ပခုကၠဴခ႐ိုင္တြင္ ေလျပင္းေၾကာင့္ ေနအိမ္မ်ား ၿပိဳက်ပ်က္စီး
ပခုကၠဴခ႐ိုင္၊ ၿမိဳင္ၿမိဳ႕နယ္မွာ ဧၿပီ ၁၈ ရက္ေန႔က ေလျပင္းတိုက္ခတ္ခဲ့တာေၾကာင့္ ေက်းရြာ ၇ ရြာက လူေနအိမ္ ၁၀ လံုးထက္မနည္း ၿပိဳက်ခဲ့ၿပီး ၁၅၀ ေလာက္ ပ်က္စီးခဲ့ပါတယ္။
ဒါ့အျပင္ သာသနိက အေဆာက္အဦ ၅ ခု၊ စာသင္ေက်ာင္း ၃ ေက်ာင္း၊ ရပ္ေက်းအုပ္ခ်ဳပ္ေရး႐ုံး ၁ ခုလည္း ပ်က္စီးခဲ့ပါတယ္။
ပခုကၠဴခ႐ုိင္ ေပါက္ၿမိဳ႕နယ္မွာလည္း ဧၿပီ ၁၇ ရက္ေန႔က ေလျပင္းတိုက္ခတ္ခဲ့တာေၾကာင့္ လူေနအိမ္ ၄ လံုး ၿပိဳက်ပ်က္စီးခဲ့ၿပီး အမိုးလန္တာ၊ အကာပ်က္တာ စတဲ့ ပ်က္စီးလူေနအိမ္ ၁၀၀ နီးပါး ရွိပါတယ္။
ခုလုိပ်က္စီးမႈေတြနဲ႔ ႀကံဳခဲ့ရတဲ့ ေက်းရြာေတြကေတာ့ လင္းေတာ၊ မွ်ားပိုင္း၊ ခင္ေအး၊ ေလးပင္အိုင့္၊ ေျမနီ၊ ေပါက္ေခ်ာင္း၊ ခင္တန္းရွည္၊ သရက္ေတာ၊ မိုးေကာင္း၊ ေရႊဘံုသာ၊ ပေလာင္း၊ ေက်ာက္တံခါး၊ ေက်ာက္မဲ စတဲ့ ေက်းရြာေတြမွာ ခုလိုဆံုး႐ႈံးမႈ ျဖစ္ခဲ့တာပါ။
ဒါ့အျပင္ ဆရာမေနအိမ္ ၆ လံုး၊ စာသင္ပင္မေဆာင္ ၁ ေဆာင္နဲ႔ ဘုန္းႀကီးေက်ာင္း ၄ ေက်ာင္းလည္း အမိုးလန္ ပ်က္စီးခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ဧပြီ ၁၈ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ကျေးရွာ ၇ ရွာက လူနေအိမ် ၁၀ လုံးထက်မနည်း ပြိုကျခဲ့ပြီး ၁၅၀ လောက် ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် သာသနိက အဆောက်အဦ ၅ ခု၊ စာသင်ကျောင်း ၃ ကျောင်း၊ ရပ်ကျေးအုပ်ချုပ်ရေးရုံး ၁ ခုလည်း ပျက်စီးခဲ့ပါတယ်။
ပခုက္ကူခရိုင် ပေါက်မြို့နယ်မှာလည်း ဧပြီ ၁၇ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၄ လုံး ပြိုကျပျက်စီးခဲ့ပြီး အမိုးလန်တာ၊ အကာပျက်တာ စတဲ့ ပျက်စီးလူနေအိမ် ၁၀၀ နီးပါး ရှိပါတယ်။
ခုလိုပျက်စီးမှုတွေနဲ့ ကြုံခဲ့ရတဲ့ ကျေးရွာတွေကတော့ လင်းတော၊ မျှားပိုင်း၊ ခင်အေး၊ လေးပင်အိုင့်၊ မြေနီ၊ ပေါက်ချောင်း၊ ခင်တန်းရှည်၊ သရက်တော၊ မိုးကောင်း၊ ရွှေဘုံသာ၊ ပလောင်း၊ ကျောက်တံခါး၊ ကျောက်မဲ စတဲ့ ကျေးရွာတွေမှာ ခုလိုဆုံးရှုံးမှု ဖြစ်ခဲ့တာပါ။
ဒါ့အပြင် ဆရာမနေအိမ် ၆ လုံး၊ စာသင်ပင်မဆောင် ၁ ဆောင်နဲ့ ဘုန်းကြီးကျောင်း ၄ ကျောင်းလည်း အမိုးလန် ပျက်စီးခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb