ကိုယ္အေလးခ်ိန္ခ်ေတာ့မယ္ဆုိရင္ မ်က္လံုးထဲ ဘာျမင္ေယာင္မိၾကပါသလဲ။ ေလ့က်င့္ခန္းေတြ အျပင္းအထန္လုပ္ေနရၿပီးေတာ့ သစ္သီးဝလံ ဟင္းသီးဟင္းရြက္မ်ားမ်ားစားေနရတဲ့ လူတစ္ေယာက္ကို ျမင္ေယာင္မိၾကမွာေပါ့ေနာ္။

မိမိလိုခ်င္တဲ့ ခႏၶာကိုယ္ေလးပိုင္ဆိုင္ႏိုင္ဖို႔ဆိုတာလည္း ေတာ္ေတာ္ခက္ခဲလွပါတယ္။ စိတ္႐ွည္ဖို႔ကေတာ့ အဓိကေပါ့ေနာ္။ ဒါေပမဲ့ ေလ့က်င့္ခန္းလုပ္စရာမလိုုဘဲ၊ အစားေ႐ွာင္စရာလည္း မလိုဘဲနဲ႔ ဝိတ္က်ေစတဲ့ နည္းလမ္းေတြ႐ွိတယ္ဆိုတာကိုေရာ စာဖတ္သူတို႔ ယံုၾကရဲ႕လား။

ဘယ္လိုနည္းလမ္းေလးေတြျဖစ္မလဲဆိုတာ အတူတူဖတ္ၾကည့္လိုက္ရေအာင္ေနာ္။

အနီေရာင္ ပန္းကန္နဲ႔စားပါ

သုေတသနပညာ႐ွင္ေတြက ေလ့လာစမ္းသပ္ခ်က္တစ္ခုျပဳလုုပ္ခဲ့ၾကပါတယ္။ အနီေရာင္၊ အျဖဴေရာင္၊ အျပာေရာင္ ပန္းကန္ ၃ ခုထဲ ကြတ္ကီးေတြ ထည့္ထားၿပီး အျခားသူေတြကုိ စားခိုင္းခဲ့ပါတယ္။ အနီေရာင္ပန္းကန္နဲ႔ စားရတဲ့သူက အျခားသူထက္ ကြတ္ကီးနည္းနည္းေလးပဲ စားခဲ့ပါတယ္။ အနီေရာင္က တားျမစ္ခ်က္၊ ရပ္လိုက္ေတာ့၊ အႏၱရာယ္မ်ားတယ္ဆိုတဲ့ သေကၤတအေရာင္တစ္ခုုပါ။ ဒါ့ေၾကာင့္ ဝိတ္က်ခ်င္တယ္ဆို ပန္းကန္အနီေရာင္နဲ႔ အစား စားပါ။

အခ်ိဳရည္ေတြ ေသာက္တဲ့အခါမွာလည္း အဝက်ဥ္းၿပီး ႐ွည္တဲ့ ဖန္ခြက္နဲ႔ ေသာက္ပါ

က်န္းမာေရးနဲ႔ မညီညႊတ္တဲ့ အစားအစာေတြကို မ်က္စိေ႐ွ႕ မွာ မျမင္ေအာင္ ထားပါ

မ်က္စိေ႐ွ႕ မွာ ျမင္ေနမယ္ဆိုရင္ ဆာေလာင္မႈကို ျဖစ္ေပၚေစၿပီး သင့္ကို စားခ်င္စိတ္ေပၚေအာင္ လႈ႔ံေဆာ္ေနတာေၾကာင့္ပါ။

ပ႐ိုတိန္းမ်ားမ်ားစားပါ

ပ႐ိုတိန္းဓာတ္ၾကြယ္ဝတဲ့ အစားအစာေတြျဖစ္တဲ့ ၾကက္သားနဲ႔ အနီေရာင္႐ွိတဲ့အသားမ်ား၊ ငါးအမ်ိဳးမ်ိဳး၊ ဥအမ်ိဳးမ်ိဳး၊ ႐ိုုး႐ိုးဒိန္ခဲ၊ မလိုင္ထုတ္ၿပီး ဒိန္ခဲေပ်ာ့နဲ႔ ပဲေတာင့္႐ွည္မ်ား စားသံုးေပးပါ။ ပ႐ိုတိန္းဓာတ္ၾကြယ္ဝတဲ့အစားအစာမ်ားက သင့္ကို ဗိုက္အျမန္ျပည့္ေစၿပီး ၁၂ ပတ္ၾကာရင္ ၁၀ ေပါင္ က်သြားပါလိမ့္မယ္။

ဗိုက္ဆာတဲ့အခ်ိန္မွာ သေရစာမုုန္႔ေတြမစားဘဲ သၾကားမပါတဲ့ ပူ႐ွိန္းပီေကဝါးပါ

အေအးထဲကို ေရခဲတံုးထည့္ေသာက္ပါ

ေအးတဲ့အစားအစာမ်ားက ကယ္လိုရီမ်ားမ်ားေလာင္ကြ်မ္းေအာင္ ကူညီေပးပါတယ္။

တစ္ညကို ၇ နာရီ ၈ နာရီခန္႔ အိပ္ပါ

အိပ္ခ်ိန္လံုလံုေလာက္ေလာက္မ႐ွိတဲ့သူက ကယ္လိုရီမ်ားတဲ့အစားအစာေတြကို ပိုစားမိၿပီး ဝိတ္အမ်ားႀကီး တက္ပါလိမ့္မယ္။

ဆိုဒ္ေသးတဲ့ အက်ႌအဝတ္အစားဝယ္ဝတ္ပါ

ဆိုဒ္ေသးတဲ့ အက်ႌေတြ ဂ်င္းေဘာင္းဘီေတြ ဝယ္ၿပီး မိမိျမင္သာတဲ့ေနရာမွာ ခ်ိတ္ထားျခင္းက မိမိရဲ႕ ရည္ရြယ္ခ်က္ ၿပီးေျမာက္ေအာင္ သတိေပးနည္းတစ္မ်ိဳးပါပဲ။

အေဖာ္တစ္ေယာက္ေယာက္နဲ႔ ဝိတ္ခ်ပါ

မိမိိလိုပဲ ဝိတ္ခ်ဖို႔ ႀကိဳးစားေနတဲ့ သူတစ္ေယာက္ေယာက္နဲ႔ အတူတူဝိတ္ခ်ျခင္းက မိမိပန္းတိုင္ဆီ ၂၀ ရာခိုင္ႏႈန္းခန္႔ ပိုၿပီး လ်င္လ်င္ျမန္ျမန္ေရာက္ေအာင္ ကူညီေပးတယ္လို႔ ေလ့လာခ်က္တစ္ခုက ေဖာ္ျပေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Brightside.me
# Unicode Version # ျဖင့္ ဖတ္ပါ #


ကိုယ်အလေးချိန်ချတော့မယ်ဆိုရင် မျက်လုံးထဲ ဘာမြင်ယောင်မိကြပါသလဲ။ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေရပြီးတော့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်များများစားနေရတဲ့ လူတစ်ယောက်ကို မြင်ယောင်မိကြမှာပေါ့နော်။

မိမိလိုချင်တဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်နိုင်ဖို့ဆိုတာလည်း တော်တော်ခက်ခဲလှပါတယ်။ စိတ်ရှည်ဖို့ကတော့ အဓိကပေါ့နော်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ၊ အစားရှောင်စရာလည်း မလိုဘဲနဲ့ ဝိတ်ကျစေတဲ့ နည်းလမ်းတွေရှိတယ်ဆိုတာကိုရော စာဖတ်သူတို့ ယုံကြရဲ့လား။

ဘယ်လိုနည်းလမ်းလေးတွေဖြစ်မလဲဆိုတာ အတူတူဖတ်ကြည့်လိုက်ရအောင်နော်။

အနီရောင် ပန်းကန်နဲ့စားပါ

သုတေသနပညာရှင်တွေက လေ့လာစမ်းသပ်ချက်တစ်ခုပြုလုပ်ခဲ့ကြပါတယ်။ အနီရောင်၊ အဖြူရောင်၊ အပြာရောင် ပန်းကန် ၃ ခုထဲ ကွတ်ကီးတွေ ထည့်ထားပြီး အခြားသူတွေကို စားခိုင်းခဲ့ပါတယ်။ အနီရောင်ပန်းကန်နဲ့ စားရတဲ့သူက အခြားသူထက် ကွတ်ကီးနည်းနည်းလေးပဲ စားခဲ့ပါတယ်။ အနီရောင်က တားမြစ်ချက်၊ ရပ်လိုက်တော့၊ အန္တရာယ်များတယ်ဆိုတဲ့ သင်္ကေတအရောင်တစ်ခုပါ။ ဒါ့ကြောင့် ဝိတ်ကျချင်တယ်ဆို ပန်းကန်အနီရောင်နဲ့ အစား စားပါ။

အချိုရည်တွေ သောက်တဲ့အခါမှာလည်း အဝကျဉ်းပြီး ရှည်တဲ့ ဖန်ခွက်နဲ့ သောက်ပါ

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေကို မျက်စိရှေ့ မှာ မမြင်အောင် ထားပါ

မျက်စိရှေ့ မှာ မြင်နေမယ်ဆိုရင် ဆာလောင်မှုကို ဖြစ်ပေါ်စေပြီး သင့်ကို စားချင်စိတ်ပေါ်အောင် လှုံ့ဆော်နေတာကြောင့်ပါ။

ပရိုတိန်းများများစားပါ

ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်သားနဲ့ အနီရောင်ရှိတဲ့အသားများ၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ရိုးရိုးဒိန်ခဲ၊ မလိုင်ထုတ်ပြီး ဒိန်ခဲပျော့နဲ့ ပဲတောင့်ရှည်များ စားသုံးပေးပါ။ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာများက သင့်ကို ဗိုက်အမြန်ပြည့်စေပြီး ၁၂ ပတ်ကြာရင် ၁၀ ပေါင် ကျသွားပါလိမ့်မယ်။

ဗိုက်ဆာတဲ့အချိန်မှာ သရေစာမုန့်တွေမစားဘဲ သကြားမပါတဲ့ ပူရှိန်းပီကေဝါးပါ

အအေးထဲကို ရေခဲတုံးထည့်သောက်ပါ

အေးတဲ့အစားအစာများက ကယ်လိုရီများများလောင်ကျွမ်းအောင် ကူညီပေးပါတယ်။

တစ်ညကို ၇ နာရီ ၈ နာရီခန့် အိပ်ပါ

အိပ်ချိန်လုံလုံလောက်လောက်မရှိတဲ့သူက ကယ်လိုရီများတဲ့အစားအစာတွေကို ပိုစားမိပြီး ဝိတ်အများကြီး တက်ပါလိမ့်မယ်။

ဆိုဒ်သေးတဲ့ အင်္ကျီအဝတ်အစားဝယ်ဝတ်ပါ

ဆိုဒ်သေးတဲ့ အင်္ကျီတွေ ဂျင်းဘောင်းဘီတွေ ဝယ်ပြီး မိမိမြင်သာတဲ့နေရာမှာ ချိတ်ထားခြင်းက မိမိရဲ့ ရည်ရွယ်ချက် ပြီးမြောက်အောင် သတိပေးနည်းတစ်မျိုးပါပဲ။

အဖော်တစ်ယောက်ယောက်နဲ့ ဝိတ်ချပါ

မိမိလိုပဲ ဝိတ်ချဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ယောက်နဲ့ အတူတူဝိတ်ချခြင်းက မိမိပန်းတိုင်ဆီ ၂၀ ရာခိုင်နှုန်းခန့် ပိုပြီး လျင်လျင်မြန်မြန်ရောက်အောင် ကူညီပေးတယ်လို့ လေ့လာချက်တစ်ခုက ဖော်ပြနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Brightside.me
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top