စည္းကမ္းခ်က္ ၂၀ မလိုက္နာသည့္ ခရီးသည္တင္ယာဥ္မ်ား အျမန္လမ္းေပၚေမာင္းခြင့္မရွိ
ရန္ကုန္-မႏၱေလး အျမန္လမ္းေပၚ ေမာင္းႏွင္မယ့္ ခရီးသည္ယာဥ္ေတြ လိုက္နာရမယ့္ စည္းကမ္းခ်က္ ၂၀ ကို အျမန္လမ္း ပူးေပါင္း စစ္ေဆးေရးအဖြဲ႔က ထုတ္ျပန္လိုက္ပါတယ္။
စည္းကမ္းခ်က္ေတြထဲမွာ ခရီးသည္တင္ အျမန္ယာဥ္ေတြ၊ မီနီဘတ္စ္ေတြ၊ ဘုရားဖူးယာဥ္ေတြအေနနဲ႔ အေရးေပၚထြက္ေပါက္ အသံုးျပဳႏိုင္ေအာင္ထားရွိဖုိ႔၊ မီးသတ္ေဆးဘူး ၂ ဘူးတပ္ဆင္ဖို႔၊ ယာဥ္ေမာင္းနဲ႔ ခရီးသည္ေတြအားလံုး ခါးပတ္တပ္ဆင္ဖို႔ စတာေတြ ပါ၀င္ပါတယ္။
ဒ့ါအျပင္ ယာဥ္ကိုယ္ထည္၊ ကားတာယာနဲ႔ ယာဥ္အစိတ္အပိုင္းေတြေကာင္းမြန္ဖို႔ အင္ဂ်င္မီးခိုးထြက္ႏႈန္း ၅၀ ရာခိုင္ႏႈန္း BOSH Unit ထက္မပိုဖို႔၊ သတ္မွတ္လူစီးထိုင္ခုံ အေရအတြက္ထက္ ပိုမတပ္ဆင္ဖို႔ ၊ ေလကာမွန္၊ ေရသုတ္တံနဲ႔ ေရာင္ျပန္ျပားေတြ တပ္ဆင္ဖို႔ ေတြလည္း ပါ၀င္ပါတယ္။
ခရီးသည္တင္ကား ယာဥ္ေမာင္းေတြအေနနဲ႔လည္း (င)ယာဥ္ေမာင္းလိုင္စင္ ရွိရာမွာျဖစ္ၿပီး၊ အရက္ေသစာ မေသာက္စားဖို႔၊ အခ်ိန္ ၈ နာရီထက္ေက်ာ္လြန္တဲ့ ခရီးစဥ္ေတြမွာ ယာဥ္ေမာင္း ၂ ဦးပါရွိဖို႔၊ ကားေခါင္မိုးေပၚမွာ လူနဲ႔ ပစၥည္းေတြ မတင္ဖို႔၊ တယ္လီမက္တစ္စနစ္တပ္ ကုန္ကားေတြ အေနနဲ႔ အမိုးအကာ စနစ္တက်အုပ္ဆိုင္း ျခည္ေႏွာင္ဖုိ႔ ေတြလည္း လုိက္နာရမွာ ျဖစ္ပါတယ္။
အဆိုပါ စည္းကမ္းခ်က္ အခ်က္ ၂၀နဲ႔ မကုိက္ညီတဲ့ ယာဥ္ေတြအေနနဲ႔ အျမန္လမ္းမွာ ဒီကေန႔ ဧၿပီ ၈ ရက္ ကစတင္ၿပီး ျဖတ္သန္း ေမာင္းႏွင္ခြင့္ေပးမွာ မဟုတ္ဘူးလို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မောင်းနှင်မယ့် ခရီးသည်ယာဉ်တွေ လိုက်နာရမယ့် စည်းကမ်းချက် ၂၀ ကို အမြန်လမ်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
စည်းကမ်းချက်တွေထဲမှာ ခရီးသည်တင် အမြန်ယာဉ်တွေ၊ မီနီဘတ်စ်တွေ၊ ဘုရားဖူးယာဉ်တွေအနေနဲ့ အရေးပေါ်ထွက်ပေါက် အသုံးပြုနိုင်အောင်ထားရှိဖို့၊ မီးသတ်ဆေးဘူး ၂ ဘူးတပ်ဆင်ဖို့၊ ယာဉ်မောင်းနဲ့ ခရီးသည်တွေအားလုံး ခါးပတ်တပ်ဆင်ဖို့ စတာတွေ ပါဝင်ပါတယ်။
ဒ့ါအပြင် ယာဉ်ကိုယ်ထည်၊ ကားတာယာနဲ့ ယာဉ်အစိတ်အပိုင်းတွေကောင်းမွန်ဖို့ အင်ဂျင်မီးခိုးထွက်နှုန်း ၅၀ ရာခိုင်နှုန်း BOSH Unit ထက်မပိုဖို့၊ သတ်မှတ်လူစီးထိုင်ခုံ အရေအတွက်ထက် ပိုမတပ်ဆင်ဖို့ ၊ လေကာမှန်၊ ရေသုတ်တံနဲ့ ရောင်ပြန်ပြားတွေ တပ်ဆင်ဖို့ တွေလည်း ပါဝင်ပါတယ်။
ခရီးသည်တင်ကား ယာဉ်မောင်းတွေအနေနဲ့လည်း (င)ယာဉ်မောင်းလိုင်စင် ရှိရာမှာဖြစ်ပြီး၊ အရက်သေစာ မသောက်စားဖို့၊ အချိန် ၈ နာရီထက်ကျော်လွန်တဲ့ ခရီးစဉ်တွေမှာ ယာဉ်မောင်း ၂ ဦးပါရှိဖို့၊ ကားခေါင်မိုးပေါ်မှာ လူနဲ့ ပစ္စည်းတွေ မတင်ဖို့၊ တယ်လီမက်တစ်စနစ်တပ် ကုန်ကားတွေ အနေနဲ့ အမိုးအကာ စနစ်တကျအုပ်ဆိုင်း ခြည်နှောင်ဖို့ တွေလည်း လိုက်နာရမှာ ဖြစ်ပါတယ်။
အဆိုပါ စည်းကမ်းချက် အချက် ၂၀နဲ့ မကိုက်ညီတဲ့ ယာဉ်တွေအနေနဲ့ အမြန်လမ်းမှာ ဒီကနေ့ ဧပြီ ၈ ရက် ကစတင်ပြီး ဖြတ်သန်း မောင်းနှင်ခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb