ပဲခူးတိုင္းေဒသႀကီး ဒိုက္ဦးၿမဳိ႕နယ္မွာ ၁၀၀၀၀ တန္ ေငြစကၠဴအတု ကိုင္ေဆာင္မႈနဲ႔ တရားစြဲခံထားရတဲ့ ေနာ္ေသာသြဲ႔ထူးကုိ အျပစ္မရွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္ခ်က္ ခ်လုိက္တယ္လုိ႔ အမႈမွာ လိုက္ပါေဆာင္ရြက္ေပးေနတဲ့ အက်ိဳးေဆာင္ေရွ႕ေနက ေျပာပါတယ္။

ဧၿပီ ၁၈ ရက္ေန႔ ေန႔လယ္က ေနာ္ေသာသြဲ႔ထူး အမႈအတြက္ ႐ုံးထုတ္စစ္ေဆးခဲ့တာျဖစ္ၿပီး အက်ိဳးေဆာင္ေရွ႕ေန ေစာထူးသာေစာက “ရာဇဝတ္က်င့္ထံုးဥပေဒပုဒ္မ ၂၅၃ (၁) အရ ကေလးမေလးမွာ အျပစ္မရွိေၾကာင္း ေပၚလြင္တဲ့အတြက္ စြဲခ်က္မတင္မီ အမႈမွ အၿပီးျပတ္ လႊတ္လိုက္တယ္” လုိ႔ ဒီဗီြဘီကုိ ေျပာပါတယ္။

ဒိုက္ဦးၿမိဳ႕နယ္၊ လယ္ၾကားေျမာင္ရြာေန ေနာ္ေသာသြဲ႔ထူးဟာ စင္ကာပူႏိုင္ငံမွာ အိမ္အကူအလုပ္ သြားေရာက္အလုပ္လုပ္ခဲ့ၿပီး ျမန္မာႏိုင္ငံ ျပန္ဖို႔အတြက္ လုပ္အားခေတြကို အိမ္ရွင္ အမ်ိဳးသမီးက စင္ကာပူက ေငြလဲေကာင္တာတခုမွာ ျမန္မာေငြ သိန္း ၃၀ ေလာက္ လဲလွယ္ေပးခဲ့ပါတယ္။



ေနာ္ေသာ့သြဲ႔ထူး အသက္ ၂၅ ႏွစ္ ျမန္မာႏုိင္ငံ ျပန္ေရာက္ၿပီးေနာက္ အဲဒီကရလာတဲ့ က်ပ္ ၁၀၀၀၀ တန္ ေငြစကၠဴေတြဟာ အတုျဖစ္ေနၾကာင္း သိရွိၿပီးေနာက္ အာဏာပုိင္ေတြထံ သြားေရာက္အပ္ႏွံရာမွ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၆ ရက္က ဖမ္းဆီးခံခဲ့ရတာပါ။

ဒိုက္ဦးၿမိဳ႕မရဲစခန္းက သူ႔ကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥပေဒပုဒ္မ ၁၀၅/၁၀၆ နဲ႔ တရားစြဲဆုိထားတာျဖစ္ၿပီး ၂၀၁၉ ဇန္န၀ါရီ ၃ ရက္ေန႔ ပထမဆုံး ႐ုံးခ်ိန္းမွာ အာမခံရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ပုဒ္မ ၁၀၅ ဟာ ေထာင္ဒဏ္ ၃ ႏွစ္နဲ႔ ေငြဒဏ္၊ ပုဒ္မ ၁၀၆ ဟာ ေထာင္ဒဏ္ အနည္းဆံုး ၁၀ ႏွစ္ကေန ႏွစ္၂၀ ထိ ခ်မွတ္ႏုိင္တယ္လို႔ ၂၀၁၃ ဗဟိုဘဏ္ဥပေဒမွာ ျပ႒ာန္းထားပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ ၁၀၀၀၀ တန် ငွေစက္ကူအတု ကိုင်ဆောင်မှုနဲ့ တရားစွဲခံထားရတဲ့ နော်သောသွဲ့ထူးကို အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ချက် ချလိုက်တယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

ဧပြီ ၁၈ ရက်နေ့ နေ့လယ်က နော်သောသွဲ့ထူး အမှုအတွက် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး အကျိုးဆောင်ရှေ့နေ စောထူးသာစောက “ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၁) အရ ကလေးမလေးမှာ အပြစ်မရှိကြောင်း ပေါ်လွင်တဲ့အတွက် စွဲချက်မတင်မီ အမှုမှ အပြီးပြတ် လွှတ်လိုက်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ရွာနေ နော်သောသွဲ့ထူးဟာ စင်ကာပူနိုင်ငံမှာ အိမ်အကူအလုပ် သွားရောက်အလုပ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံ ပြန်ဖို့အတွက် လုပ်အားခတွေကို အိမ်ရှင် အမျိုးသမီးက စင်ကာပူက ငွေလဲကောင်တာတခုမှာ မြန်မာငွေ သိန်း ၃၀ လောက် လဲလှယ်ပေးခဲ့ပါတယ်။

နော်သော့သွဲ့ထူး အသက် ၂၅ နှစ် မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက် အဲဒီကရလာတဲ့ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူတွေဟာ အတုဖြစ်နေကြာင်း သိရှိပြီးနောက် အာဏာပိုင်တွေထံ သွားရောက်အပ်နှံရာမှ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်က ဖမ်းဆီးခံခဲ့ရတာပါ။

ဒိုက်ဦးမြို့မရဲစခန်းက သူ့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီ ၃ ရက်နေ့ ပထမဆုံး ရုံးချိန်းမှာ အာမခံရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပုဒ်မ ၁၀၅ ဟာ ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ်၊ ပုဒ်မ ၁၀၆ ဟာ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ နှစ်၂၀ ထိ ချမှတ်နိုင်တယ်လို့ ၂၀၁၃ ဗဟိုဘဏ်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top