အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါ ျပည္နယ္တြင္ လူကိုးဦးကိုသတ္ရန္ႀကံစည္ မႈျဖင့္ ဆယ္ေက်ာ္သက္ မိန္းကေလးႏွစ္ဦးကို တရားစြဲဆိုလိုက္သည္ဟု အေမရိကန္ မီဒီယာမ်ားက ေရးသားေၾကာင္း BBC သတင္းတြင္ ေဖာ္ျပထားသည္။

လူသတ္ရန္ အေသးစိတ္ ေရးဆြဲထားေသာ အစီအစဥ္ဖိုင္မ်ားကို ဆရာက ေတြ႔ရွိသြားၿပီးေနာက္ ေအဗြန္ပတ္ အလယ္တန္းေက်ာင္းမွ အသက္ ၁၄ ႏွစ္အ႐ြယ္ ေက်ာင္းသူႏွစ္ဦးကို ဗုဒၶဟူးေန႔က ဖမ္းဆီးလိုက္ျခင္းျဖစ္သည္။

စာမ်က္ႏွာရွစ္မ်က္ႏွာရွိေသာဖိုင္တြင္ ေသနတ္ရွာေဖြရန္၊ လႈပ္ရွားရန္ႏွင့္ အေလာင္းမ်ား စြန္႔ပစ္ရန္ အစီအစဥ္မ်ားကို ေရးဆြဲထားသည္။

၎တို႔ႏွစ္ဦးသည္ အခ်ဳပ္ထဲတြင္ ထိန္းသိမ္းခံေနရၿပီး ႐ံုးထုတ္စစ္ေဆးမႈကို ေစာင့္ဆိုင္းေနၾကသည္။

ေက်ာင္းသူႏွစ္ဦးစလံုးသည္ လူသတ္ရန္ႀကံစည္မႈ ကိုးမႈ၊ ျပန္ေပးဆြဲရန္ ႀကံစည္မႈ သံုးမႈတို႔ျဖင့္ တရားစြဲဆိုျခင္းကို ရင္ဆိုင္ၾကရမည္ျဖစ္သည္။

ဆရာသည္ အစီအစဥ္ဖိုင္ကို ဖတ္ၾကည့္ေနစဥ္ မိန္းကေလးႏွစ္ဦး၏ ကေယာင္ေခ်ာက္ခ်ား အျပဳအမူမ်ားကို သတိျပဳမိခဲ့ၿပီး “သူတို႔ ဒါကိုေတြ႔သြားရင္ ေနာက္ေျပာင္ က်ီစယ္ဖို႔ လုပ္တာပါလို႔ ေျပာလိုက္မယ္”ဟု ေျပာဆိုေနျခင္းကိုလည္း အမွတ္မထင္ၾကားခဲ့ရသည္ဟု သိရွိရသည္။

“ပုဂၢိဳလ္ေရး အခ်က္အလက္၊ ဖြင့္မၾကည့္ရ၊ ပေရာဂ်က္ အီလဲဗင္းႏိုင္း” စသည္ျဖင့္ ေခါင္းစဥ္တပ္ထားေသာဖိုင္ကို ဆရာျဖစ္သူက ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။

ဖိုင္ထဲတြင္ သတ္ျဖတ္မည့္ အမည္စာရင္းႏွင့္ သတ္မည့္အစီအစဥ္မ်ားကို အေသးစိတ္ေရးဆြဲထားသည္။

အေထာက္အထားဖိုင္တြင္ ေသနတ္ရွာေဖြေရး၊ သက္ေသျဖစ္ေစႏိုင္သည့္ အေထာက္အထားမ်ား မီး႐ိႈ႕ဖ်က္ဆီးေရးႏွင့္ အေလာင္းမ်ားျမႇဳပ္ႏွံေရး ကိစၥမ်ားကို အစီအစဥ္ေရးဆြဲထားသည္။

အစီအစဥ္ဖိုင္ထဲတြင္ ပေရာဂ်က္အတြင္း ဝတ္ဆင္မည့္ အဝတ္အစားမ်ားကိုလည္း ေဆြးေႏြးထားၾကၿပီး “လက္သည္းမ်ား မေပၚေစရ၊ ဝတ္စံုဝတ္ၿပီးသည့္ အခ်ိန္မွစ၍ ဆံပင္မေပၚေစရ” စသည္ျဖင့္ မွတ္ခ်က္မ်ား ေရးထားသည္ကို ေတြ႔ရွိရသည္။

