ပုသိမ္ၿမိဳ႕ အမွတ္ ၁၃ ရပ္ကြက္ရိွ စက္မႈဇံုတြင္ ယေန႔နံနက္ပိုင္းတြင္ စက္႐ံုအလုပ္သမား ၅၀ နီးပါးခန္႔ ေအာ္ဟစ္ သတိလစ္ျခင္းမ်ားျဖစ္၍ ေဆး႐ံုသို႔ပို႔ေဆာင္ထားရေၾကာင္း သတင္းရရိွသည္။

စက္မႈဇံုအတြင္းရိွ သိုးေမႊးအထည္ခ်ဳပ္စက္႐ံုတစ္႐ံုျဖစ္သည့္ ျမန္မာ နင္တင္းဖက္ထရီလီမိတက္ စက္႐ံုတြင္ ဧၿပီလ ၂ ရက္ေန႔ (ယေန႔) ၁၀ နာရီ ၃၀ ေက်ာ္အခ်ိန္ေလာက္တြင္ သရဲ၀င္ပူးသည္ဟုဆိုကာ မူးလဲ၍ သတိလစ္မႈမ်ားျဖစ္ေပၚခဲ့သျဖင့္ ေဆး႐ံုသို႔အေရးေပၚ ပို႔ေဆာင္ေနရ ေၾကာင္း သြားေရာက္ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ေရးေပးေနသူ မ်ားထံမွသိရသည္။

“ ဒီေန႔ မနက္ ၁၀ နာရီခြဲ ၁၁ နာရီေလာက္မွျဖစ္တာ၊ မူးတာေတြ သတိ လစ္တာေတြေပါ့၊ တစ္ခ်ဳိ႕ဆို အံေတြႀကိတ္ေနတာ ေတြရိွတယ္၊ အကုန္လံုးကိုေတာ့ ေဆး႐ံုကိုပို႔ေပးေနပါတယ္” ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအဖြဲ႕(ဧရာဝတီတိုင္းေဒသႀကီး)မွ ႐ံုးအဖြဲ႕၀င္ ကိုေအာင္ထက္ပိုင္မွ ဧရာ၀တီတိုင္းမ္သတင္းဌာန သို႔ေျပာသည္။

သရဲ၀င္ပူးခံရသည့္ သူမ်ားမွာ မူးလဲ၍ သတိလစ္ျခင္းမ်ား၊ တက္ျခင္းမ်ား၊ အံႀကိ္တ္ျခင္းမ်ား၊ ငိုယိုေအာ္ဟစ္ျခင္းမ်ား ျပဳလုပ္လ်က္ရိွၿပီး လက္ရိွ အခ်ိန္တြင္ေတာ့ တာ၀န္ရိွသူမ်ားႏွင့္ ရဲတပ္ဖြဲ႕တို႔ေရာက္ရိွေနၿပီး တရား နာယူရန္အတြက္ ဘုန္းႀကီးမ်ားလည္း ေရာက္ရိွေနၿပီျဖစ္ေၾကာင္း ဆက္လက္သိရသည္။

ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ဧရာဝတီတိုင္းေဒသႀကီး)

ကြန္ယက္ဝင္ပုသိမ္ၿမိဳ႕နယ္မွ လူနာတင္ယာဥ္(၁၀)စီးႏွင့္ အျခားေသာ ပရဟိတလူမႈအဖြဲ႕စည္းမ်ားမွ လူနာတင္ယာဥ္မ်ားျဖင့္ ပုသိမ္ျပည္သူ႕ ေဆး႐ံုႀကီးသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

“ ဒီေန႔ မနက္ပိုင္းကျဖစ္တာဗ်၊ အစကဘာျဖစ္တယ္ဆိုတာ ေသခ်ာ မသိဘူး၊ အထဲလည္း၀င္လို႔မရေတာ့၊ ခုမသိရတာ သရဲ၀င္ပူးတယ္ ေျပာတယ္၊ ေအာ္သံေတြ ငိုသံေတြလည္းၾကားေနရတယ္၊ ခုေတာ့ ရဲေတြေရာ၊ လူႀကီးေတြေရာ၊ ဘုန္းႀကီးေတြေရာ ေရာက္လာတာ ေတြ႕ပါတယ္”ဟု အထည္ခ်ဳပ္အနီး ေနထိုင္ၿပီး သြားေရာက္ၾကည့္ ႐ႈ႕သူ မႏွင္းႏွင္းေမာင္မွ ဧရာ၀တီတိုင္းမ္သတင္းဌာနသို႔ေျပာသည္။

ဧရာ၀တီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕၊ အမွတ္ ၁၃ ရပ္ကြက္ရိွ စက္မႈဇံုရိွ အထည္ခ်ဳပ္စက္႐ံုမ်ားတြင္ ပုသိမ္ ၿမိဳ႕ႏွင့္အနီးတစ္၀ိုက္ရိွ ၿမိဳ႕နယ္၊ ေက်းရြာမ်ားမွ အလုပ္လာလုပ္ က်သူမ်ား၊ ပုသိမ္ၿမိဳ႕ခံအလုပ္သမား မ်ားျဖင့္ လုပ္ငန္းလည္ပတ္ေနျခင္းျဖစ္သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Ayeyarwaddy Times

#Unicode Verison#
ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်ရှိ စက်မှုဇုံတွင် ယနေ့နံနက်ပိုင်းတွင် စက်ရုံအလုပ်သမား ၅၀ နီးပါးခန့် အော်ဟစ် သတိလစ်ခြင်းများဖြစ်၍ ဆေးရုံသို့ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။

စက်မှုဇုံအတွင်းရှိ သိုးမွှေးအထည်ချုပ်စက်ရုံတစ်ရုံဖြစ်သည့် မြန်မာ နင်တင်းဖက်ထရီလီမိတက် စက်ရုံတွင် ဧပြီလ ၂ ရက်နေ့ (ယနေ့) ၁၀ နာရီ ၃၀ ကျော်အချိန်လောက်တွင် သရဲဝင်ပူးသည်ဟုဆိုကာ မူးလဲ၍ သတိလစ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဆေးရုံသို့အရေးပေါ် ပို့ဆောင်နေရ ကြောင်း သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရေးပေးနေသူ များထံမှသိရသည်။

“ ဒီနေ့ မနက် ၁၀ နာရီခွဲ ၁၁ နာရီလောက်မှဖြစ်တာ၊ မူးတာတွေ သတိ လစ်တာတွေပေါ့၊ တစ်ချို့ဆို အံတွေကြိတ်နေတာ တွေရှိတယ်၊ အကုန်လုံးကိုတော့ ဆေးရုံကိုပို့ပေးနေပါတယ်” မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(ဧရာဝတီတိုင်းဒေသကြီး)မှ ရုံးအဖွဲ့ဝင် ကိုအောင်ထက်ပိုင်မှ ဧရာဝတီတိုင်းမ်သတင်းဌာန သို့ပြောသည်။

သရဲဝင်ပူးခံရသည့် သူများမှာ မူးလဲ၍ သတိလစ်ခြင်းများ၊ တက်ခြင်းများ၊ အံကြိတ်ခြင်းများ၊ ငိုယိုအော်ဟစ်ခြင်းများ ပြုလုပ်လျက်ရှိပြီး လက်ရှိ အချိန်တွင်တော့ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့ရောက်ရှိနေပြီး တရား နာယူရန်အတွက် ဘုန်းကြီးများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း ဆက်လက်သိရသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဧရာဝတီတိုင်းဒေသကြီး)

ကွန်ယက်ဝင်ပုသိမ်မြို့နယ်မှ လူနာတင်ယာဉ်(၁၀)စီးနှင့် အခြားသော ပရဟိတလူမှုအဖွဲ့စည်းများမှ လူနာတင်ယာဉ်များဖြင့် ပုသိမ်ပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ ဒီနေ့ မနက်ပိုင်းကဖြစ်တာဗျ၊ အစကဘာဖြစ်တယ်ဆိုတာ သေချာ မသိဘူး၊ အထဲလည်းဝင်လို့မရတော့၊ ခုမသိရတာ သရဲဝင်ပူးတယ် ပြောတယ်၊ အော်သံတွေ ငိုသံတွေလည်းကြားနေရတယ်၊ ခုတော့ ရဲတွေရော၊ လူကြီးတွေရော၊ ဘုန်းကြီးတွေရော ရောက်လာတာ တွေ့ပါတယ်”ဟု အထည်ချုပ်အနီး နေထိုင်ပြီး သွားရောက်ကြည့် ရှု့သူ မနှင်းနှင်းမောင်မှ ဧရာဝတီတိုင်းမ်သတင်းဌာနသို့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ စက်မှုဇုံရှိ အထည်ချုပ်စက်ရုံများတွင် ပုသိမ် မြို့နှင့်အနီးတစ်ဝိုက်ရှိ မြို့နယ်၊ ကျေးရွာများမှ အလုပ်လာလုပ် ကျသူများ၊ ပုသိမ်မြို့ခံအလုပ်သမား များဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်သည်။



ဖိုးသူတော်(www.phothutaw.com)
Credit: Ayeyarwaddy Times
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top