မန္းျမိဳ႕ေတာ္၀န္ ေဒါက္တာရဲလြင္က ဘုန္းၾကီးေက်ာင္း(၃) ေက်ာင္းပိတ္ေနတဲ႔ ၅၈ လမ္းကို အဆင္ေျပေျပညွိႏိႈင္းျပီး လမ္းဆက္လက္ေဖာက္ႏိုင္ခဲ႔တာနဲ႔ပတ္သတ္ျပီး ခုလို Post တင္ထားပါတယ္

“မႏၲေလးၿမိဳ႕ေတာ္အတြက္ ၿမိဳ႕ရဲ႕ေျမာက္ဖက္နဲ႔ၿမိဳ႕သစ္အၾကား ဆက္သြယ္ေပးတဲ့ ဒုတိယအရွည္ဆံုး မဟာဗ်ဴဟာေျမာက္လမ္းျဖစ္လာမဲ့ ၅၈လမ္း။

၅၈လမ္းက လမ္း၃၀နဲ႔၃၂လမ္းၾကားမွာ အရင္ကမရွိခဲ့ပဲ ခါးျပတ္ေနခဲ့တာ ဘုန္းႀကီးေက်ာင္း၃ေက်ာင္းက နကိုယ္ရြာေျမဆိုေတာ့ လမ္းေဖာက္ရမဲ့ေနရာ တည့္တည့္မွာပိတ္ေနတာပါ။

အရင္ေခတ္အဆက္ဆက္ ဘယ္လိုမွညႇိႏွိုင္းလို႔ အဆင္မေျပခဲ့တဲ့ လမ္းပါ။

ေကာ္မတီရဲ႕ ညႇိႏွိုင္းခ်က္အရ ေက်ာင္း၃ေက်ာင္း ( ေဇာတိကေက်ာင္း၊သရက္ေတာေက်ာင္း နဲ႔ၿငိမ္းခ်မ္းေရးေက်ာင္း)ေတြက လမ္းေျမစြန္႔လႊတ္ေပးလို႔ေဖာက္ႏိုင္တာမို႔ ၿမိဳ႕ေတာ္ကိုယ္စား ဆရာေတာ္မ်ားကို ေက်းဇူးအထူးတင္ပါတယ္။

အုတ္တံတိုင္းေတြဖ်က္ေပးတဲ့အျပင္ ေက်ာင္းေတြေနရာေရႊ႕၊ ကုဋီအသစ္ျပန္ေဆာက္တာေတြပါ လုပ္ရတာပါ။

ေကာ္မတီ၀င္ေတြက အုတ္တံတိုင္းကိုလွဴသလို တကာေတြကလဲလွဴၾကပါတယ္။

လမ္းအလယ္မွာရွိေနတဲ့ ဆက္သြယ္ေရး တာ၀ါတိုင္ကိုလည္း ေရႊ႕ဖို႔ ေနရာရွာေပးၿပီးပါၿပီ။

အရင္ကေရအိုင္တဲ့ေနရာေတြမို႔ မူလေျမေတြဖယ္ၿပီး ေက်ာက္ပ်က္နဲ႔အစားထိုး compaction ရေအာင္ႀကိတ္ေနရလို႔ အခ်ိန္ပိုယူရတာပါ။

Stabilized soil ခင္းၿပီးတာနဲ႔ ေပ၆၀အက်ယ္ ႏိုင္လြန္လမ္းခင္းေပးမွာပါ။

လမ္းၿပီးသြားရင္ ၁၉လမ္းကေန ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ အဆုံး အမွတ္၆ေရဆိုးပစ္ေျမာင္းအထိ လမ္းေပါက္မွာမို႔ ၆၂လမ္းကားၾကပ္တာ အထိုက္အေလ်ာက္ေလ်ာ့သြားမွာပါ။

ၿမိဳ႕ေတာ္အတြက္ စည္ပင္ပါ။” ဆိုျပီး Post တင္ထားတာျဖစ္ပါတယ္

မႏၲေလးၿမိဳ႕ေတာ္အတြက္ ေစတနာထားျပီး တကယ္အလုပ္လုပ္တဲ႔ ျမိဳ႕ေတာ္၀န္ပါပဲဗ်ာ. . ..

သူ႕ရဲ႕ ျပည္သူေတြအေပၚထားတဲ႔ ေစတနာေၾကာင့္ ျပည္သူေတြနဲ႔ ညွိႏိႈင္းလုပ္ေဆာင္တဲ႔ အခါမွာ အစအစအရာအရာ အဆင္ေျပေနတာလို႔ ထင္ပါတယ္ဗ်ာ…

ေလးစားဂုဏ္ယူလ်က္ပါ ေဒါက္တာရဲလြင္ ခင္ဗ်ာ. . .

