ဒူးဒဏ္ရာေၾကာင့္ ကစားသမားဘဝက အနားယူခဲ့တဲ့ ျမန္မာ့လက္ေ႐ြးစင္ကစားသမားေဟာင္း ေက်ာ္မင္းဦးရဲ႕ဒူးဒဏ္ရာကို ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးေဇာ္ေဇာ္က စရိတ္အကုန္အက်ခံကုသေပးမယ္လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔နီးစပ္တဲ့အသိုင္းအဝန္းက ေျပာခြင့္ရွိသူတစ္ဦးက Duwun Sports ကို အတည္ျပဳေျပာၾကားပါတယ္။

ဒူးဒဏ္ရာေၾကာင့္ အနားယူေနရၿပီးေနာက္မွာ ေဆးဝါးကုသမႈခံယူျခင္းမရွိေတာ့ပဲ ေဘာလုံးေလာကကို စြန႔္ခြာခဲ့တဲ့ လက္ေ႐ြးစင္ေဟာင္း ေက်ာ္မင္းဦးအတြက္ ျမန္မာေဘာလုံးပရိသတ္ေတြအားလုံး စိတ္မေကာင္းျဖစ္ခဲ့ၾကပါတယ္။ ေက်ာ္မင္းဦးရဲ႕သတင္းေၾကာင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ဦးေဇာ္ေဇာ္က ဧၿပီ ၁ရက္က၊ ရန္ကုန္ၿမိဳ႕၊ ႏိုဗိုတယ္ဟိုတယ္မွာ ေက်ာ္မင္းဦးရဲ႕မိသားစုနဲ႔ေတြ႕ဆုံေဆြးေႏြးၿပီး ေဆးဝါးကုသမႈကုန္က်စရိတ္ကိုက်ခံေပးမယ္လို႔သိရပါတယ္။ ေက်ာ္မင္းဦးရဲ႕ဒဏ္ရာေဆးဝါးကုသမႈမွတ္တမ္းကို ဂ်ပန္ႏိုင္ငံကို ပို႔ေဆာင္စစ္ေဆးၿပီးေနာက္မွာ အေျခအေနေကာင္းမြန္တဲ့အတြက္ ထိုင္းႏိုင္ငံမွာ ကုသမႈခံယူဖို႔ ဦးေဇာ္ေဇာ္က စီစဥ္ေပးခဲ့တာပါ။

ေဆးကုသမႈမခံယူမီနဲ႔ ခံယူေနစဥ္ကာလအတြင္းမွာလည္း ေက်ာ္မင္းဦးရဲ႕ေနထိုင္စရိတ္၊ ေဆးကုသစရိတ္အားလုံးအျပင္ တစ္လ က်ပ္ ၁၀သိန္းကိုလည္း ဦးေဇာ္ေဇာ္က စရိတ္ေထာက္ပံ့ေပးမယ္လို႔လည္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔နီးစပ္တဲ့ အသိုင္းအဝန္းကေျပာခြင့္ရွိသူတစ္ဦးက Duwun Sports ကို အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ေက်ာ္မင္းဦးရဲ႕ဒူးဒဏ္ရာအေျခအေနဟာ စနစ္တက်ျပန္လည္ကုသမယ္ဆိုရင္ ေကာင္းမြန္လာႏိုင္ၿပီး ပေရာ္ဖက္ရွင္ကစားသမားအျဖစ္ ျပန္လည္ ကစားႏိုင္မွာျဖစ္ပါတယ္။

ေက်ာ္မင္းဦးလိုပဲ ဒူးဒဏ္ရာရရွိခဲ့တဲ့ ျမန္မာ့လက္ေ႐ြးင္ကြင္းလယ္ကစားသမား ၿငိမ္းခ်မ္းေအာင္ကိုလည္း ဦးေဇာ္ေဇာ္က စရိတ္စိုက္ထုတ္ကုသေပးခဲ့ဖူးၿပီး က်ပ္သိန္း ၂၅၀၀ေလာက္ကုန္က်ခဲ့တယ္လို႔သိရပါတယ္။ ေက်ာ္မင္းဦးဟာ လက္ရွိအခ်ိန္မွာ အသင္းလက္မဲ့ျဖစ္ေနၿပီး ဒဏ္ရာျပန္လည္သက္သာလာခဲ့ရင္ ရတနာပုံအသင္းကေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Duwun

#Unicode Version#
ဒူးဒဏ်ရာကြောင့် ကစားသမားဘဝက အနားယူခဲ့တဲ့ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကျော်မင်းဦးရဲ့ဒူးဒဏ်ရာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က စရိတ်အကုန်အကျခံကုသပေးမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့နီးစပ်တဲ့အသိုင်းအဝန်းက ပြောခွင့်ရှိသူတစ်ဦးက Duwun Sports ကို အတည်ပြုပြောကြားပါတယ်။

ဒူးဒဏ်ရာကြောင့် အနားယူနေရပြီးနောက်မှာ ဆေးဝါးကုသမှုခံယူခြင်းမရှိတော့ပဲ ဘောလုံးလောကကို စွန့်ခွာခဲ့တဲ့ လက်ရွေးစင်ဟောင်း ကျော်မင်းဦးအတွက် မြန်မာဘောလုံးပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ကျော်မင်းဦးရဲ့သတင်းကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ဧပြီ ၁ရက်က၊ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ကျော်မင်းဦးရဲ့မိသားစုနဲ့တွေ့ဆုံဆွေးနွေးပြီး ဆေးဝါးကုသမှုကုန်ကျစရိတ်ကိုကျခံပေးမယ်လို့သိရပါတယ်။ ကျော်မင်းဦးရဲ့ဒဏ်ရာဆေးဝါးကုသမှုမှတ်တမ်းကို ဂျပန်နိုင်ငံကို ပို့ဆောင်စစ်ဆေးပြီးနောက်မှာ အခြေအနေကောင်းမွန်တဲ့အတွက် ထိုင်းနိုင်ငံမှာ ကုသမှုခံယူဖို့ ဦးဇော်ဇော်က စီစဉ်ပေးခဲ့တာပါ။

ဆေးကုသမှုမခံယူမီနဲ့ ခံယူနေစဉ်ကာလအတွင်းမှာလည်း ကျော်မင်းဦးရဲ့နေထိုင်စရိတ်၊ ဆေးကုသစရိတ်အားလုံးအပြင် တစ်လ ကျပ် ၁၀သိန်းကိုလည်း ဦးဇော်ဇော်က စရိတ်ထောက်ပံ့ပေးမယ်လို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့နီးစပ်တဲ့ အသိုင်းအဝန်းကပြောခွင့်ရှိသူတစ်ဦးက Duwun Sports ကို အတည်ပြုပြောကြားခဲ့ပါတယ်။ ကျော်မင်းဦးရဲ့ဒူးဒဏ်ရာအခြေအနေဟာ စနစ်တကျပြန်လည်ကုသမယ်ဆိုရင် ကောင်းမွန်လာနိုင်ပြီး ပရော်ဖက်ရှင်ကစားသမားအဖြစ် ပြန်လည် ကစားနိုင်မှာဖြစ်ပါတယ်။

ကျော်မင်းဦးလိုပဲ ဒူးဒဏ်ရာရရှိခဲ့တဲ့ မြန်မာ့လက်ရွေးင်ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်ကိုလည်း ဦးဇော်ဇော်က စရိတ်စိုက်ထုတ်ကုသပေးခဲ့ဖူးပြီး ကျပ်သိန်း ၂၅၀၀လောက်ကုန်ကျခဲ့တယ်လို့သိရပါတယ်။ ကျော်မင်းဦးဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပြီး ဒဏ်ရာပြန်လည်သက်သာလာခဲ့ရင် ရတနာပုံအသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top