ရွမ္းျပည္နယ္၊ ဆီဆိုင္ၿမိဳ႕နယ္၊ ေနာင္လံုေက်းရြာမွာ ဧၿပီ ၁၇ ရက္ မြန္းလြဲပိုင္းက မိုးသက္ေလျပင္း တိုက္ခတ္မႈေၾကာင့္ ေနအိမ္ ၄၃ လံုးနဲ႔ ဘုန္းႀကီး ေက်ာင္း၊ စာသင္ေက်ာင္းေတြ အမိုးလန္ ပ်က္စီးသြားပါတယ္။
ေလေဘးေၾကာင့္ ပ်က္စီးဆံုး႐ံႈးမႈတန္ဖိုးကို အေသးစိတ္မသိရေသးပဲ သက္ဆိုင္ရာက လာေရာက္စစ္ေဆး ေနဆဲပဲလို႔ ဆီဆိုင္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ႏိုင္က ေျပာပါတယ္။
“ပ်က္စီးမႈတန္ဖိုးေတြ ေကာက္ေနတုန္း၊ မေန႔ကေမွာင္လည္းေမွာင္ မိုးလည္းရြာဆိုေတာ့ မလုပ္ႏိုင္ဘူး။ ဒီေန႔ လႊတ္ေတာ္ကိုယ္စားလွယ္၊ ႐ံုးအဖြဲ႔ ၊ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ ဆရာေတာ္ေတြ ဝိုင္းၿပီး သြားေရာက္ ေကာက္ခံေနတယ္”လို႔ ေျပာပါတယ္။ေဒသခံ ရြာသားေတြကေတာ့ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ဆံုး႐ံႈးမႈတန္ဖိုး မ်ားႏိုင္တယ္လို႔ ဆိုပါတယ္။

ေနာင္လံုရြာေဒသခံ ဘလြယ္က “က်ေနာ္တို႔ေနအိမ္ပ်က္စီးသြားလို႔ အခက္အခဲ ၾကံဳေတြ႕ရတာေပါ့။ အိမ္ပ်က္သြားတဲ့အတြက္ အိမ္ျပန္ျပဳျပင္ဖို႔နဲ႔ စိုက္ပ်ိဳးေရး အတြက္ အလုပ္လုပ္ႏိုင္ဖို႔ ခက္ခဲသြားတယ္”လို႔ ေျပာပါတယ္။
ေဒသအာဏာပိုင္ေတြကေတာ့ ပ်က္စီးမႈတန္ဖိုး အေသးစိတ္သိရွိရပါက ႐ွမ္းျပည္နယ္အစိုးရအဖြဲ႔ကို တင္ျပၿပီး ေထာက္ပ့ံ ေပးသြားမယ္လို႔ ေျပာပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်လုံကျေးရွာမှာ ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၄၃ လုံးနဲ့ ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းတွေ အမိုးလန် ပျက်စီးသွားပါတယ်။
လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို အသေးစိတ်မသိရသေးပဲ သက်ဆိုင်ရာက လာရောက်စစ်ဆေး နေဆဲပဲလို့ ဆီဆိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောပါတယ်။
“ပျက်စီးမှုတန်ဖိုးတွေ ကောက်နေတုန်း၊ မနေ့ကမှောင်လည်းမှောင် မိုးလည်းရွာဆိုတော့ မလုပ်နိုင်ဘူး။ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်၊ ရုံးအဖွဲ့ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆရာတော်တွေ ဝိုင်းပြီး သွားရောက် ကောက်ခံနေတယ်”လို့ ပြောပါတယ်။ဒေသခံ ရွာသားတွေကတော့ လေပြင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး များနိုင်တယ်လို့ ဆိုပါတယ်။
နောင်လုံရွာဒေသခံ ဘလွယ်က “ကျနော်တို့နေအိမ်ပျက်စီးသွားလို့ အခက်အခဲ ကြုံတွေ့ရတာပေါ့။ အိမ်ပျက်သွားတဲ့အတွက် အိမ်ပြန်ပြုပြင်ဖို့နဲ့ စိုက်ပျိုးရေး အတွက် အလုပ်လုပ်နိုင်ဖို့ ခက်ခဲသွားတယ်”လို့ ပြောပါတယ်။
ဒေသအာဏာပိုင်တွေကတော့ ပျက်စီးမှုတန်ဖိုး အသေးစိတ်သိရှိရပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီး ထောက်ပံ့ ပေးသွားမယ်လို့ ပြောပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb