20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×


ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် မရမ်းချိုကျေးရွာအုပ်စု မရမ်းချိုကျေးရွာနှင့် ဘိုးတော် ကျေးရွာ ရေကြည်မြို့နယ်နှင့် ထိစပ်နယ်မြေကြား ဘိုးတော် ချောင်းအတွင်း တရားမဝင်သစ်များအား ပုသိမ်ခရိုင် သစ်တောဦးစီး ဌာနမှ ဒုတိယလက်ထောက် ညွန်ကြားရေးမှူးး ဦးကံထွန်းနှင့် ဘိုးတောချောင်းအတွင်းတာဝန်ကျ တောအုပ် အောင်နိုင်မိုး နှင့်သစ်တောရဲတပ်ဖွဲ့ဝင်များသည် သစ်တောပိုင် ပဲ့ထောင်စက်လှေဖြင့် ချောင်းအတွင်းတရားမဝင်သစ်များ သွါးရောက် ဖမ်းဆီးပြီး အပြန် မရမ်းချိုရွာထိပ် နှင့် ဘိုးတော်ရွာထိပ်အကြား ချောင်းကမ်းနံဘေး တဖက်တချက် လုတရပ်ခန့် မြင့်သော ကိုင်းပင်များ ကျွဲနှာခေါင်းပင်များအကြားမှ အမည်မသိ (မမြင်ရ) သောနေရာမှ လေးဂွများ ဖြင့် နှစ်ဖက်ညှပ် ဝိုင်းဝန်းပစ်ခတ်ခံခဲ့ ရကြောင်းသိရသည်။

အဆိုပါပစ်ခတ်ခံရ မှုကြောင့် ဒု ညွှန်ကြားရေးမှူးဦး ကံထွန်းနှင့်အဖွဲ့ ဝင်များ ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်းနှင့် ပဲ့ထောင်အား လိုက်ပါမောင်းနှင်ပို့ ဆောင်ပေးသူ သရက်ကုန်းကျေးရွာအုပ်စုဘုရားကြီးကျေးရွာ ပုတ်တန်းတွင် နေထိုင်သူ မောင်စိုးသူကျော် အသက်၃၂ နှစ်သည် ပဲ့ထောင်ပေါ် မှချောင်းအတွင်းပြုတ်ကျပျောက်ဆုံးနေခဲ့ပြီး 29 – 3 – 2019 ရက် နေ့ နံက် ၉ နာရီဝန်းကျင်ခန့် တွင် အခင်းဖြစ် အရပ်မှ ချောင်းအောက်ဘက် တစ်မိုင်ခန့်အကွါ မအူတန်းအနီး ချောင်းအတွင်း မှောက်လျက်အနေအထားဖြင့်ပေါ်လျက် ဘယ်နားထင်တဝိုက် ဒဏ်ရာဖြင့် ပြန်လည်တွေ့ရှိဆယ်ယူခဲ့ သည်ဆို၏။



#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် အပိုင် မရမ်းချိုကျေးရွာအုပ်စု ဘိုးတော်ချောင်းအတွင်း သစ်ဖမ်းစဉ် အမည်မသိသူများမှ ခြုံခို၍ လေးခွများဖြင့် ဝိုင်းဝန်းပစ်ခတ်သဖြင့် အရပ်သားတဦး ထိမှန် ရေထဲကျ သေဆုံးမှုတခု 28 – 3 – 2019 ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်ခန့်က ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် မရမ်းချိုကျေးရွာအုပ်စု မရမ်းချိုကျေးရွာနှင့် ဘိုးတော် ကျေးရွာ ရေကြည်မြို့နယ်နှင့် ထိစပ်နယ်မြေကြား ဘိုးတော် ချောင်းအတွင်း တရားမဝင်သစ်များအား ပုသိမ်ခရိုင် သစ်တောဦးစီး ဌာနမှ ဒုတိယလက်ထောက် ညွန်ကြားရေးမှူးး ဦးကံထွန်းနှင့် ဘိုးတောချောင်းအတွင်းတာဝန်ကျ တောအုပ် အောင်နိုင်မိုး နှင့်သစ်တောရဲတပ်ဖွဲ့ဝင်များသည် သစ်တောပိုင် ပဲ့ထောင်စက်လှေဖြင့် ချောင်းအတွင်းတရားမဝင်သစ်များ သွါးရောက် ဖမ်းဆီးပြီး အပြန် မရမ်းချိုရွာထိပ် နှင့် ဘိုးတော်ရွာထိပ်အကြား ချောင်းကမ်းနံဘေး တဖက်တချက် လုူတရပ်ခန့်မြင့်သော ကိုင်းပင်များ ကျွဲနှာခေါင်းပင်များအကြားမှ အမည်မသိ (မမြင်ရ) သောနေရာမှ လေးဂွများ ဖြင့် နှစ်ဖက်ညှပ် ဝိုင်းဝန်းပစ်ခတ်ခံခဲ့ ရကြောင်းသိရသည်။

အဆိုပါပစ်ခတ်ခံရ မှုကြောင့် ဒု ညွှန်ကြားရေးမှူးဦး ကံထွန်းနှင့်အဖွဲ့ဝင်များ ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်းနှင့် ပဲ့ထောင်အား လိုက်ပါမောင်းနှင်ပို့ဆောင်ပေးသူ သရက်ကုန်းကျေးရွာအုပ်စုဘုရားကြီးကျေးရွာ ပုတ်တန်းတွင် နေထိုင်သူ မောင်စိုးသူကျော် အသက်၃၂ နှစ်သည် ပဲ့ထောင်ပေါ် မှချောင်းအတွင်းပြုတ်ကျပျောက်ဆုံးနေခဲ့ပြီး 29 – 3 – 2019 ရက် နေ့နံက် ၉ နာရီဝန်းကျင်ခန့့်တွင် အခင်းဖြစ် အရပ်မှ ချောင်းအောက်ဘက် တစ်မိုင်ခန့်အကါွ မအူတန်းအနီး ချောင်းအတွင်း မှောက်လျက်အနေအထားဖြင့်ပေါ်လျက် ဘယ်နားထင်တဝိုက် ဒဏ်ရာဖြင့် ပြန်လည်တွေ့ရှိဆယ်ယူခဲ့ သည်ဆို၏။

အခင်းဖြစ်အရပ်သို့ မရမ်းချိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း သရက်ကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်ကြည် ဘုရားကုန်းရဲစခန်းမှ အမှုစစ် အရာရှိ နယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ်ထွန်းထွန်းလင်းနှင့် ရဲတပ်ဖွဲ့ဝင်များ းမှသွါးရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အလောင်းကို သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ရဲဆေးစာနှင့် အတူအချိန်နှင့်တပြေးညီ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thein Oo SH Media
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top