ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႔၊ မင္းစုရပ္ကြက္အတြင္းရွိ အမႈိက္ပုံတစ္ခုတြင္ ကေလးငယ္(က်ား)အေလာင္းအားေတြ႔ရွိ႔ခဲ႔သျဖင့္ အမႈဖြင့္အေရးယူမႈတစ္မႈျဖစ္ပြားခဲ႔သည္။

ျဖစ္စဥ္မွာ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၇ ရက္ေန႔ လြိဳင္ေကာ္ၿမိဳ႔၊ မင္းစုရပ္ကြက္၊ နယ္ေျမအမွတ္(၉)၊ သီဟလမ္းႏွင့္ စည္သူလမ္းနံေဘးရွိ အမႈိက္ပုံတစ္ခုတြင္ (၈)လအရြယ္ ကေလးငယ္(က်ား)အေလာင္းေတြ႕ရွိခဲ႔သျဖင့္ ရပ္ကြက္ေနျပည္သူမ်ားမွ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းသုိ႔ သတင္းေပးအေၾကာင္းၾကားခဲ႔သည္။

ထုိျဖစ္စဥ္ႏွင့္ပတ္သတ္၍ ရဲတပ္ဖြဲ႔မွစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ႔ရာ လြိဳင္ေကာ္ၿမိဳ႔၊ မင္းစုရပ္ကြက္၊ နယ္ေျမအမွတ္(၉)၊ စည္သူလမ္း၊ အိမ္အမွတ္(မင္း/၄၆၅)ေန၊ (ဖခင္) ဦးေလာသဲ၏ သမီးျဖစ္သူ စိတ္ေဝဒနာခံစားေနရေသာ မရုိ႕ေမရီ(ခ) မခင္းသန္းဝင္း (၃၀)ႏွစ္၊ ကေယာ/ခရစ္ယာန္၊ မွတ္ပုံတင္အမွတ္ ၂/လကန(ႏုိင္)…………ကုိင္ေဆာင္ထားသူသည္

၎၏သားျဖစ္သူ (၈)လအရြယ္ကေလးငယ္အား လြန္ခဲ႔ေသာ သုံးရက္အၾကာက စြန္႔ပစ္ခဲ႔မႈျဖစ္ပြားခဲ႔ေၾကာင္း ဝန္ခံထြက္ဆုိခဲ႔သည္။

ထုိကေလးငယ္အေလာင္းအား လူမႈကူညီေရးအသင္းႏွင့္ ရဲတပ္ဖြဲ႔ထုိ႔မွ လြိဳင္ေကာ္ျပည္သူ႔ေဆးရုံႀကီးသုိ႔ပုိ႔ေဆာင္ခဲ႔ၿပီး ကေလးငယ္အေလာင္းစြန္႔ပစ္ခဲ႔သူ ရုိ႕ေမရီ(ခ)ခင္သန္းဝင္း (၃၀)ႏွစ္၊ ကေယာ/ခရစ္ယာန္၊ မွတ္ပုံတင္အမွတ္ ၂/လကန(ႏုိင္)…………၊ မင္းစုရပ္ကြက္၊ နယ္ေျမအမွတ္(၉)၊ စည္သူလမ္းေနသူအား

လြိဳင္ေကာ္ၿမိဳ႕မရဲစခန္း(ပ) ၈၈/၂၀၁၉၊ ရာဇတ္ႀကီးဥပေဒပုဒ္မ ၃၁၈ ျဖင့္ ဖမ္းဆီအေရးယူေဆာင္ရြက္လွ်က္ရွိေၾကာင္းသိရွိရသည္။နိဳင္ငံေတာ္မွတ္ႀကီး(လြိဳင္ေကာ္)
09 78 199 2879

ဖိုးသူေတာ္ (www.phothutaw.com)
Credit: bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်အတွင်းရှိ အမှိုက်ပုံတစ်ခုတွင် ကလေးငယ်(ကျား)အလောင်းအားတွေ့ရှိ့ခဲ့သဖြင့် အမှုဖွင့်အရေးယူမှုတစ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် ဧပြီလ ၇ ရက်နေ့ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ နယ်မြေအမှတ်(၉)၊ သီဟလမ်းနှင့် စည်သူလမ်းနံဘေးရှိ အမှိုက်ပုံတစ်ခုတွင် (၈)လအရွယ် ကလေးငယ်(ကျား)အလောင်းတွေ့ရှိခဲ့သဖြင့် ရပ်ကွက်နေပြည်သူများမှ လွိုင်ကော်မြို့မရဲစခန်းသို့ သတင်းပေးအကြောင်းကြားခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ နယ်မြေအမှတ်(၉)၊ စည်သူလမ်း၊ အိမ်အမှတ်(မင်း/၄၆၅)နေ၊ (ဖခင်) ဦးလောသဲ၏ သမီးဖြစ်သူ စိတ်ဝေဒနာခံစားနေရသော မရို့မေရီ(ခ) မခင်းသန်းဝင်း (၃၀)နှစ်၊ ကယော/ခရစ်ယာန်၊ မှတ်ပုံတင်အမှတ် ၂/လကန(နိုင်)…………ကိုင်ဆောင်ထားသူသည်

၎င်း၏သားဖြစ်သူ (၈)လအရွယ်ကလေးငယ်အား လွန်ခဲ့သော သုံးရက်အကြာက စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ထိုကလေးငယ်အလောင်းအား လူမှုကူညီရေးအသင်းနှင့် ရဲတပ်ဖွဲ့ထို့မှ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး ကလေးငယ်အလောင်းစွန့်ပစ်ခဲ့သူ ရို့မေရီ(ခ)ခင်သန်းဝင်း (၃၀)နှစ်၊ ကယော/ခရစ်ယာန်၊ မှတ်ပုံတင်အမှတ် ၂/လကန(နိုင်)…………၊ မင်းစုရပ်ကွက်၊ နယ်မြေအမှတ်(၉)၊ စည်သူလမ်းနေသူအား

လွိုင်ကော်မြို့မရဲစခန်း(ပ) ၈၈/၂၀၁၉၊ ရာဇတ်ကြီးဥပဒေပုဒ်မ ၃၁၈ ဖြင့် ဖမ်းဆီအရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။နိုင်ငံတော်မှတ်ကြီး(လွိုင်ကော်)
09 78 199 2879

ဖိုးသူတော် (www.phothutaw.com)
Credit: bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top