ဟိုင္းလန္းေကာင္တီရဲဌာန ေျပာေရးဆိုခြင့္ရွိသူ စေကာ့ဒရက္ဆယ္က “ဒီလိုမ်ိဳး ေနာက္ေျပာင္တယ္ဆိုတာ ဘယ္မွာမွ မရွိပါဘူး။ လူသတ္မယ့္ကိစၥကို ဘယ္သူကမွ ေနာက္ေျပာင္က်ီစယ္တာမ်ိဳး မလုပ္ပါဘူး”ဟု ေျပာၾကားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar
#Unicode Version#
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်တွင် လူကိုးဦးကိုသတ်ရန်ကြံစည် မှုဖြင့် ဆယ်ကျော်သက် မိန်းကလေးနှစ်ဦးကို တရားစွဲဆိုလိုက်သည်ဟု အမေရိကန် မီဒီယာများက ရေးသားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လူသတ်ရန် အသေးစိတ် ရေးဆွဲထားသော အစီအစဉ်ဖိုင်များကို ဆရာက တွေ့ရှိသွားပြီးနောက် အေဗွန်ပတ် အလယ်တန်းကျောင်းမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူနှစ်ဦးကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
စာမျက်နှာရှစ်မျက်နှာရှိသောဖိုင်တွင် သေနတ်ရှာဖွေရန်၊ လှုပ်ရှားရန်နှင့် အလောင်းများ စွန့်ပစ်ရန် အစီအစဉ်များကို ရေးဆွဲထားသည်။

၎င်းတို့နှစ်ဦးသည် အချုပ်ထဲတွင် ထိန်းသိမ်းခံနေရပြီး ရုံးထုတ်စစ်ဆေးမှုကို စောင့်ဆိုင်းနေကြသည်။

ကျောင်းသူနှစ်ဦးစလုံးသည် လူသတ်ရန်ကြံစည်မှု ကိုးမှု၊ ပြန်ပေးဆွဲရန် ကြံစည်မှု သုံးမှုတို့ဖြင့် တရားစွဲဆိုခြင်းကို ရင်ဆိုင်ကြရမည်ဖြစ်သည်။

ဆရာသည် အစီအစဉ်ဖိုင်ကို ဖတ်ကြည့်နေစဉ် မိန်းကလေးနှစ်ဦး၏ ကယောင်ချောက်ချား အပြုအမူများကို သတိပြုမိခဲ့ပြီး “သူတို့ ဒါကိုတွေ့သွားရင် နောက်ပြောင် ကျီစယ်ဖို့ လုပ်တာပါလို့ ပြောလိုက်မယ်”ဟု ပြောဆိုနေခြင်းကိုလည်း အမှတ်မထင်ကြားခဲ့ရသည်ဟု သိရှိရသည်။

“ပုဂ္ဂိုလ်ရေး အချက်အလက်၊ ဖွင့်မကြည့်ရ၊ ပရောဂျက် အီလဲဗင်းနိုင်း” စသည်ဖြင့် ခေါင်းစဉ်တပ်ထားသောဖိုင်ကို ဆရာဖြစ်သူက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဖိုင်ထဲတွင် သတ်ဖြတ်မည့် အမည်စာရင်းနှင့် သတ်မည့်အစီအစဉ်များကို အသေးစိတ်ရေးဆွဲထားသည်။

အထောက်အထားဖိုင်တွင် သေနတ်ရှာဖွေရေး၊ သက်သေဖြစ်စေနိုင်သည့် အထောက်အထားများ မီးရှို့ဖျက်ဆီးရေးနှင့် အလောင်းများမြှုပ်နှံရေး ကိစ္စများကို အစီအစဉ်ရေးဆွဲထားသည်။

အစီအစဉ်ဖိုင်ထဲတွင် ပရောဂျက်အတွင်း ဝတ်ဆင်မည့် အဝတ်အစားများကိုလည်း ဆွေးနွေးထားကြပြီး “လက်သည်းများ မပေါ်စေရ၊ ဝတ်စုံဝတ်ပြီးသည့် အချိန်မှစ၍ ဆံပင်မပေါ်စေရ” စသည်ဖြင့် မှတ်ချက်များ ရေးထားသည်ကို တွေ့ရှိရသည်။

ဟိုင်းလန်းကောင်တီရဲဌာန ပြောရေးဆိုခွင့်ရှိသူ စကော့ဒရက်ဆယ်က “ဒီလိုမျိုး နောက်ပြောင်တယ်ဆိုတာ ဘယ်မှာမှ မရှိပါဘူး။ လူသတ်မယ့်ကိစ္စကို ဘယ်သူကမှ နောက်ပြောင်ကျီစယ်တာမျိုး မလုပ်ပါဘူး”ဟု ပြောကြားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top