ဖိုးသူေတာ္(www.phothutaw.com)
Credit:မဟာေခတ္သစ္မီဒီယာ

Source: Ye Lwin(Mayor at Mandalay City)
#Unicode Version#


မန်းမြို့တော်ဝန် ဒေါက်တာရဲလွင်က ဘုန်းကြီးကျောင်း(၃) ကျောင်းပိတ်နေတဲ့ ၅၈ လမ်းကို အဆင်ပြေပြေညှိနှိုင်းပြီး လမ်းဆက်လက်ဖောက်နိုင်ခဲ့တာနဲ့ပတ်သတ်ပြီး ခုလို Post တင်ထားပါတယ်

“မန္တလေးမြို့တော်အတွက် မြို့ရဲ့မြောက်ဖက်နဲ့မြို့သစ်အကြား ဆက်သွယ်ပေးတဲ့ ဒုတိယအရှည်ဆုံး မဟာဗျူဟာမြောက်လမ်းဖြစ်လာမဲ့ ၅၈လမ်း။

၅၈လမ်းက လမ်း၃၀နဲ့၃၂လမ်းကြားမှာ အရင်ကမရှိခဲ့ပဲ ခါးပြတ်နေခဲ့တာ ဘုန်းကြီးကျောင်း၃ကျောင်းက နကိုယ်ရွာမြေဆိုတော့ လမ်းဖောက်ရမဲ့နေရာ တည့်တည့်မှာပိတ်နေတာပါ။

အရင်ခေတ်အဆက်ဆက် ဘယ်လိုမှညှိနှိုင်းလို့ အဆင်မပြေခဲ့တဲ့ လမ်းပါ။

ကော်မတီရဲ့ ညှိနှိုင်းချက်အရ ကျောင်း၃ကျောင်း ( ဇောတိကကျောင်း၊သရက်တောကျောင်း နဲ့ငြိမ်းချမ်းရေးကျောင်း)တွေက လမ်းမြေစွန့်လွှတ်ပေးလို့ဖောက်နိုင်တာမို့ မြို့တော်ကိုယ်စား ဆရာတော်များကို ကျေးဇူးအထူးတင်ပါတယ်။

အုတ်တံတိုင်းတွေဖျက်ပေးတဲ့အပြင် ကျောင်းတွေနေရာရွှေ့၊ ကုဋီအသစ်ပြန်ဆောက်တာတွေပါ လုပ်ရတာပါ။

ကော်မတီဝင်တွေက အုတ်တံတိုင်းကိုလှူသလို တကာတွေကလဲလှူကြပါတယ်။

လမ်းအလယ်မှာရှိနေတဲ့ ဆက်သွယ်ရေး တာဝါတိုင်ကိုလည်း ရွှေ့ဖို့ နေရာရှာပေးပြီးပါပြီ။

အရင်ကရေအိုင်တဲ့နေရာတွေမို့ မူလမြေတွေဖယ်ပြီး ကျောက်ပျက်နဲ့အစားထိုး compaction ရအောင်ကြိတ်နေရလို့ အချိန်ပိုယူရတာပါ။

Stabilized soil ခင်းပြီးတာနဲ့ ပေ၆၀အကျယ် နိုင်လွန်လမ်းခင်းပေးမှာပါ။

လမ်းပြီးသွားရင် ၁၉လမ်းကနေ ပြည်ကြီးတံခွန်မြို့နယ် အဆုံး အမှတ်၆ရေဆိုးပစ်မြောင်းအထိ လမ်းပေါက်မှာမို့ ၆၂လမ်းကားကြပ်တာ အထိုက်အလျောက်လျော့သွားမှာပါ။

မြို့တော်အတွက် စည်ပင်ပါ။” ဆိုပြီး Post တင်ထားတာဖြစ်ပါတယ်

မန္တလေးမြို့တော်အတွက် စေတနာထားပြီး တကယ်အလုပ်လုပ်တဲ့ မြို့တော်ဝန်ပါပဲဗျာ. . ..

သူ့ရဲ့ ပြည်သူတွေအပေါ်ထားတဲ့ စေတနာကြောင့် ပြည်သူတွေနဲ့ ညှိနှိုင်းလုပ်ဆောင်တဲ့ အခါမှာ အစအစအရာအရာ အဆင်ပြေနေတာလို့ ထင်ပါတယ်ဗျာ…

လေးစားဂုဏ်ယူလျက်ပါ ဒေါက်တာရဲလွင် ခင်ဗျာ. . .

ဖိုးသူတော်(www.phothutaw.com)
Credit:မဟာခေတ်သစ်မီဒီယာ

Source: Ye Lwin(Mayor at Mandalay City)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top