20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

အပူလွ်ပ္ေရာဂါ (Heat Stroke) ေၾကာင့္ ပဲခူးျပည္သူ႔ေဆး႐ုံမွာ အေရးေပၚလူနာ ၂ ဦး ေရာက္ရွိလာၿပီး ၁ ဦး ေသဆုံး သြားတယ္လုိ႔ သိရပါတယ္။

ျမန္မာနိုင္ငံတ၀န္းလုံးမွာ အပူခ်ိန္ျမင့္မားမႈေၾကာင့္ က်န္းမာေရးဌာနေတြကေန က်န္းမာေရး သတိေပးမႈေတြလည္း ျပဳလုပ္ေနၿပီး ပဲခူးၿမိဳ႕မွာ ဧၿပီလအတြင္း အပူခ်ိန္ ၄၀ ဒီဂရီ စင္တီဂရိတ္ခန္႔အထိ ျမင့္တက္လာေနတာပါ။

Heat Stroke လို႔ေခၚတဲ့ အပူလွ်ပ္ေရာဂါေၾကာင့္ ဧၿပီ ၂၀ ရက္ေန႔က ပဲခူးေဆး႐ုံကို လူနာ ၂ ဦး ေရာက္ရွိလာၿပီး ၁ ဦးေသဆံုးသြားတာပါ။

Heat Stroke ျဖစ္လာရင္ သတိလစ္တာ၊ တက္တာတုိ႔ ျဖစ္ႏုိင္ၿပီး ေဆး႐ုံေဆးခန္းတုိ႔ကုိ ေခၚလာေပးဖုိ႔ လုိအပ္တယ္လုိ႔ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ရန္နိုင္ေမာင္က ေျပာပါတယ္။

“ဒီေရာဂါ လကၡဏာ နဲ႔ သူေတြက အရိပ္မရတဲ့ေနရာ ေနပူေတြထဲမွာ ဒီလိုမ်ိဳးေတြ မ်ားေသာအားျဖင့္ ျဖစ္တယ္။ အရမ္းပင္ပင္ပန္းပန္း လုပ္ရတဲ့သူေတြ လမ္းလုပ္သားေတြ၊ ဒါမ်ိဳးေတြဆိုလည္း ျဖစ္တတ္တယ္။ ကေလးေတြဆိုလည္း ေနပူထဲမွာ သြားၿပီးေဆာ့တယ္၊ ဒါဆိုသူတို႔ကို အရိပ္ထဲမွာ ေခၚထားရမယ္။ ေလပန္ကာတို႔ ဘာတို႔နဲ႔ မႈတ္ထားလို႔ရတယ္။

လူနာရဲ႕ အေျခအေနက ပိုဆိုးလာရင္ အဖ်ားေတြ အရမ္းႀကီးလာတယ္ မက်ဘူးဆိုရင္ေတာ့ ေဆး႐ုံတုိ႔ ေဆးေပးခန္းတို႔ကို ေခၚလာပါ။ ေနာက္ၿပီး အဲလိုမ်ိဳးေတြ ျဖစ္လို႔ရွိရင္ လူနရဲ ့ အ၀တ္အစားေတြကို ခြ်တ္ေပးလို႔ရတယ္၊ ေရပတ္တိုက္ေပးလို႔ ရတယ္၊ ဓာတ္ဆားေရလည္း တိုက္ေပးေစျခင္တယ္၊ ဒါမွ ခႏၶာကိုယ္ရဲ႕ အပူခ်ိန္က က်သြားမွာ ျဖစ္တယ္။ လူနာ အပူခ်ိန္ ေတြ အရမ္းမ်ားလာရင္၊ ဂေယာင္ေခ်ာက္ခ်ားျဖစ္လာရင္၊ ၿပီးေတာ့ စိတ္ရႈပ္ေထြးတဲ့လကၡဏာျဖစ္လာရင္ သတိလစ္တာတို႔ တက္တာတို႔ ျဖစ္လာရင္ ေဆး႐ုံေဆးခန္းေတြကို ေခၚလာေပးပါ။”

