ပဲခူးတိုင္​း​ေဒသႀကီး သာယာဝတီခ႐ိုင္​ ႀကိဳ႕ပင္​​ေကာက္​ၿမိဳ႕နယ္​ ​ေအာင္​ပင္​သာအုပ္​စု သခြပ္​ကုန္​းရြာအနီး ရန္​ကုန္​ -ျပည္​ ကားလမ္​းတြင္​ ဧၿပီ ၂ ရက္​ ​ည ၇ နာရီ ခန္​႔၌ ႀကိဳ႕ပင္​​ေကာက္​ ၿမိဳ႕သို႔ ​ေမာင္​းႏွင္​လာ​ေသာ ခဲ​ေရာင္​ CALDINA /YGN GG -9899 ကားမွ ယာဥ္​​ေမာင္​း အသက္​ ၃၀ ႏွစ္​႐ွိ ကို​ေက်ာ္​စည္​သူ​ေအာင္​အား ႐ိုက္​ႏွက္​၍ ကား​ေပၚပါ ​ေငြက်ပ္​ သိန္​း​ေလးရာ​ေက်ာ္​ (၄၀၄သိန္​း) အား လုယက္​သြား​ေၾကာင္​း ႀကိဳ႕ပင္​ ​ေကာက္​ၿမိဳ႕မရဲစခန္​းမွ ရဲမွတ္​တမ္​းအရသိရသည္​။

ျပည္​ၿမိဳ႕ ထမ​ေကာက္​အုပ္​စု တီတြတ္​စံျပရြာတြင္​​ ေနထိုင္​​သည့္ ​ေငြလႊဲ လုပ္​ငန္​းလုပ္​ကိုင္​သူ ကို​ေက်ာ္​စည္​သူ​ေအာင္​သည္ ျပည္​ၿမိဳမွ တစ္​ဦးတည္​း ကားျဖင္​့ နတၱလင္​းၿမိဳ႕၊ ႀကိဳ႕ပင္​ ​ေကာက္​ၿမိဳ႕သို႔ ထြက္​လာခဲ့ၿပီး နတၱလင္​းၿမိဳ႕ CBဘဏ္​ ၌ ​ေငြက်ပ္ ​(၂၀၂)သိန္​းက်ပ္​အား သြင္​းခဲ့သည္​။

ယင္​း​ေနာက္​ ႀကိဳ႕ပင္​ ​ေကာက္​ၿမိဳ႕သို႔ဆက္​လက္​​ေမာင္​း ႏွင္​ခဲ့ရာ သခြပ္​ကုန္​းရြာ အနီးတြင္​ ကားဘီး​ေပါက္​သံ ၾကားသျဖင္​့ ဆင္​းၾကည္​့ခဲ့​ေၾကာင္​း ကား​ေ႐ွ႕ဘီးတြင္​ သံႏွစ္​​ေခ်ာင္​း စူးဝင္​​ေနသည္​ကို ​ေတြ႔ရၿပီး ၎​ေနာက္​မွ ​ေျခသံၾကားသျဖင္​့ လွည္​့ၾကည္​့ရာ အမည္​မသိ အမ်ိဳးသား ႏွစ္​ဦးအား​ေတြ႔ရၿပီး ၎၏ဦး​ေခါင့္​းအား ႐ိုက္​လိုက္​ရာ မူး​ေဝ လဲက်သြားစဥ္​ ကားမွန္​အား႐ိုက္​ခြဲ၍ ကားထဲမွ က​ေမၻာဇဘဏ္​ တံဆိပ္​ပါ လက္​စြဲအိတ္​မ်ားျဖင္​့ထည္​့ထား​ေသာ ​ေငြ (၄၀၄)သိန္​းက်ပ္​အား ယူ​ေဆာင္​ကာ Smash အမ်ိုး အစားနက္​ျပာ​ေရာင္​ ဆိုင္​ကယ္​ ျဖင္​့ ႀကိဳ႕ပင္​​ေကာက္​ ၿမိဳ႕ ဘက္​သို႔​ေမာင္​းႏွင္​းသြား သည္​ကိုျမင္​ရ​ေၾကာင္​း ႐ိုက္​ႏွက္​​ေငြလုခံရသူ ကို​ေက်ာ္​စည္​သူ​ေအာင္​ မွ ႐ွင္​းျပသည္​။

လုယက္​ခံရမႈႏွင္​့ ပတ္​သက္​၍ ႀကိဳ႕ပင္​ ​ေကာက္​ၿမိဳ႕ မရဲစခန္​း၌လုယူသြားသူ (၂)ဦးအား စံုစမ္​း​ေဖာ္​ထုတ္​ အ​ေရးယူ ​ေပးပါရန္​ တိုင္​ၾကားသျဖင္​့ (ပ)၁၇၃/၁၉ ရာဇသတ္​ႀကီးပုဒ္​မ -၃၉၄ ျဖင္​့ အမႈဖြင္​့ထား​ျပီး ကို​ေက်ာ္​စည္​သူ​ေအာင္​အား ႀကိဳ႕ပင္​ ​ေကာက္​ ၿမိဳ႕နယ္​ ျပည္​သူ႔​ေဆးရံု သို႔ပို႔​ေဆာင္​ထား​ေၾကာင္​း ႏွင္​့ ရဲလုပ္​ထံုးလုပ္​နည္​းမ်ားႏွင္​့အညီ ​ေဆာင္​ရြက္​​ေန​ေၾကာင္​း ႀကိဳ႕ပင္​ ​ေကာက္​ၿမိဳ႕မရဲစခန္​းမွ ဒုရဲမႉးခင္​​ေမာင္​ၾကည္​ထံမွ သိ႐ွိရသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:​ေဝဇင္​ၾကည္

#Unicode Version# ျဖင့္ဖတ္ပါ ။

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အောင်ပင်သာအုပ်စု သခွပ်ကုန်းရွာအနီး ရန်ကုန် -ပြည် ကားလမ်းတွင် ဧပြီ ၂ ရက် ည ၇ နာရီ ခန့်၌ ကြို့ပင်ကောက် မြို့သို့ မောင်းနှင်လာသော ခဲရောင် CALDINA /YGN GG -9899 ကားမှ ယာဉ်မောင်း အသက် ၃၀ နှစ်ရှိ ကိုကျော်စည်သူအောင်အား ရိုက်နှက်၍ ကားပေါ်ပါ ငွေကျပ် သိန်းလေးရာကျော် (၄၀၄သိန်း) အား လုယက်သွားကြောင်း ကြို့ပင် ကောက်မြို့မရဲစခန်းမှ ရဲမှတ်တမ်းအရသိရသည်။

ပြည်မြို့ ထမကောက်အုပ်စု တီတွတ်စံပြရွာတွင် နေထိုင်သည့် ငွေလွှဲ လုပ်ငန်းလုပ်ကိုင်သူ ကိုကျော်စည်သူအောင်သည် ပြည်မြိုမှ တစ်ဦးတည်း ကားဖြင့် နတ္တလင်းမြို့၊ ကြို့ပင် ကောက်မြို့သို့ ထွက်လာခဲ့ပြီး နတ္တလင်းမြို့ CBဘဏ် ၌ ငွေကျပ် (၂၀၂)သိန်းကျပ်အား သွင်းခဲ့သည်။

ယင်းနောက် ကြို့ပင် ကောက်မြို့သို့ဆက်လက်မောင်း နှင်ခဲ့ရာ သခွပ်ကုန်းရွာ အနီးတွင် ကားဘီးပေါက်သံ ကြားသဖြင့် ဆင်းကြည့်ခဲ့ကြောင်း ကားရှေ့ဘီးတွင် သံနှစ်ချောင်း စူးဝင်နေသည်ကို တွေ့ရပြီး ၎င်းနောက်မှ ခြေသံကြားသဖြင့် လှည့်ကြည့်ရာ အမည်မသိ အမျိုးသား နှစ်ဦးအားတွေ့ရပြီး ၎င်း၏ဦးခေါင့်းအား ရိုက်လိုက်ရာ မူးဝေ လဲကျသွားစဉ် ကားမှန်အားရိုက်ခွဲ၍ ကားထဲမှ ကမ္ဘောဇဘဏ် တံဆိပ်ပါ လက်စွဲအိတ်များဖြင့်ထည့်ထားသော ငွေ (၄၀၄)သိန်းကျပ်အား ယူဆောင်ကာ Smash အမျိုး အစားနက်ပြာရောင် ဆိုင်ကယ် ဖြင့် ကြို့ပင်ကောက် မြို့ ဘက်သို့မောင်းနှင်းသွား သည်ကိုမြင်ရကြောင်း ရိုက်နှက်ငွေလုခံရသူ ကိုကျော်စည်သူအောင် မှ ရှင်းပြသည်။

လုယက်ခံရမှုနှင့် ပတ်သက်၍ ကြို့ပင် ကောက်မြို့ မရဲစခန်း၌လုယူသွားသူ (၂)ဦးအား စုံစမ်းဖော်ထုတ် အရေးယူ ပေးပါရန် တိုင်ကြားသဖြင့် (ပ)၁၇၃/၁၉ ရာဇသတ်ကြီးပုဒ်မ -၃၉၄ ဖြင့် အမှုဖွင့်ထားပြီး ကိုကျော်စည်သူအောင်အား ကြို့ပင် ကောက် မြို့နယ် ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ထားကြောင်း နှင့် ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း ကြို့ပင် ကောက်မြို့မရဲစခန်းမှ ဒုရဲမှူးခင်မောင်ကြည်ထံမှ သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဝေဇင်ကြည်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top