ေ႐ႊတိဂုံေစတီေတာ္၏ စိန္ဖူးေတာ္တြင္ စိန္မ်ား ကြာက်ျခင္း၊ ငွက္ျမတ္နားေတာ္တြင္ ေ႐ႊႏွင့္ ရတနာပစၥည္းမ်ား ကြာက်ျခင္း မ်ားရွိကာ ေ႐ႊထီးေတာ္ႀကံ့ခိုင္မႈလုပ္ငန္း လုပ္ကိုင္ရန္ လိုအပ္ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီး ဌာနက ဧၿပီ ၁ ရက္တြင္ သတင္းထုတ္ျပန္သည္။

သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ကြၽမ္းက်င္ပညာရွင္မ်ား၊ ေဂါပကအဖြဲ႕ဝင္မ်ား၊ လုံၿခဳံေရး အဖြဲ႕ဝင္မ်ားသည္ မတ္ ၁၀ ရက္တြင္ လည္းေကာင္း၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေဆာင္ေသာ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး ႏွင့္ သိဂုတၤၱရကုန္းေျမႀကံ့ခိုင္ေရး စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ေလ့လာေရး ေကာ္မတီဝင္မ်ား က မတ္ ၂၄ ရက္တြင္ လည္းေကာင္း၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေဆာင္ေသာ ထီးေတာ္ ႀကံ့ခိုင္ေရး ေကာ္မတီဝင္မ်ားက မတ္ ၉ ရက္တြင္ လည္းေကာင္း တက္ေရာက္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထိုသို႔စစ္ေဆးရာ၌ စိန္ဖူးေတာ္တြင္ စိန္မ်ား ကြာက်ေနျခင္း၊ ငွက္ျမတ္နားေတာ္တြင္ ေ႐ႊထည္ႏွင့္ ရတနာပစၥည္းမ်ား ကြာက် ေနျခင္း ႏွင့္ ေရာင္ေတာ္ဖြင့္ရန္ လိုအပ္ျခင္း၊ ေ႐ႊစင္ေ႐ႊျပားမ်ား ကြာေနျခင္း၊ ေ႐ႊထီးေတာ္ႀကံ့ခိုင္မႈ (Structure) လုပ္ငန္း လုပ္ကိုင္ရန္ လိုအပ္ျခင္း၊ ေ႐ႊထီးေတာ္ ဘုံအဆင့္ဆင့္ရွိ ကြာက်ေနေသာ ေ႐ႊထည္ႏွင့္ ေ႐ႊထည္ပစၥည္းမ်ား ျပန္လည္ တပ္ဆင္ျခင္းႏွင့္ ေရာင္ေတာ္ဖြင့္ရန္ လိုအပ္ျခင္း၊ Water Proffing သုတ္ရန္ လိုအပ္ျခင္း၊ ဆက္သြားဖူးႏွင့္ ပန္းလည္တိုင္ (မ႑ိဳင္) ဆက္သြယ္ထားေသာ အပိုင္းတြင္ အထိန္းတစ္ေနရာသာ ရွိ၍ အထိန္းတစ္ခု ထပ္မံတပ္ဆင္ရန္ လိုအပ္ျခင္းမ်ား ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

စိန္ဖူးေတာ္မွ ကြာက်ေနေသာ ေနရာမ်ားတြင္ ေစပိုင္ကုမၸဏီမွ အရည္အေသြးျပည့္ဝေသာ စိန္ ၃၈ လုံး ကပ္လႉပူေဇာ္၍ ခိုင္ခန႔္ေအာင္ ျပဳလုပ္လႉဒါန္းခဲ့ၿပီး  ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး၏ စိန္ဖူးေတာ္တြင္ ကြာက်ေနေသာ ေနရာမ်ားအား စိန္မ်ားႏွင့္ ခိုင္ခန႔္ေအာင္ ကပ္လႉထားမႈ အေျခအေနမ်ားကို ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္မွ မတ္ ၂၈ ရက္တြင္ တက္ေရာက္ဖူးေျမာ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္သည္ မတ္ ၃၀ ရက္တြင္ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး၏ စိန္ဖူးေတာ္ကို တက္ေရာက္ ဖူးေျမႇာ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မတ္ ၃၁ ရက္တြင္ စိန္ဖူးေတာ္ထိ တပ္ဆင္ထားေသာ ျငမ္းကိုျဖဳတ္၍ ငွက္ျမတ္နားေတာ္အထိသာ ျငမ္းဆင္ ထားရွိၿပီး ေဆာင္႐ြက္ရန္ က်န္ရွိေသာ လုပ္ငန္းမ်ားအား ဆက္လက္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း  သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven Media Grouup

#Unicode Version# ျဖင့္ဖတ္ပါ ။

ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်တွင် စိန်များ ကွာကျခြင်း၊ ငှက်မြတ်နားတော်တွင် ရွှေနှင့် ရတနာပစ္စည်းများ ကွာကျခြင်း များရှိကာ ရွှေထီးတော်ကြံ့ခိုင်မှုလုပ်ငန်း လုပ်ကိုင်ရန် လိုအပ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနက ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျွမ်းကျင်ပညာရှင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ လုံခြုံရေး အဖွဲ့ဝင်များသည် မတ် ၁၀ ရက်တွင် လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ရွှေတိဂုံစေတီတော်မြတ်ကြီး နှင့် သိဂုင်္တ္တရကုန်းမြေကြံ့ခိုင်ရေး စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရေး ကော်မတီဝင်များ က မတ် ၂၄ ရက်တွင် လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ထီးတော် ကြံ့ခိုင်ရေး ကော်မတီဝင်များက မတ် ၉ ရက်တွင် လည်းကောင်း တက်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ၌ စိန်ဖူးတော်တွင် စိန်များ ကွာကျနေခြင်း၊ ငှက်မြတ်နားတော်တွင် ရွှေထည်နှင့် ရတနာပစ္စည်းများ ကွာကျ နေခြင်း နှင့် ရောင်တော်ဖွင့်ရန် လိုအပ်ခြင်း၊ ရွှေစင်ရွှေပြားများ ကွာနေခြင်း၊ ရွှေထီးတော်ကြံ့ခိုင်မှု (Structure) လုပ်ငန်း လုပ်ကိုင်ရန် လိုအပ်ခြင်း၊ ရွှေထီးတော် ဘုံအဆင့်ဆင့်ရှိ ကွာကျနေသော ရွှေထည်နှင့် ရွှေထည်ပစ္စည်းများ ပြန်လည် တပ်ဆင်ခြင်းနှင့် ရောင်တော်ဖွင့်ရန် လိုအပ်ခြင်း၊ Water Proffing သုတ်ရန် လိုအပ်ခြင်း၊ ဆက်သွားဖူးနှင့် ပန်းလည်တိုင် (မဏ္ဍိုင်) ဆက်သွယ်ထားသော အပိုင်းတွင် အထိန်းတစ်နေရာသာ ရှိ၍ အထိန်းတစ်ခု ထပ်မံတပ်ဆင်ရန် လိုအပ်ခြင်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။

စိန်ဖူးတော်မှ ကွာကျနေသော နေရာများတွင် စေပိုင်ကုမ္ပဏီမှ အရည်အသွေးပြည့်ဝသော စိန် ၃၈ လုံး ကပ်လှူပူဇော်၍ ခိုင်ခန့်အောင် ပြုလုပ်လှူဒါန်းခဲ့ပြီး  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်တွင် ကွာကျနေသော နေရာများအား စိန်များနှင့် ခိုင်ခန့်အောင် ကပ်လှူထားမှု အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မတ် ၂၈ ရက်တွင် တက်ရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မတ် ၃၀ ရက်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်ကို တက်ရောက် ဖူးမြှော်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မတ် ၃၁ ရက်တွင် စိန်ဖူးတော်ထိ တပ်ဆင်ထားသော ငြမ်းကိုဖြုတ်၍ ငှက်မြတ်နားတော်အထိသာ ငြမ်းဆင် ထားရှိပြီး ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven Media Grouup
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top