
Credit:burmese.asia
#Unicode Version# ဖြင့်ဖတ်ပါ ။
အဆိုတော် ဂျက်မြသောင်း က သူူ့ရဲ့ ကိုယ်ပိုင်သီချင်းတွေ ကို သူ့ဆီက ခွင့်ပြုချက်မယူဘဲ ဂီတအစည်းအရုံးက အကြိမ်ပေါင်း ၅၆၄၃ ကြိမ်ရောင်းစားထားတယ်လို့ မီဒီယာတွေကို အသိပေးခဲ့ပါတယ် ။ ဒါတောင် ကိုယ်တိုင်ထုတ်တာ ကိုယ်တိုင်တီးတာ မပါသေးဘဲ ရေးဆိုတာပဲ အကြိမ်ပေါင်း ၅၆၄၃ ကြိမ် အတိကျ ဖြစ်တယ်လို့ တရားဝင်စာရွက်စာတမ်းတွေကို စစ်ကြည့်ချက်အရသိရတယ်လို့ ပြောပါတယ် ။ ရောင်းစားပုံမှာလည်း ဖုန်း Ringtune တင် ၆၇ ကျပ် ၅ပြား ၊ FM တွေမှာ စုံတွဲသီချင်းဆို ၇၅ကျပ် ၊ တစ်ယောက်ထဲဆို ၁၅၀ ကျပ်နဲ့ရောင်းစားတာဖြစ်တယ်လို့ ဂျက်မြသောင်းက အတိကျပြောပြလာခဲ့ပါပြီ ။ သူ့အနေနဲ့ သီချင်းတစ်ပုဒ်ကို လွယ်လွယ်နဲ့မရသလို ဒီလိုအောင်မြင်ဖို့ အနှစ်နှစ်အလလ အမျိုးမျိုး ပေးဆပ်ပြီး ဖန်တီးခဲ့ရတာဖြစ်လို့ သူ့ရဲ့အနုပညာ ဉာဏ ပစ္စည်ကို သူတို့က အလွဲသုံးစားလုပ်တာ မရိုးမဖြောင့်လုပ်တာလို့ ယူဆပြီး မကျေမနပ်ဖြစ်နေခဲ့တာပါ ။
ဂီတအစည်းအရုံးအနေနဲ့ ပိုင်ရှင် ရှိပြီးသား ပစ္စည်းကို ယူပြီးရောင်းလိုက်တာ ၊ ရောင်းတာတောင် ငွေရေးကြေးရေးနဲ့ ရောင်းလိုက်တာ အဲ့ဒီလိုရောင်းလိုက်ပြီး ဝန်ဆောင် ခ ၂၀ % ယူတယ်ဆိုတာလည်း ပွဲခယူတာနဲ့အတူတူ ပဲ လို့ ဂျက်မြသောင်းက သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါတယ် ။ ဂီတအစည်းရုံးဆိုတာကို သူတို့စိတ်ထဲမှာ အာဏာပိုင်အဖွဲ့အစည်းလို့ သူတို့ထင်နေတာ အာဏာပိုင်မဟုတ်ဘူး NGO ရပ်ကွက်သာရေး နာရေးအဆင့်ပဲရှိတာ လို့ လည်းပြောပြခဲ့ပါတယ် ။ ဂီတအစည်းအရုံးဆိုတာကလည်း ဂီတလောကသားတွေရဲ့ အကျိုးကိုပြုရမှာဖြစ်ပြီး အခုက ဂီတလောကသားတွေရဲ့ အကျိုးကိုမပြုတဲ့အပြင် နှိပ်ကွပ်တာ ဖြစ်နေပြီလို့လည်းဆိုပါတယ် ။ သူ့အနေနဲ့ကလည်း ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်ဆို ၊ ကိုယ်တိုင်တီး ၊ ကိုယ်တိုင်ထုတ် ၊ ဖြစ်တဲ့အတွက် ပိုနစ်နာတယ်လို့ ပြောခဲ့ပါသေးတယ် ။ ဒါကြောင့် ဂီတအစည်းအရုံးကိုတရားစွဲဆိုခဲ့တာဖြစ်တယ်လို့ အဆိုတော်ဂျက်မြသောင်းက ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia