မႏုႆ ဆိုတာျမန္မာလို " လူ " လို႔ ျပန္တယ္။

ျမတ္စြာဘုရားက ဘာေၾကာင့္ " လူ " လို႔ ေခၚသလဲ?

မႏုႆ မွာ . .
မန ဆိုတာက စိတ္ ။
ဥႆ ဆိုတာက ျမင့္ျမတ္တာ ။ စိတ္ထားျမင့္ျမတ္ေသာေၾကာင့္ မႏုႆ လို႔ ေခၚရတယ္။

စိတ္ထားျမင့္ျမတ္တဲ႔ ပုဂၢိဳလ္မွာ အရည္အေသြး သံူးမ်ိဳးရွိတယ္။

၁။သူေရာ. . ရဲစြမ္းသတၱိ ။
၂။သတိမေႏၲာ . . . သတိတရားႏွင့္ ျပည့္စံုျခင္း ။
၃။ျဗဟၼစရိယဝါေသာ. . . ျမတ္ေသာအက်င့္ကို က်င့္သံုးျခင္း . . တို႔ ျဖစ္တယ္။

၁။ "မႏုႆ- လူသား" မွန္ရင္
-ရဲစြမ္းသတၱိ ရွိရမယ္။ သတ္ျဖတ္တိုက္ခိုက္ , ခိုးဆိုး , ဆဲဆိုတာမ်ိဳးကို ေျပာတာ မဟုတ္ဘူးေနာ္။

ဒါနျပဳတဲ႔ ေနရာ , သီလ ေဆာက္တည္တဲ႔ ေနရာ, ဘာဝနာတရား အားထုတ္တဲ႔ ေနရာေတြမွာ . . . ေနာက္မတြန္႔ဘဲ ရဲစြမ္းသတၱိ ရွိရမယ္။

၂။ "မႏုႆ - လူသား" မွန္ရင္
-သတိတရား ရွိရတယ္။ ကိုယ့္စိတ္ကို အျမဲ သတိထား ၾကည့္ရမယ္။ ကိုယ္ ဘာႀကံ ေတြးေတာ ေနတယ္ ဆိုတာ သတိထားရတယ္။

စိတ္ထား ျမင့္ျမတ္တဲ႔ ပုဂၢိဳလ္ေတြဟာ သမၼဇဥ္ဉာဏ္နဲ႔ အျမဲသတိထားျပီးေတာ့ မေကာင္းတာ မႀကံဘူး။ ေကာင္းတဲ႔တရားကိုသာ က်င့္ေဆာင္တယ္။

၃။ "မႏုႆ- လူသား" မွန္ရင္
-ျမတ္ေသာ အက်င့္ကိုသာ က်င့္သံုးရတယ္။
နိဗၺာန္ေရာက္ေၾကာင္းတရား , သတိပ႒ာန္တရား , မဂၢင္ ရွစ္ပါး တရား စတဲ႔ ေဗာဓိပကၡိယတရား- ၃၇ ပါးကို က်င့္သံုး ေနရတယ္။

ကမၻာ့လူဦးေရ ဘယ္ေလာက္တိုးတိုး ဒီအရည္အခ်င္း ( ၃ ) မ်ိဳး ရွိမွ မႏုႆစာရင္း ဝင္တယ္။

လူျဖစ္ဖို႔ လြယ္ပါတယ္ ဆိုတဲ႔ ပုဂၢိဳလ္ေတြ ဒါနဲ႔ မွတ္ေက်ာက္တင္ၾကည့္ပါ။ မႏုႆ လို႔ ေခၚႏိုင္တဲ႔လူ နည္းနည္းပဲ ရွိပါတယ္။ မႏုႆ မဟုတ္တဲ႔ လူေတြဟာ အေတာ္မ်ားပါတယ္။

အမႏုႆ ေတြဟာ လူနဲ႔ ပံုသ႑ာန္တူေပမယ့္ လူအစစ္ မဟုတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼႏွစ္သက္သူ
# Unicode Version # ျဖင့္ ဖတ္ပါ #


မနုဿ ဆိုတာ
မြန်မာလို " လူ " လို့ ပြန်တယ်။

မြတ်စွာဘုရားက ဘာကြောင့် " လူ " လို့ ခေါ်သလဲ?

မနုဿ မှာ . .
မန ဆိုတာက စိတ် ။
ဥဿ ဆိုတာက မြင့်မြတ်တာ ။ စိတ်ထားမြင့်မြတ်သောကြောင့် မနုဿ လို့ ခေါ်ရတယ်။

စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်မှာ အရည်အသွေး သူံးမျိုးရှိတယ်။

၁။သူရော. . ရဲစွမ်းသတ္တိ ။
၂။သတိမန္တော . . . သတိတရားနှင့် ပြည့်စုံခြင်း ။
၃။ဗြဟ္မစရိယဝါသော. . . မြတ်သောအကျင့်ကို ကျင့်သုံးခြင်း . . တို့ ဖြစ်တယ်။

၁။ "မနုဿ- လူသား" မှန်ရင်
-ရဲစွမ်းသတ္တိ ရှိရမယ်။ သတ်ဖြတ်တိုက်ခိုက် , ခိုးဆိုး , ဆဲဆိုတာမျိုးကို ပြောတာ မဟုတ်ဘူးနော်။

ဒါနပြုတဲ့ နေရာ , သီလ ဆောက်တည်တဲ့ နေရာ, ဘာဝနာတရား အားထုတ်တဲ့ နေရာတွေမှာ . . . နောက်မတွန့်ဘဲ ရဲစွမ်းသတ္တိ ရှိရမယ်။

၂။ "မနုဿ - လူသား" မှန်ရင်
-သတိတရား ရှိရတယ်။ ကိုယ့်စိတ်ကို အမြဲ သတိထား ကြည့်ရမယ်။ ကိုယ် ဘာကြံ တွေးတော နေတယ် ဆိုတာ သတိထားရတယ်။

စိတ်ထား မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သမ္မဇဉ်ဉာဏ်နဲ့ အမြဲသတိထားပြီးတော့ မကောင်းတာ မကြံဘူး။ ကောင်းတဲ့တရားကိုသာ ကျင့်ဆောင်တယ်။

၃။ "မနုဿ- လူသား" မှန်ရင်
-မြတ်သော အကျင့်ကိုသာ ကျင့်သုံးရတယ်။
နိဗ္ဗာန်ရောက်ကြောင်းတရား , သတိပဋ္ဌာန်တရား , မဂ္ဂင် ရှစ်ပါး တရား စတဲ့ ဗောဓိပက္ခိယတရား- ၃၇ ပါးကို ကျင့်သုံး နေရတယ်။

ကမ္ဘာ့လူဦးရေ ဘယ်လောက်တိုးတိုး ဒီအရည်အချင်း ( ၃ ) မျိုး ရှိမှ မနုဿစာရင်း ဝင်တယ်။

လူဖြစ်ဖို့ လွယ်ပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဒါနဲ့ မှတ်ကျောက်တင်ကြည့်ပါ။ မနုဿ လို့ ခေါ်နိုင်တဲ့လူ နည်းနည်းပဲ ရှိပါတယ်။ မနုဿ မဟုတ်တဲ့ လူတွေဟာ အတော်များပါတယ်။

အမနုဿ တွေဟာ လူနဲ့ ပုံသဏ္ဍာန်တူပေမယ့် လူအစစ် မဟုတ်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မနှစ်သက်သူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top