အခုတေလာ ပဲခူးေဆး႐ုံရဲ႕ ဖ်ားနာေဆာင္မွာ ေန႔စဥ္နဲ႔အမ်ွ ဖ်ားနာသူေတြ မ်ားေနတဲ့အတြက္ ေနရာထိုင္ခင္း အခက္ခဲေတြ ျဖစ္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version# ျဖင့္ဖတ္ပါ ။

အပူလျှပ်ရောဂါ (Heat Stroke) ကြောင့် ပဲခူးပြည်သူ့ဆေးရုံမှာ အရေးပေါ်လူနာ ၂ ဦး ရောက်ရှိလာပြီး ၁ ဦး သေဆုံး သွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်းလုံးမှာ အပူချိန်မြင့်မားမှုကြောင့် ကျန်းမာရေးဌာနတွေကနေ ကျန်းမာရေး သတိပေးမှုတွေလည်း ပြုလုပ်နေပြီး ပဲခူးမြို့မှာ ဧပြီလအတွင်း အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ခန့်အထိ မြင့်တက်လာနေတာပါ။

Heat Stroke လို့ခေါ်တဲ့ အပူလျှပ်ရောဂါကြောင့် ဧပြီ ၂၀ ရက်နေ့က ပဲခူးဆေးရုံကို လူနာ ၂ ဦး ရောက်ရှိလာပြီး ၁ ဦးသေဆုံးသွားတာပါ။

Heat Stroke ဖြစ်လာရင် သတိလစ်တာ၊ တက်တာတို့ ဖြစ်နိုင်ပြီး ဆေးရုံဆေးခန်းတို့ကို ခေါ်လာပေးဖို့ လိုအပ်တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ပြောပါတယ်။

“ဒီရောဂါ လက္ခဏာ နဲ့ သူတွေက အရိပ်မရတဲ့နေရာ နေပူတွေထဲမှာ ဒီလိုမျိုးတွေ များသောအားဖြင့် ဖြစ်တယ်။ အရမ်းပင်ပင်ပန်းပန်း လုပ်ရတဲ့သူတွေ လမ်းလုပ်သားတွေ၊ ဒါမျိုးတွေဆိုလည်း ဖြစ်တတ်တယ်။ ကလေးတွေဆိုလည်း နေပူထဲမှာ သွားပြီးဆော့တယ်၊ ဒါဆိုသူတို့ကို အရိပ်ထဲမှာ ခေါ်ထားရမယ်။ လေပန်ကာတို့ ဘာတို့နဲ့ မှုတ်ထားလို့ရတယ်။

လူနာရဲ့ အခြေအနေက ပိုဆိုးလာရင် အဖျားတွေ အရမ်းကြီးလာတယ် မကျဘူးဆိုရင်တော့ ဆေးရုံတို့ ဆေးပေးခန်းတို့ကို ခေါ်လာပါ။ နောက်ပြီး အဲလိုမျိုးတွေ ဖြစ်လို့ရှိရင် လူနရဲ့ အဝတ်အစားတွေကို ချွတ်ပေးလို့ရတယ်၊ ရေပတ်တိုက်ပေးလို့ ရတယ်၊ ဓာတ်ဆားရေလည်း တိုက်ပေးစေခြင်တယ်၊ ဒါမှ ခန္ဓာကိုယ်ရဲ့ အပူချိန်က ကျသွားမှာ ဖြစ်တယ်။ လူနာ အပူချိန် တွေ အရမ်းများလာရင်၊ ဂယောင်ချောက်ချားဖြစ်လာရင်၊ ပြီးတော့ စိတ်ရှုပ်ထွေးတဲ့လက္ခဏာဖြစ်လာရင် သတိလစ်တာတို့ တက်တာတို့ ဖြစ်လာရင် ဆေးရုံဆေးခန်းတွေကို ခေါ်လာပေးပါ။”

အခုတလော ပဲခူးဆေးရုံရဲ့ ဖျားနာဆောင်မှာ နေ့စဉ်နဲ့အမျှ ဖျားနာသူတွေ များနေတဲ့အတွက် နေရာထိုင်ခင်း အခက်ခဲတွေ ဖြစ်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top