်နိုင်ဖို့ နင့်ကိုအခွင့်အရေးပေးလိုက်တာပါ
အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ်ဟုတ်လှပြီလို့မထင်နဲ့”

ဟုတ်တယ်မလား ?
ဒီနေ့နန်းကိုယ်တိုင်တင်မကဘူး ။ ဒီစာဖတ်နေတဲ့သူလဲ ကိုယ်မုန်းချင်တဲ့သူရှိမှာပါပဲ
ဒါပေမဲ့ ပင်ပန်းပါတယ်

ဘာဖြစ်လို့လဲသိလား ?
မျက်စိမှိတ်ပြီး သင့်အိမ်မှာ ဆင်အနီရောင်ရောက်နေတာကို မစဉ်းစားနဲ့လို့ ကိုယ့်ကိုကိုယ်ပြောကြည့်ပါလား ?
မြင်လား ၊ မမြင်ဘူးလား ?
ပိုပြီးတော့တောင် ထင်းထင်းကြီးမြင်ရတယ်မလား ?

အင်း … လူတစ်ယောက်ကိုမုန်းတယ်ဆိုတာလဲအဲ့လိုပဲ
မုန်းတယ် ၊ မုန်းတယ် ပြောရင်းနဲ့ တစ်သက်လုံးကုန်သွားတယ်။ ကိုယ့်ခေါင်းထဲမှာ တန်ဖိုးမရှိတဲ့ သူပဲပြည့်နေမှာပေါ့
တကယ်မုန်းတယ်ဆိုရင် သူ့ထက်ကောင်းအောင်ကြိုးစားပါ
သူ့ထက်အဆင်ပြေအောင် ပျော်ရွင်အောင်ကြိုးစားပါ

သွားပြီးတော့လဲ ပြိုင်စရာမလိုပါဘူး။
သူသူဌေးဖြစ်နေလို့ သူ့ထက်ပိုက်ဆံရှိရမယ်ဆိုတာမဟုတ်ပါဘူး။
သူသူဌေးဖြစ်နေတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ပန်းတိုင်က လူအများစုအကျိုးပေးနိုင်တဲ့သူဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရည်မှန်းချက်ဖြစ်အောင်သာကြိုးစားရမှာပါ

“ခြေနှစ်ချောင်းမကယ်ကောင်း” တဲ့ကြားဖူးမှာပေါ့
ခြေနှစ်ချောင်းကယ်လိုက်တာကလေ ဘာနဲ့တူလဲသိလား?
အဲ့ဒါက ထီထိုးလိုက်သလိုပါပဲ
ပေါက်ရင်တော့ကံကောင်းတာပေါ့ ၊ သိန်းတစ်ထောင်ဆုမပေါက်တာတောင်မှ တစ်သိန်းဆုပေါက်ရင်ပေါက်မှာ
နောက်ဆုံးပြောရရင် ကိုယ်ထိုးလိုက်တဲ့ထီက လိမ်ခံရတဲ့ထင်ဖြစ်ရင်တော့ ကိုယ်နှစ်နာမှာပါ
ဒါလောက်ပါပဲ

အဲ့ဒါကြောင့် ဘယ်သူ့ကိုမှ မုန်းဖို့မကြိုးစားပါနဲ့
ကိုယ့်လမ်းကိုလျှောက်ပါ ။ ပြီးတော့ သူငယ်ချင်းဆိုတဲ့စကားလုံးကို တန်ဖိုးလျော့ကျအောင်လုပ်တဲ့သူတစ်ချို့ကိုလဲ သတိထားပါ။
အဲ့ဒီလူတွေက သူငယ်ချင်းမဟုတ်ပါဘူး ။ သိုးရေခြုံထားတဲ့ ဝံပုလွေတွေပါ။
ဒီနေ့ရေးတဲ့စာက Negative ပိုင်းပါရင်ပါနိုင်ပါမယ်။

နောက်ဆုံးနောက်တခွန်းပြောပါရစေ
ဘယ်သူ့ကိုမှ မုန်းဖို့မကြိုးစားပါနဲ့ ။
တကယ်မတန်လို့ပါ
သာယာသောနေ့လေးဖြစ်ပါစေ

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top